တောင်တရုတ်ပင်လယ်က INVEST-98W လေဖိအားနည်းရပ်ဝန်း TD-SIXTEEN ဖြစ်လာပြီ

18/09/2024 17:47 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

🔸 JTWC ထုတ်ပြန်ချက်အရ INVEST 98W က အခု လေဖိအားနည်းရပ်ဝန်း TD(Tropical Depression) SIXTEEN ဆိုတဲ့ နာမည်တော့ ရသွားပါပြီ။ ဗီယက်နမ်ကမ်းခြေကို ဖြတ်ဝင်ကာနီးမှာ အပူပိုင်းမုန်တိုင်း(TS-Tropical Storm)အဖြစ် အားကောင်းလာနိုင်ပေမဲ့ အများဆုံးလေတိုက်နှုန်းကတော့ 35 knots(တနာရီ မိုင် ၄၀)သာ ရှိမှာမို့  တိုင်ဖွန်းမဖြစ်နိုင်တော့ဘူးဆိုတာတော့ သေချာသွားပါပြီ။

🔸 ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါ လာအို၊ ထိုင်းနိုင်ငံတွေကို အားကောင်းတဲ့ လေပွေလှိုင်းတခုအနေနဲ့ ဖြတ်သန်းပြီး မြန်မာ-ထိုင်းနယ်စပ်ကို မူလခန့်မှန်းလမ်းကြောင်းအပေါ်ဘက် အနည်းငယ်မှ ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ တွေ့ရပါတယ်။ မူလကြိုတင်ခန့်မှန်းလမ်းကြောင်းအထက်ဘက် - 

🔸 ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်နယ်စပ်အနီးက စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ ဖြတ်ဝင်ပြီးတဲ့နောက်၊ ပဲခူးတိုင်းအရှေ့ခြမ်းညောင်လေးပင်ဘက်ကို ဆက်ရွေ့ပြီး၊ ပဲခူးရိုးမပေါ်ကျော်ဖြတ်တဲ့အခါ မြေမျက်နှာသွင်ပြင်အနေအထားတွေကြောင့် လမ်းကြောင်းပြောင်းပြီး မြောက်ဘက်ကိုချိုးကွေ့မယ်။

🔸 မကွေးတိုင်းကိုဖြတ်ပြီးတော့မှ အနောက်ဘက်ကို ချိုးကွေ့ပြီးမှ ဘင်္ဂလားပင်လယ်အော်ထဲကို ရခိုင်ပြည်နယ် မြေပုံမြို့နဲ့ စစ်တွေ မြို့ပေါ်က ဖြတ်သန်းဝင်ရောက်သွားနိုင်မယ်လို့ နောက်ဆုံးရရှိတဲ့ လမ်းကြောင်းအချက်အလက်တွေမှာ တွေ့ရပါတယ်။ 

🔸 ဘင်္ဂလားပင်လယ်အော်ထဲရောက်ပြီးတဲ့အခါ ပြန်လည်အားကောင်းလာပြီး စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ အနည်းဆုံး မုန်တိုင်းငယ်အဆင့်(DEEP DEPRESSION)အထိ ရောက်လာနိုင်မယ်၊ ပြီးရင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို စက်တင်ဘာ ၂၂ ရက် ညပိုင်းမှာ ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့တော့ ဒီနေ့ update data တွေအရ တွေ့နေရပါတယ်။

ဆိုတော့ ...

🔸 မြန်မာပြည်ကို လေပွေလှိုင်းဖြတ်သန်းစဉ် အရင် post မှာ ကြိုတင်ခန့်မှန်းပေးထားတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ လေပွေလှိုင်းအရှိန်ကြောင့် ရွာသွန်းနိုင်မဲ့ မိုးအားကလျော့သွားပြီး ပဲခူးတိုင်း အရှေ့ခြမ်း+အနောက်ခြမ်း၊ ပဲခူးရိုးမတကြောနဲ့ နေပြည်တော်၊ မကွေးတိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်ပါတယ်။

🔸 အရင်ရေကြီးထားပြီးတဲ့ နေပြည်တော်အထက် တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်စတဲ့ ဒေသတွေမှာ မြေတွေ စိုအိနေဆဲဖြစ်တာကြောင့် တောင်ပြိုမြေပြိုနိုင်မှာ၊ တောင်ကျချောင်းရေဆင်းလာနိုင်မှာတွေကို သတိထားကြဖို့တော့ လိုပါမယ်။ ရေတွေ ပြန်ကြီးလောက်အောင်တော့ မိုးမများနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။

🔸 နောက်ထပ်စိုးရိမ်ရမှာက ပဲခူးရိုးမတေလျှောက် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက မြို့တွေပါ။ ပဲခူးရိုးမပေါ် မိုးကြီးတဲ့အခါ ဆင်းလာနိုင်မဲ့တောင်ကျရေတွေနဲ့ သိုလှောင်ရေမှတ်အထိပြည့်နေပြီးတဲ့ ဆည်တွေ တမံတွေ သတိထားကြရပါမယ်။

🔸 ရခိုင်ပြည်နယ်ကတော့ လေပွေလှိုင်းအပြင် ပြန်လည်အားကောင်းလာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းငယ်အဆင့်တွေကြောင့် မိုးများရုံတင်မက တနာရီ မိုင် ၃၀ အထက်အထိ လေပြင်းတိုက်ခတ်တာပါခံရမဲ့ အခြေအနေပါဖြစ်လာနိုင်ပါမယ်။

အခု လေဖိအားနည်းရပ်ဝန်းပြီးရင် တောင်တရုတ်ပင်လယ်အရှေ့မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မှာကိုစောင့်ကြည့်ရမဲ့ INVEST-99W ဆိုတာကလဲ ထပ်ဖြစ်နေတာတွေ့ရပါတယ်။ လေဖိအားနည်းရပ်ဝန်းမဖြစ်သေး၊ အနောက်ဘက်ကို ရွေ့မှာလို့လဲ အတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး။

ဆက်လက်စောင့်ကြည့်ပြီး ထူးခြားတဲ့ ပြောင်းလဲမှုရှိရင်တော့ ညဘက် data update တွေရတာနဲ့ ဆက်လက်တင်ပြပေးသွားပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်