တစ်ပတ်တာအတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

07/01/2023 14:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့လေးပါ။

မေးခွန်းနဲ့ အဖြေတွေကတွေကတော့ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ အမေးအဖြေကဏ္ဍမှာ တောင်သူတွေ မေးလာခဲ့တဲ့ မေးခွန်းတွေကို တခြားတောင်သူတွေပါသတိထားနိုင်ဖို့အတွက် ဗဟုသုတရဖွယ် ကောင်းနိုး ရာရာတွေကို ရွေးထုတ်ပြီးဖော်ပြပေးနေခြင်းပဲဖြစ်ပါတယ်။

Green Way ဆိုတာ စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဆိုင်တဲ့ သတင်းတွေဆောင်းပါးတွေကို တောင်သူတွေကို အခမဲ့ဖြန့်ဖြူးပေးနေတဲ့ ဆော့ဝဲတစ်ခုပါ။ ဒီဆော့ဝဲထဲမှာဆို စိုက်ခင်းထဲက ပြဿနာတွေ ဇဝေဇဝါဖြစ်နေတဲ့ အကြောင်းအရာတွေကို တိုင်ပင်ဆွေးနွေးလို့ရနိုင်တဲ့ အခန်းကဏ္ဍလေး ရှိပါတယ်။ အဲ့ဒါကတော့ အမေးအဖြေကဏ္ဍပါ။ မေးခွန်းတွေကိုမေးမြန်းချင်ရင်တော့ အမေးအဖြေ ကဏ္ဍသို့ဝင်ကာ ပို့စ်တင်ပြီးမေးလို့ရနေပါတယ်။ ပညာရှင်တွေနဲ့ အတွေ့အကြုံရှိတောင်သူတွေ မှန်မှန်နဲ့ မြန်မြန်ဖြေပေးနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပြီး ဝင်ဆွေးနွေးပေးကြပါတယ်ရှင့် ။ 

ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကတော့.....

၁။ မေး (Ko Aung) - မင်္ဂလာပါ။ မြေဆီလွှာ၏လက်ရှိ pH အဆင့်သည် သီးနှံတစ်ရာသီစိုက်ပျိုးပြီးလျှင် ပြောင်းလဲမှုရှိပါသလား ဆရာများခင်ဗျာ။

ဖြေ (ဆုမြတ်နိုး) - အသုံးပြုတဲ့ မြေဩဇာတွေ၊ မြေဆီထည့်သွင်းနှုန်းနဲ့ အစိုဓာတ်တွေကြောင့် Soil pH က ဂဏန်းအငြိမ်မရှိနိုင်ပါရှင့်။

(ဦးခင်မောင်လတ်) - သီးနှံရာသီဆက်တိုက် Urea တွေကျွေးနေမယ်ဆို မြေတွေချဉ်လာတတ်ပါတယ်။

၂။ မေး (မင်းမင်း) - ပဲတီစိမ်း‌ခြွေလှေ့ပြီး‌ချက်ချင်းစိုက်လို့ရလား။ တစ်ချို့လူတွေကပြောတယ် ချက်ချင်းစိုက်ရင် အပင်ပေါက်မကောင်းတာတို့ အထွက်နှုန်းကျတာတို့ ဖြစ်တက်တယ်တဲ့။

ဖြေ (မြင့်မောင်မောင်) - မျိုးစေ့အနားယူချိန်ရှိပါတယ်။

(ကျော်မျိုးဌေး) - ချက်ချင်းစိုက်လို့ရပါတယ်။ အပင်ပေါက်မကောင်းတာတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း ခြွေပြီးပြီးချင်း အပင်ပေါက်ရာခိုင်နှုန်း စမ်းကြည့်တာ ၉၀% အထက်မှာရှိပါတယ်။

၃။ မေး (ကိုမိုးဒီ) - ဟင်းချိုမှုန့်နဲ့ ငံပြာရည်ရော ဖြန်းတာအပင်အတွက်အာနိသင်ရှိပါ့မလားဗျ။ ကျွန်တော်တို့ ဒေသမှာအဲ့လိုတွေဖြန်းနေကြလို့ပါ။

ဖြေ (ဒို့ဦးလေး) - တကယ်တော့ လူအာဟာရ တွေကို အပင်အတွက်မသုံးတာကောင်းပါတယ်။ အပင်အတွက် အပင်အာဟာရ လူအတွက် လူအာဟာရ သီးသန့်ရှိပြီးသားပါ။ အာနိသင် ရှိပါ့မလား..?ဆိုတော့ .ရှိပါတယ်။ အချို့မှုန့်က ပိုတက်စီယံနိုက်ထြိတ်လို အာဟာရနဲ့ ငံပြာရည်က အမိုင်နိုအက်ဆစ်ကဲ့သို့ ပရိုတိန်းလုပ်ဆောင်ရာမှာ အားပေးပါတယ်၊ သို့သော် ပမာဏ၊ အချိန်ကာလ၊ နည်းစနစ် စတဲ့ နည်းဗျူဟာကျကျ သုံးစွဲမှ အကျိုးရှိပါမယ်ဗျ။

(ဦးကြည်ဝင်း) - မလုပ်သင့်ပါ ရေးဖျန်းပေး အားဆေး၊ မှိုဆေး၊ ပိုးကာကွယ်ဆေး ဆောင်ရွက်ခြင်းဖြင့် အဆင်ပြေပါတယ်ခင်ဗျာ။

၄။ မေး (မြင့်မောင်မောင်) - အပင်ဟုန်ပီးအညွန်တွေပဲ တတ်နေလို့ဘယ်လိုပြုလုပ်သင့်ပါလဲခင်ဗျာ အစိမ်းရောင်လမ်းက ပညာရှင်များ အကြံပြုပေးစေချင်ပါတယ်ခင်ဗျာ။

ဖြေ (ဒို့ဦးလေး) - အသီးအားဆေး ဖျန်းပေးပါ။ 0:52:34 သို့မဟုတ် 0:40:40 ဖျန်းပါ။ အပင်ယိုင်လဲလောက်အောင် ဟုန်တယ်ဆိုရင်တော့.. မက်ပီကွပ်ကလိုရိုဒ် ဖျန်းပါ။

(ဦးသက်လွင်) - မတ်ပဲ အညွန့်တက်တယ်ဆိုတာ အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုများလာလျှင် လျော့ချမှု လုပ်သဖြင့် နွယ်ထွက်လာခြင်းဖြစ်ပါတယ်။ မိမိအပင်တွင် ပန်းပွင့်လျှင် အသီးရအောင်ဖမ်းနိုင်ပါက အပင်အားကျသွားပြီး ဆက်လက်သီးပွင့်ပါမည်။ ယခုအချိန်အထိ မပွင့်သေးလျှင်တော့ အပင်ကြီးထွားမှူ ရပ်ရန် Mepiquat Chloride ကို အနည်းလိုအဟာရများဖြင့် တွဲဖတ်ပက်ဖြန်းပေးပါ လို့အကြံပြုပါတယ်။ Mepiquat Chloride (မြင်းကျား ရွှေမျှား၊ ဝိစာရ၊ နီယွန်)

၅။ မေး (အောင်အောင်) - မြေငလျင်နှင့်ကောက်ပဲသီးနှံများ အထွက်နူန်း သက်ဆိုင်မူရှိပါသလား။

ဖြေ (ဒို့ဦးလေး) - ရှေးလူကြီးများကတော့... မြေငလျင်လှုပ်ရင် သီးနှံအထွက်လျော့တယ်လို့ သင်္ကေတထားကြပါတယ်။ ပထဝီ သဘောတရားအရ မြေငလျင်လှုပ်တာဟာ မြေအောက် အပူရှိန်မြင့်ပြီး ချော်ရည်ပူတွေ လှုပ်ရှားတဲ့သဘောပါ။ မြေလွှာပြတ်ရွေ့တွေဖြစ်ပြီး ဆောင်းသီးနှံတွေ အောက်အစိုဓာတ် စုပ်လွယ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်