၂၀၂၀ ဧပြီလ ၂၆ ရက်နေ့နောက်ပိုင်းမှာ မြန်မာတစ်နိုင်လုံး နေ့အပူချိန်များကျဆင်းလာမည်ဖြစ်ပြီး မုတ်သုန်ကြိုမိုးများ ရွာသွန်းနိုင်ပါတယ်။ ပူတယ်မအော်ကြနဲ့နော်။ ၂၀၁၉ အပူချိန်ထက် အများကြီးလျော့တယ်။ နွေဥသြက သံချိုတေးကိုသာပေးပါလိမ့်မယ်ဆိုတဲ့ ပြောခဲ့တဲ့စကားကို မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေသမျိုးလည်း မနှစ်ကလိုမရှိခဲ့ပါဘူး။
ဧပြီလကုန်ပိုင်း ဘင်္ဂလားပင်လယ်အော် (BOB) တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း Low pressure cell တွေ ဝင်ရောက်နေရာယူလာတာကတော့ မုန်တိုင်းသံပေးလာတာဖြစ်ပါတယ်။ အဝါမြှားတွေကတော့ ရေငွေ့သယ်ဆောင်မှုကို ဖော်ပြထားတာဖြစ်ပြီး ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်းတွေမှာ မုတ်သုန်ကြို ထစ်ချုန်းမိုးတွေရွာလာနိုင်တာကို ဖော်ပြထားတာပါ။ ဧပြီလနောက်ဆုံးပတ်မှာ အောက်မြန်မာနိုင်ငံဒေသများ နေ့အပူချိန်တွေလည်း ကျဆင်းလာမည်ဖြစ်ပြီး ထစ်ချုန်းမိုးနဲ့အတူ လျှပ်စီးမိုးကြိုးနဲ့ တစ်ချို့ဒေသတွေမှာ ရုတ်တရက်လေပြင်းကျရောက်နိုင်ပါတယ်။ မေလပထမပတ် မုန်တိုင်းဖြစ်လာနိုင်မှုအခြေအနေကိုတော့ Update တင်ပေးနေမှာဖြစ်ပါတယ်။
Source - Su Su San (ရာသီဥတုအခြေအနေမျှဝေကြမယ်)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more