တောင်တရုတ်ပင်လယ်ကလေဖိအားနည်းရပ်ဝန်း 19W(INVEST-98W) တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ရန် မရှိတော့

17/09/2024 15:30 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

တောင်တရုတ်ပင်လယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဖိလစ်ပိုင်အမည် GENER(19W)က အခု နေ့လယ် ၁ နာရီမှာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် ၅၅၇ မိုင်အကွာ တောင်တရုတ်ပင်လယ်ပြင်မှာ ဗဟိုပြုနေပြီး အနောက်ဘက်ကို တစ်နာရီ ၂၈ မိုင်(45 km/h)နှုန်းနဲ့ လျင်လျင်မြန်မြန်ရွေ့လျားနေကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

အခုလို အနောက်ဘက်ကို လျင်လျင်မြန်မြန် ရွေ့လျားနေတာကြောင့် စက်တင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းမှာ ဗီယက်နမ် ကမ်းခြေ ဒါနန်းမြို့အနီးကိုရောက်ရှိလာမှာဖြစ်ကြောင်း၊ မုန်တိုင်းဗဟိုချက်အနီးမှာ 64knots ရှိလာမှ တိုင်ဖွန်းဖြစ်နိုင်ပြီး အခုလေဖိအားနည်းရပ်ဝန်း 19W - ဖိလစ်ပိုင်အမည်  GENER ကတော့ စက်တင်ဘာ ၁၉ ရက်နေ့မှာ အမြင့်ဆုံးလေတိုက်နှုန်း 33 knots သာရှိနိုင်တာမို့ တိုင်ဖွန်းမုန်တိုင်းဖြစ်နိုင်ချေက မရှိသလောက်ဖြစ်သွားပြီး မုန်တိုင်းနာမည် SOULIK ဆိုတာလဲ ရမှာ မဟုတ်တော့ကြောင်း တွေ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်နိုင်ချေကို စောင့်ကြည့်လေ့လာပြီး အတည်ပြုဆန်းစစ်ပေးနေတဲ့ Tropical Cyclone Prediction and Verification Center မှလည်း တောင်တရုတ်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်တန်းအဆင့်သို့သာရောက်ရှိနိုင်ကြောင်း ဆန်းစစ်အတည်ပြုထားပါတယ်။ ECMWF, GF နဲ့ ICON model တွေကတော့ အနောက်ဘက်ကို လေဖိအားနည်းရပ်ဝန်း(TD-Tropical Depression)အနေနဲ့ ဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းကို ကြိုတင်ခန့်မှန်းပေးထားကြဆဲဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ ... သတင်းကောင်းတစ်ခုအနေနဲ့တော့ မုန်တိုင်းအားက YAGI လို CAT-4 တိုင်ဖွန်းမုန်တိုင်းအားဖြစ်လာမှာမဟုတ်တာကြောင့် မုန်တိုင်းအရှိန်သက်ရောက်မှုကလဲ အများကြီးလျော့ကျသွားပါလိမ့်မယ်။

တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 19W(ဖိလစ်ပိုင်အမည် GENER)၏ အားအကောင်းဆုံးဖြစ်နိုင်မည့်အချိန် စက်တင်ဘာ ၁၉ ရက်ညနှင့် ၂၀ ရက် မနက်ပိုင်း လေတိုက်ခတ်နှုန်းအခြေအနေများကိုကြည့်တဲ့အခါ 

မတူညီတဲ့ မော်ဒယ်ခန့်မှန်းချက်များမှာ မတူညီတဲ့ လေတိုက်ခတ်မှုနှုန်းတွေ တွေ့ရပါတယ်။ ဒါပေမဲ့ တိုင်ဖွန်းမုန်တိုင်းအဆင့်သတ်မှတ်ရန် လုံလောက်တဲ့ လေတိုက်နှုန်း ၆၄ နော်တီကယ်မိုင်(64 knots)နဲ့ နီးစပ်တာ ICON Model ရဲ့ ရုတ်တရက်ဆောင့်တိုက်သောလေပြင်း(GUST WIND)မှာသာ 62 knots ရှိကြောင်းတွေ့ရပါတယ်။

ဒါကြောင့် စက်တင်ဘာ ၁၇ ရက် ဒီနေ့ - ညနေ ၃ နာရီအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များမှာတော့ လေဖိအားနည်းရပ်ဝန်း 19W သည် အပူပိုင်းမုန်တိုင်း(Tripical Storm - TS)အဆင့်အထိသာ အများဆုံးရောက်ရှိနိုင်မှာဖြစ်ကြောင့် ထပ်မံ တင်ပြပေးလိုက်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်