လေဖိအားနည်းရပ်ဝန်း 19W(ဖိလစ်ပိုင်အမည် GENER)ရဲ့ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုများ

18/09/2024 12:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာ ၁၈ ရက် နံနက် ၁၁ နာရီ ရရှိသည့်ဒေတာများအရ

🔸 လေဖိအားနည်းရပ်ဝန်း 19W(GENER) အားဘယ်လောက်ကောင်းလာနိုင်မလဲ?

ဒီနေ့မနက်ပိုင်း ECMWF Track update(နံနက် ၉ နာရီ)မှာ တောင်တရုတ်ပင်လယ်က လေဖိအားနည်းရပ်ဝန်းသည် ဗြိတိန်မိုးလေဝသဌာန - UKM model ရဲ့ ခန့်မှန်းချက်က လေတိုက်နှုန်း အမြင့်ဆုံး 43mph သာရှိနိုင်တာကြောင့် အပူပိုင်းဆိုင်ကလုန်း(တိုင်ဖွန်း)မုန်တိုင်းဖြစ်လာနိုင်ချေ မရှိသလောက်သေချာသွားပြီ ဖြစ်ပါတယ်။

ECMWF Model update မှာတော့ အမြင့်ဆုံးလေတိုက်နှုန်းက ပိုမိုလျော့နည်းပြီး 38mph သာရှိနိုင်ကြောင်းတွေ့ရပါတယ်။ 

🔸19W ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် လေပွေလှိုင်းက ဘယ်လို ဆက်ရွေ့လျားနိုင်မလဲ?

လေဖိအားနည်းရပ်ဝန်း 19W(ဖိလစ်ပိုင်က ပေးတဲ့ အမည် GENER)နဲ့ပဲ ဗီယက်နမ်ကမ်းခြေကို စက်တင်ဘာ ၁၉ ရက် နေ့လည်ပိုင်းက စတင်ဖြတ်ကျော်ဝင်ရောက်ပြီး၊ မနက်အစောပိုင်းက တင်ပေးခဲ့တဲ့ post ပါ လမ်းကြောင်းအတိုင်း လမ်းကြောင်းအမှတ်စဉ် 1 မှ 19 အထိ ဆက်လက်ရွေ့လျားမှာဖြစ်ကြောင်း ECMWF Model က ထွက်ရှိလာတဲ့ လမ်းကြောင်းနဲ့လည်း တူတာတွေ့ရပါတယ်။

🔸 အားကောင်းတဲ့အရှေ့လေပွေလှိုင်း ဖြတ်သန်းဝင်ရောက်နိုင်တာကြောင့် ဘာတွေဖြစ်လာနိုင်မလဲ?

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်ကို ကမမောင်းအရှေ့ဘက်၊ မြဝတီမြို့ မြောက်ဘက်မိုင်အနည်းငယ်ခန့်အကွာမှ ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် မြေမျက်နှာပြင်အနေအထားများအရ အနောက်မြောက်ဘက်ကို ဦးတည်ရွေ့လျားနိုင်ကြောင်းတွေ့ရပါတယ်။

🔸 ကနဦး ခန့်မှန်းချက်အနေနဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ စက်တင်ဘာ ၂၁ ရက်မှ စတင်ပြီး မိုးအလွန်သည်းထန်နိုင်ကြောင်း တွေ့ရပါတယ်။ ၂၀ ရက် ည ၈ နာရီမှ ၂၁ ရက် ည ၈ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် 269.6mm(၁၀ လက်မအထက်)ရွာနိုင်တာကြောင့် သံလွင်မြစ်နဲ့ ဘီးလင်းမြစ်အပါအဝင် မြစ်/ချောင်းရေများ မြင့်တက်လာနိုင်ပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း ရေကြီရေလျှံခြင်းနှင့်အတူ တောင်ကျချောင်းရေကျဆင်းခြင်း၊ မြေပြိုခြင်းစတဲ့ သဘာဝဘေးတွေ ဖြစ်လာနိုင်ကြောင်း ဦးစွာ အသိပေးလိုပါတယ်။

🔸 အဲ့ဒီနောက်မှာတော့ စက်တင်ဘာ ၂၁-၂၂ ရက် ၂ ရက်မှာ လေပွေလှိုင်းရွေ့လျားရာလမ်းတလျှောက်မှာရှိတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း အရှေ့ခြမ်း+အနောက်ခြမ်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးသည်းထန်နိုင်မယ်လို့ပဲ ကနဦး ခန့်မှန်းပေးထားချင်ပါတယ်။

ဒီပြည်နယ်တိုင်းဒေသတွေမှာတော့ မိုးသည်းထန်ပြီး ရေကြီးရေလျှံဖြစ်လာနိုင်ချေ မြင့်မားတာကြောင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားကြရန်လည်း အကြံပြုလိုပါတယ်။

🔸 ရခိုင်ပြည်နယ်အနေနဲ့တော့ လေပွေလှိုင်း ဘင်္ဂလားပင်လယ်အော်ထဲဆင်းသွားပြီး ပြန်လည်အားကောင်းလာကာ အနည်းဆုံး မုန်တိုင်းငယ်အဆင့်အထိ ပြန်ဖြစ်လာနိုင်တာကြောင့် လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသည်းထန်ခြင်းများကို လမ်းကြောင်းညာဘက်ခြမ်းက ရခိုင်ကမ်းရိုးတန်းတခုလုံး သတိထားကြရမှာဖြစ်ပါတယ်။ တောင်ဘက်က ဧရာဝတီမြစ်ဝကျွန်းပေါ် အနောက်ဘက်ကမ်းရိုးတန်းကို လေပွေလှိုင်းအရှိန်သက်ရောက်မှုနည်းနိုင်ပါမယ်။

🔸 လေဖိအားနည်းရပ်ဝန်း ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက် အရှေ့လေပွေလှိုင်းလမ်းကြောင်းပြောင်းလဲမှုအခြေအနေပေါ်မူတည်ပြီး မိုးသည်းထန်နိုင်မဲ့ ပြည်နယ်တိုင်းဒေသများရဲ့ အသေးစိတ် တည်နေရာက ပြောင်းလဲသွားနိုင်တာကြောင့် နောက်ရက်တွေမှာလဲ ကြိုတင်ခန့်မှန်းအသိပေးချက်များဆက်လက်တင်ပြပေးသွားပါဦးမယ်။

ဒီနေ့ နံနက်ပိုင်း update အထိတော့ ပြောင်းလဲမှု မရှိသလောက်ပါပဲ။

NOTE: 

၄ ရက်အတွင်းဖြစ်လာနိုင်မဲ့မိုးလေဝသအခြေအနေများ ကြိုတင်ကြည့်ရှုနိုင်ရန် MMWeather Knowledge website မှာလဲ တင်ပေးထားပါတယ်။ ကိုယ်ဒေသအလိုက် မိုးဘယ်လောက်များနိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်ကို ကြည့်ကြပါ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်