စက်တင်ဘာ ၅ ရက်နောက်ပိုင်း အလယ်ပိုင်းဒေသများ မိုးရမည်

02/09/2024 09:24 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

စက်တင်ဘာလ ၁ ရက် ညနေ ၄ နာရီအချိန်တွင် ရရှိသည့်ဒေတာများအရ တောင်တရုတ်ပင်လယ်ထဲရောက်လာပြီး တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်းကတော့ ဖိလစ်ပိုင် အရှေ့ဘက်ကမ်းခြေနားမှ ကပ်ပြီး စ နေပါပြီ။

ဖိလစ်ပိုင်နိုင်ငံအတွက် ပဥ္စမမြောက်ဖြစ်တဲ့အတွက် အင်္ဂလိပ်အက္ခရာ "E"နဲ့ စ တဲ့ "Enteng" လို့ အမည်ပေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာတွေကတော့ စောင့်ကြည့်ရမဲ့အခြေအနေဖြစ်လို့ "INVEST-92W" လို့ ကနဦးအမည် သတ်မှတ်ထားပါတယ်။

တောင်တရုတ်ပင်လယ်ထဲဝင်လာပြီးတဲ့အခါ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာလဲ လေဖိအားနည်းရပ်ဝန်း အသစ်တခုဖြစ်ဘို့ အစပျိုးလာမယ်လို့ တွေ့ရပါပြီ။

ENTENG ခေါ်  92W ဆက်လက်ရွေ့လျားနိုင်မဲ့ လမ်းကြောင်းအရ တောင်တရုတ်ပင်လယ်ထဲအထိရောက်လာပြီးတဲ့အခါ အနောက်တောင်မုတ်သုံလေအားကောင်းလာမှာ၊ လေဖိအားနည်းရပ်ဝန်းသစ်တခု ဖြစ်လာမှာကြောင့် မြန်မာနိုင်ငံကို အရှေ့ဘက်က မိုးတွေရော၊ အနောက်ဘက်က မိုးတွေရော ဆွဲသွင်းလာတော့မယ်လို့ ခန့်မှန်းရပါတယ်။

အချုပ်အားဖြင့် -

🔸 စက်တင်ဘာလ ၅ ရက်နောက်ပိုင်းမှာ - အလယ်ပိုင်းဒေသတွေလဲ မိုးရမယ် တနင်္သာရီတိုင်းမှာတော့ မိုးများ/မိုးအလွန်များနိုင်မဲ့အခြေအနေတွေဖြစ်လာနိုင်ပါမယ်။ ကျန်ပြည်နယ်တိုင်းတွေမှာ ဖြစ်လာနိုင်မဲ့ မိုး/လေ မိုးအခြေအနေကိုတော့ စောင့်ကြည့်ပါဦးမယ်။

🔸 ပင်လယ်ပြင်က ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေအနေနဲ့တော့ စက်တင်ဘာလ ၇ ရက်မှ ၁၀ ရက်အတွင်း လှိုင်း+လေ ထန်နေပါမယ်။ လေတိုက်နှုန်း တနာရီ မိုင် ၃၀ ခန့်နဲ့ လှိုင်းအမြင့် ၂ မီတာ(၆.၅၆ ပေ)ခန့်အထိ ရှိနိုင်ကြောင်း ကနဦးခန့်မှန်းချက်အနေနဲ့ တင်ပြလိုက်ရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်