အောက်တိုဘာ (၂၂) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု

22/10/2021 11:00 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕗 နံနက် ၈း၀၀ အချိန် ခန့်မှန်းချက်

နောက် ၄၈နာရီအတွင်း ရှမ်းပြည်နယ် ကယားပြည်နယ် နေပြည်တော် မန္တလေးတိုင်း ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေမှာ မိုရွာသွန်းမှာဖြစ်ပါတယ်။ အဆိုပါဒေသမှ တောင်သူလယ်သမားများ စိုက်ပျိုးရေးသမားများ ရိတ်သိမ်းအခြောက်လှမ်းခြင်းမပြုလုပ်သင့်ပါ။

🕖 နံနက် ၇း၃၀ အချိန် ခန့်မှန်းချက်

 နောက် ၂၄နာရီအတွင်း ညောင်ဦးခရိုင် ပခက္ကူခရိုင် မြင်းခြံခရိုင် ကျောက်ဆည်ခရိုင် စစ်ကိုင်းခရိုင် မုံရွာခရိုင် ရွှေဘိုခရိုင် ကန်ဘလူခရိုင် ကောလင်းခရိုင် ကသာခရိုင် ဗန်းမော်ခရိုင် မိုးမိတ် မဘိမ်း မံစီ မိုးကုတ် သပိတ်ကျင်း မတ္တရာ မေမြို့ မန္တလေးခရိုင် ကျောက်ဆည်ခရိုင် မိတ္ထီလာခရိုင် ရမည်းသင်း တပ်ကုန်း နေပြည်တော် ပင်လောင်း နောင်တရား ကလော အောင်ပန်း ရွှေညောင် ညောင်ရွှေ အင်းလေး တောင်ကြီး ဗထူး ရပ်စောက် ပင်းတယ ရွာငံ မြို့ကြီး မိုးတွေရွာပါမယ်။

🕟 နံနက် ၄း၃၀ အချိန် ခန့်မှန်းချက်

 နောက် ၄၈နာရီအတွင်း  မြင်းခြံခရိုင် ကျောက်ဆည်ခရိုင် စစ်ကိုင်းခရိုင် မန္တလေးခရိုင် ရွှေဘိုခရိုင် ကတ့်ဘလူခရိုင် ကောလင်းခရိုင် ကသာခရိုင်နှင့် တကောင်း သပိတ်ကျဥ်း မိုးကုတ် ထီးချိုင့် ဘုံချောင်း အင်းရွာ မဲဇာ အင်းတော် မန်လည် မိုးများစွာရွာသွန်းနိုင်ပါတယ်။

🕝 နံနက် ၂း၃၀ အချိန် ခန့်မှန်းချက်

 ပုသိမ် သာပေါင်း ကန်ကြီးထောင့် ကျောင်းကုန်း အိမ်မဲ မြောင်းမြ ဝါးခယ်မ မော်ကျွန်း ဘိုကလေး ပန်းတနော် ညောင်တုန်း ဓနုဖြူ ဇလွန်ဟင်္သာတ ဆားမလောက် မအူပင်  ဖျာပုံ ဒေးဒရဲ ကျိုက်လတ် ဧရာဝတီမိုးတွေပါ လျှပ်စီးမိုးကြိုး အန္တရာယ်ရှိပါတယ်။

Su Su San

𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 

                       &

𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်