၂၀၂၁ အောက်တိုဘာလ ၁ရက်နေ့မှ ၁၀ရက်နေ့အတွင် ဖီလစ်ပိုင်အရှေ့ဖက် ဖီလစ်ပိုင်ပင်လယ်ပြင်နှင့် အနောက်ပစ္စဖိတ်သမုဒ္ဒရာတွေမှာ လေဖိအားနည်း ၃ ကြိမ်ဖြစ်နိုင်ပြီး နှစ်ခုသည် တိုင်ဖွန်း (Typhoon) မုန်တိုင်းအဆင့်ရောက်ရှိနိုင်ကာ ဖီလစ်ပိုင်ကိုကျော်ဖြတ်၍ တောင်တရုတ်ပင်လယ်ပြင်ကိုလရောက်ရှိလာနိုင်သဖြင့် ရိတ်သိမ်းချိန်မိုးအန္တရာယ်ရှိနေသဖြင့် စောင့်ကြည့်ထောက်လှမ်းခြင်း သတိမချပ်လုပ်ဆောင်ရပါလိမ့်မယ်။
ရိတ်သိမ်းချိန်ကျရောက်နေတဲ့ တောင်သူလယ်သမား စိုက်ပျိုးရေးသမားများ ဆောင်းသီးနှံစိုက်ပျိုးကြမယ့် တောင်သူလယ်သမားများ၊ ဆားလုပ်ငန်း၊ အုတ်လုပ်ငန်း၊ ရာဘာခြစ်တောင်သူများ၊ ရေထိမခံနိုင်တဲ့လုပ်ငန်းလုပ်ဆောင်နေသူများ၊ အရှေ့အာရှသင်္ဘောသားများ သတိထားဆောင်ရွက်နိုင်ရန် သတိရှိကြရန် ရက်ဝေးခန့်မှန်းပေးလိုက်ပါတယ်။
30 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 2021𝒂𝒕 11:30𝒂𝒎( 𝑴𝑴𝑻)
𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍 𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်