တနင်္သာရီတိုင်းအတွက် အထူးစောင့်ကြည့်မုန်တိုင်း

02/10/2021 12:00 PM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

(၂.၁၀.၂၀၂၁) မနက် ၉ နာရီအချိန် ထုတ်ပြန်ချက်

ဖီလစ်ပိုင်နိုင်ငံအရှေ့တောင်ဖက် Palau ကျွန်းစုတွေအနီးမှာ 92W Invest လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာပါတယ်။ နောက် ၄၈နာရီအတွင်း TC အဆင့် မုန်တိုင်းအဖြစ်အားကောင်းလာနိုင်ပါတယ်။ ပစ္စဖိတ်မြောက်ပိုင်းမှာ လေဖိအားမြင့်တွေဝင်ရောက်နေတာဖြစ်လို့ ဖိလစ်ပိုင်ကိုဝင်ရောက်ပြီရင်တောင်တရုတ်ပင်လယ်အတွင်းမှာ အားကောင်းတဲ့မုန်တိုင်းအဖြစ်ကိုရောက်ရှိသွားနိုင်ပြီး တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းနဲ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကိုခြိမ်းခြောက်နိုင်ပါတယ်။ သူတို့ကိုခြိမ်းခြောက်တာကအရေးမကြီးဘူး တောင်တရုတ်ပင်လယ်ပြင်အနောက်မြောက်ပိုင်း ဟိုင်နန်ကျွန်းအနီးနဲ့ ဖြတ်ကျော်ပြီး တုံကင်ပင်လယ်ကွေ့တွေကိုရောက်ရှိလာခဲ့ရင် လေစီးဆွဲယူအားက တနင်္သါရီတိုင်းကိုတည့်တည့်ကြမှာဖြစ်လို့ တနင်္သါရီတိုင်းကြီးမိုးကြီးရေလျှံနိုင်သဖြင့် အထူးစောင်ကြည့်မုန်တိုင်းအဆင့်သတ်မှတ်လိုက်ပါတယ်။

𝗜𝗻𝘃𝗲𝘀𝘁 𝟵𝟮𝗪

 𝗔𝘀 𝗼𝗳 𝟭𝟴:𝟬𝟬 𝗨𝗧𝗖 𝗢𝗰𝘁 𝟬𝟭, 𝟮𝟬𝟮𝟭:

 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻: 𝟭𝟬.𝟬°𝗡 𝟭𝟯𝟱.𝟬°𝗘

 𝗠𝗮𝘅𝗶𝗺𝘂𝗺 𝗪𝗶𝗻𝗱𝘀: 𝟭𝟱 𝗸𝘁  𝗚𝘂𝘀𝘁𝘀: 𝗡/𝗔

 𝗠𝗶𝗻𝗶𝗺𝘂𝗺 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗣𝗿𝗲𝘀𝘀𝘂𝗿𝗲: 𝟭𝟬𝟭𝟬 𝗺𝗯

𝙎𝙐 𝙎𝙐 𝙎𝘼𝙉 

   𝙎𝙀𝙉𝙄𝙊𝙍  𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏

  𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &

    𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်