တောင်တရုတ်ပင်လယ်ကလေဖိအားနည်းရပ်ဝန်း 19W(INVEST-98W) တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ရန် မရှိတော့

17/09/2024 15:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

တောင်တရုတ်ပင်လယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဖိလစ်ပိုင်အမည် GENER(19W)က အခု နေ့လယ် ၁ နာရီမှာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၅၅၇ မိုင်အကွာ တောင်တရုတ်ပင်လယ်ပြင်မှာ ဗဟိုပြုနေပြီး အနောက်ဘက်ကို တစ်နာရီ ၂၈ မိုင်(45 km/h)နှုန်းနဲ့ လျင်လျင်မြန်မြန်ရွေ့လျားနေကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

အခုလို အနောက်ဘက်ကို လျင်လျင်မြန်မြန် ရွေ့လျားနေတာကြောင့် စက်တင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းမှာ ဗီယက်နမ် ကမ်းခြေ ဒါနန်းမြို့အနီးကိုရောက်ရှိလာမှာဖြစ်ကြောင်း၊ မုန်တိုင်းဗဟိုချက်အနီးမှာ 64knots ရှိလာမှ တိုင်ဖွန်းဖြစ်နိုင်ပြီး အခုလေဖိအားနည်းရပ်ဝန်း 19W - ဖိလစ်ပိုင်အမည်  GENER ကတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ အမြင့်ဆုံးလေတိုက်နှုန်း 33 knots သာရှိနိုင်တာမို့ တိုင်ဖွန်းမုန်တိုင်းဖြစ်နိုင်ချေက မရှိသလောက်ဖြစ်သွားပြီး မုန်တိုင်းနာမည် SOULIK ဆိုတာလဲ ရမှာ မဟုတ်တော့ကြောင်း တွေ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်နိုင်ချေကို စောင့်ကြည့်လေ့လာပြီး အတည်ပြုဆန်းစစ်ပေးနေတဲ့ Tropical Cyclone Prediction and Verification Center မှလည်း တောင်တရုတ်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်တန်းအဆင့်သို့သာရောက်ရှိနိုင်ကြောင်း ဆန်းစစ်အတည်ပြုထားပါတယ်။ ECMWF, GF နဲ့ ICON model တွေကတော့ အနောက်ဘက်ကို လေဖိအားနည်းရပ်ဝန်း(TD-Tropical Depression)အနေနဲ့ ဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းပေးထားကြဆဲဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ ... သတင်းကောင်းတစ်ခုအနေနဲ့တော့ မုန်တိုင်းအားက YAGI လို CAT-4 တိုင်ဖွန်းမုန်တိုင်းအားဖြစ်လာမှာမဟုတ်တာကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုကလဲ အများကြီးလျော့ကျသွားပါလိမ့်မယ်။

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 19W(ဖိလစ်ပိုင်အမည် GENER)၏ အားအကောင်းဆုံးဖြစ်နိုင်မည့်အချိန် စက်တင်ဘာ ၁၉ ရက်ညနှင့် ၂၀ ရက် မနက်ပိုင်း လေတိုက်ခတ်နှုန်းအခြေအနေများကိုကြည့်တဲ့အခါ 

မတူညီတဲ့ မော်ဒယ်ခန့်မှန်းချက်များမှာ မတူညီတဲ့ လေတိုက်ခတ်မှုနှုန်းတွေ တွေ့ရပါတယ်။ ဒါပေမဲ့ တိုင်ဖွန်းမုန်တိုင်းအဆင့်သတ်မှတ်ရန် လုံလောက်တဲ့ လေတိုက်နှုန်း ၆၄ နော်တီကယ်မိုင်(64 knots)နဲ့ နီးစပ်တာ ICON Model ရဲ့ ရုတ်တရက်ဆောင့်တိုက်သောလေပြင်း(GUST WIND)မှာသာ 62 knots ရှိကြောင်းတွေ့ရပါတယ်။

ဒါကြောင့် စက်တင်ဘာ ၁၇ ရက် ဒီနေ့ - ညနေ ၃ နာရီအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များမှာတော့ လေဖိအားနည်းရပ်ဝန်း 19W သည် အပူပိုင်းမုန်တိုင်း(Tripical Storm - TS)အဆင့်အထိသာ အများဆုံးရောက်ရှိနိုင်မှာဖြစ်ကြောင့် ထပ်မံ တင်ပြပေးလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်