အောက်တိုဘာ (၁၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

18/10/2021 10:30 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕔နံနက် ၇း၀၀ အချိန် ခန့်မှန်းချက်

ကလေးမြို့၊ ဂန့်ဂေါမြို့၊ ရေမျက်နီရွာ၊ ပုံတောင်၊ ပုံညာ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဟားခါး မိုးရွာနိုင်တယ်နော်။

🕔နံနက် ၅း၀၀ အချိန် ခန့်မှန်းချက်

စပါးတွေမိုးရှိနေသေးတယ် 

၂၀၂၁ အောက်တိုဘာလ ၁၉ ရက် ၂၀ ရက်နေ့တိုတွင် ပြွန်တန်ဆာ၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပိန်းဇလုတ်၊ ဖတို၊ ကျော်တံခါး၊ ကညွှတ်ကွင်း၊ ညောင်ပင်သာ၊ ဖြူး၊ ရွှေကျင်၊ ကျောက်ကြီး၊ မဒေါက်၊  ဇေယျဝတီ၊ ကျွဲပွဲ၊ အုတ်တွင်း၊ ထန်းတပင်၊ တောင်ငူ၊ သံတောင်ကြီး၊ ရေတာရှည်၊ ကေတုမတီ၊ နန်ချွန်၊ ဆွာ၊ သာဂရ၊ မြို့လှ၊ ရေနီ၊ သာဝတ္ထိ၊ လယ်ဝေး၊ အေလာ၊ ပျဥ်မနား၊ နေပြည်တော်၊ ရေဆင်း၊ တပ်ကုန်း၊ ရမည်းသင်း စပါးအောင်ရေအတွက် ရွှေမိုး ရိတ်သိမ်းမည့်သူတွေအတွက်ဖျက်မိုးအန္တရာယ်ရှိပါတယ်။

🕔နံနက် ၃း၂၀ အချိန် ခန့်မှန်းချက်

မုတ္တမပင်လယ်ကွေ့အတွင်းဖြစ်ပေါ်နေသော Low pressure cell များ အားပျော့ပျက်ပြယ်သွားပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်တို့ရေ အဝတ်တွေထုတ်လှမ်းဖို့ အဆင်သင့်ပြင်ထားကြပါ။ နေပူလာပါတော့မယ်ရှင်။

𝙎𝙐 𝙎𝙐 𝙎𝘼𝙉

𝙎𝙀𝙉𝙄𝙊𝙍 𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏

𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &

𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်