အားကောင်းသော မုန်တိုင်းငယ်ဖြစ်လာပြီ..

23/10/2023 18:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

INVEST-92B က အခု နေ့လည် ၁၂ နာရီခွဲမှာ မုန်တိုင်းငယ် DEEP-DEPRESSION ဖြစ်ကြောင်း တက်လာတယ်။ INVEST-92B က DEEP-DEPRESSION 06B(SIX)လို့ အမည်စ ပေးပြီး အောက်တိုဘာလ ၂၃ ရက် ည သန်းခေါင်ကျော် ၁၂ နာရီခွဲမှာ ဆိုင်ကလုန်းမုန်တိုင်းစဖြစ်မယ်လို့ update လုပ်ထားတာတွေ့ရပါတယ်။

မိုက်ခရိုဝေ့ ပုံရိပ်တွေအရ မုန်တိုင်းရဲ့မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတွေမှာ အားကောင်းပေမဲ့ စုစည်းမှုကတော့ တိမ်နေ(အားနည်းနေဆဲ)ဖြစ်ကြောင်း၊ သင်္ချာပုံစံခန့်မှန်းရေးမော်ဒယ်တွေကတော့ မုန်တိုင်းဟာ မြောက်-အရှေ့မြောက်(ဘင်္ဂလားဒေ့ရှ်ဘက်) ကို ဦးတည်ရွေ့လျားမယ်လို့ပြသနေကြောင်း JTWC က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို ကိုးကားတင်ပြထားတာတွေ့ရပါတယ်။

အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲအချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ရေမိုင် ၃၉၅ မိုင်အကွာတွင် ဗဟိုပြုနေပြီး၊ ပြီးခဲ့သည့် ၆ နာရီအတွင်း မြောက်ဘက်သို့ ရေမိုင် ၇ မိုင်နှုန်း(7 knots)ဖြင့် ရွေ့လျားခဲ့သည်။ ဗဟိုဖိအား ၁၀၀၃ ဟက်တိုပါစကယ်ရှိပြီး လှိုင်းအမြင့် ၁၅ ပေ ရှိကြောင်း JTWC မှ ထုတ်ပြန်ထားသည်။ 

ကျနော်တို့ APP တွေထဲက WINDY ရဲ့ ခန့်မှန်းချက်တွေမှာတော့ ဒီနေ့ - ၂၃ ရက် မွန်းလွဲ ၂ နာရီမှာ မုန်တိုင်းငယ်ရဲ့ဗဟိုချက်အနီးလေတိုက်နှုန်းက 32knots(37mph) ဖြစ်လာပြီး ရုတ်တရက်ဆောင့်တိုက်တဲ့လေပြင်း(WIND GUST)က 47knots(54mph) ရှိလာကြောင်းတွေ့ရပါတယ်။

မုန်တိုင်းရဲ့ လမ်းကြောင်းဦးတည်ရာကတော့ စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ၁၈၆ မိုင်ခန့်၊ စစ်တကောင်းမြို့အနောက်ဘက် မိုင် ၆၀ ခန့်အကွာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဦးတည်ရွေ့လျားပြီး အောက်တိုဘာလ ၂၅ ရက် ညပိုင်းမှာအဲ့ဒီနေရာအနီးမှ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်။ ဖြတ်ကျော်ဝင်ရောက်ပြီး ချက်ချင်းဆိုသလိုပဲ အားပျော့ပျက်ပြယ်သွားနိုင်မယ်လို့ တွေ့ရပါတယ်။

မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းက စတင်ပြီး ၂၅ ရက် ညနေပိုင်းအထိ 

မုန်တိုင်းကုန်းတွင်းဦးတည်ရာလမ်းကြောင်းနဲ့ နီးကပ်တဲ့ 

  • ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်ဖြူ၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်း၊ ရဲကျွန်း၊ ဖရုံကာကျွန်းများ၊ မြေပုံ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦးအစရှိတဲ့ မြို့နယ်တွေမှာ လေပြင်း တစ်နာရီ ၂၅ မိုင်မှ မိုင် ၃၀ ခန့်အထိတိုက်ခတ်နိုင်ပြီး မိုးသည်းထန်နိုင်ပါမယ်။
  • တောင်ကုတ်၊ သံတွဲနဲ့ ငပလီအပါအဝင် တောင်ဘက်ဧရာဝတီကမ်းရိုးတန်းအထိပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းဒေသတွေမှာတော့ လေပြင်း တစ်နာရီ ၅ မိုင်မှ ၁၅ မိုင်ခန့် တိုက်ခတ်နိုင်ပြီး မိုးသည်းထန်တာရှိနိုင်ပါမယ်။
  • ကုန်တွင်းဒေသများအပေါ် မုန်တိုင်းအရှိန်သက်ရောက်မှုက အောက်တိုဘာ ၂၃/၂၄ နဲ့ ၂၅ ရက်တွေမှာပဲ ရှိနိုင်ပြီး အဲ့ဒီရက်တွေကျော်ရင်တော့ အရှေ့ဘက်ကဝင်လာနိုင်မဲ့ တိမ်တိုက်တွေကြောင့်သာ မိုးဆက်ရွာနေနိုင်ပါတယ်။ အရှေ့ဘက် တောင်တရုတ်ပင်လယ်က မိုးလေဝသအခြေအနေကို ဆက်ပြီး စောင့်ကြည့်ပေးရပါမယ်။
  • ကုန်းတွင်းဒေသတွေအနေနဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသအချို့ကလွဲရင် ကျန်ပြည်နယ်နဲ့တိုင်းအားလုံးမှာ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတောင်ပိုင်း(ထားဝယ်မှ အောက်ဘက်ကော့သောင်းအထိ)ဒေသတွေမှာ မိုးများနိုင်ပါမယ်။

Photo_ဦးဝင်းနိုင်

(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်