နောက် ၃ ရက် ၄ ရက်အတွင်း ပဲခူးမြို့ဝန်းကျင်မိုးများနိုင် (လပြည့်ဒီရေတက်ချိန်နဲ့လည်း တိုက်)

15/09/2024 16:24 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

အခုအချိန်မှာ စစ်တောင်းမြစ်ရေက အထက်ဘက် တောင်ငူမှာ စိုးရိမ်ရေမှတ်အထက် ၅ ပေခွဲကျော်ရောက်နေပြီး နောက် ၂၄ နာရီအတွင်း ၁ ပေခွဲလောက် ကျနိုင်မယ်လို့ မိုးဇလရဲ့ ၁၅ ရက်နေ့ နေ့လည် ခန့်မှန်းချက်မှာ တွေ့ရပါတယ်။ ဒီရေတွေက အောက်ဘက်ကို ဆက်ဆင်းလာမှာပါ။

ရေတွေ အောက်ဘက်ကို ရောက်လာချိန် နောက် ၃ ရက် ၄ ရက်အတွင်း ပဲခူးမြို့ဝန်းကျင်မှာ မိုးကများနိုင်ပြီး၊ ၁၇ ရက် - လပြည့်နေ့ ဒီရေတက်ချိန်နဲ့လဲ တိုက်ဆိုင်နေနိုင်ပါမယ်။ အဲ့ဒီရက်အတွင်း မိုးရေချိန် ၂၄ နာရီအတွင်း ၃၀ မီလီမီတာနဲ့အထက် ရွာရင်တော့ ပုံပါရေကြီးနိုင်ချေရှိတဲ့ risk area တွေအတွက် အန္တရာယ်များပါတယ်။

မိုးနှောင်းကာလက အောက်တိုဘာ ၁၀ ရက်နေ့အထိ ဆက်ရှိနေပြီး၊ မုတ်သုံဆုတ်ခွာရက်က ခန့်မှန်း အောက်တိုဘာ ၁၅ ဝန်းကျင်လောက်ဖြစ်နိုင်တာမို့ မုတ်သုံဆုတ်ခွာချိန်ကာလတွေအတွင်းမှာ မိုးများတတ်ပါသေးတယ် ဆိုတာလဲ မေ့မထားကြပါနဲ့။

ကျန်တဲ့ဒေသတွေ(ဧရာဝတီ၊ ချင်းတွင်း စတဲ့ဒေသတွေ)ထက် စစ်တောင်းမြစ်အောက်ပိုင်း၊ ပဲခူးအောက်ဘက်၊ သံလျှင်နဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်လိုနေရာတွေပါ မိုးများနိုင်မဲ့ အခြေအနေကို စောင့်ကြည့်သတိထားသင့်ပါတယ်။

လောလောဆယ်တော့ ဒီလောက်ပဲ အသိပေးနိုင်/သတိပေးနိုင်ပါသေးတယ်။

အထူးသတိပြုရမှာက "မိုးနှောင်းကာလက အောက်တိုဘာ ၁၀ ရက်နေ့အထိ ဆက်ရှိနေပြီး၊ မုတ်သုံဆုတ်ခွာရက်က ခန့်မှန်း အောက်တိုဘာ ၁၅ ဝန်းကျင်လောက်ဖြစ်နိုင်တာမို မုတ်သုံဆုတ်ခွာချိန်ကာလတွေအတွင်းမှာ မိုးများတတ်ပါသေးတယ် ဆိုတာလဲ မေ့မထားကြပါနဲ့"

အဲ့ကာလအတွင်းမှာ ဘာမဆိုဖြစ်နိုင်ပါသေးတယ်။ ဒီကာလအတွင်းမှာ အထူးသတိထားစောင့်ကြည့်ရမှာက တောင်တရုတ်ပင်လယ်ပါ။ အဲ့ဒီဘက်မှာ ထူးခြားမိုးဝေသအခြေအနေတွေ ဖြစ်လာနိုင်သေးတာမို့လို့ ကျနော်တို့ဘက်ကို ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်ဦးမလဲဆိုတာကို ဦးစားပေး စောင့်ကြည့်ရပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်