တောင်တရုတ်ပင်လယ်ထဲကို ရောက်နေတဲ့ INVEST-98Wရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ

17/09/2024 12:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီမှာ ရရှိတဲ့ အချက်အလက်တွေအရ ဖိလစ်ပိုင်မိုးလေဝသဌာန PAGASA က ခန့်မှန်းချက်မှာ လက်ရှိ လေဖိအားနည်းရပ်ဝန်းအဆင့်မှာ ရောက်ရှိနေပြီး တောင်တရုတ်ပင်လယ်ထဲကို ရောက်နေတဲ့ INVEST-98W က အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းမှာ အပူပိုင်းမုန်တိုင်း(Tropical Storm - TS)ဖြစ်လာနိုင်မယ်၊

ပြီးရင် အနောက်ဘက် ဗီယက်နမ်ကမ်းခြေဘက်ကို ဆက်လက်ရွေ့လျားမယ် TS အဆင့်ထက်ပိုပြီး အားကောင်းမလာနိုင်(တိုင်ဖွန်းမုန်တိုင်းအဆင့်အထိကို မရောက်လာနိုင်)ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။

ECMWF model ရဲ့ မနက် ၉ နာရီ update မှာလဲ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက် ဗီယက်နမ်ကမ်းခြေဘက်ကိုရွေ့လျားပြီး စက်တင်ဘာ ၁၇ ရက် ညနေပိုင်းမှာ အပူပိုင်းမုန်တိုင်းဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ် အနောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း ၁၉ ရက် နေ့လယ်ပိုင်းမှာ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်းအဆင့်ရောက်ကာ  ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် 

အနောက်ဘက်လာအိုနဲ့ ထိုင်းနိုင်ငံတို့ကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း၊ အရှေ့လေပွေလှိုင်းအဖြစ် ဆက်လက်ရွေ့လျားနိုင်ကြောင်း စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ် တပ်ခ် ခရိုင်၊ ချင်းမိုင်နဲ့ ချင်းရိုင်မြို့များအနီးအထိရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

ဒီအခြေအနေတွေကြောင့်

စက်တင်ဘာ ၂၀ ရက်နေ့က စတင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေမှာ မိုးများနိုင်ပြီး 

ကရင်ပြည်နယ် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတွေမှာ မိုးအသင်အတင့်ရွာနိုင်ကာ နေရာကွက်ပြီး မိုးများနိုင်ပါတယ်။

အခုဖြစ်လာတဲ့ INVEST-98W (ဖိလစ်ပိုင်အမည် GENER)က ပြီးခဲ့တဲ့ တိုင်ဖွန်း YAGI လောက် အားမပြင်းနိုင်၊ အရွယ်အစားမကြီးနိုင်တာကြောင့် သူ့ရဲ့ သက်ရောက်မှုကလဲ YAGI နဲ့ ယှဉ်ရင် အများကြီးကို လျော့နည်းပါတယ်။

မြစ်ရေတွေလဲ ဆက်လက်ကျဆင်းနေတာကြောင့် ၁၇ ရက် ဒီနေ့မှ ၂၁ ရက် အတွင်း ထူးကဲဒီရေတက်တဲ့အချိန်တွေမှာလည်း ရန်ကုန်မြို့နဲ့ အနီးပတ်ဝန်းကျင်က အနိမ့်ပိုင်းရပ်ကွက်ဒေသအချို့မှာသာ ရေတက်နိုင်၊ ရေကြီးနိုင်ချေရှိပါတယ်။

တစ်ခုတော့ မေ့ထားလို့မရပါ - ဘယ်နေရာမှမဆို ရေတက်ရေကြီးရင် ရေတက်တာက အတော်မြန်တတ်ပါတယ်။ ရေပြန်ကျရင်တော့ နှေးကွေးနေတတ်ပြီး သောက်ရေသုံးရေ၊ လျှပ်စစ်မီးကအစ အခက်အခဲတွေ ဖြစ်လာတာကြောင့် ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲပြဿနာတွေအတွက်တော့ အမြဲတမ်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်