တစ်ပတ်အတွင်း လယ်ယာထွက်ကုန် သီးနှံစျေးကွက် နှိုင်းယှဉ်သုံးသပ်ချက်
ဆန်၊ စပါး
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာတော့ ဆန်ချောသစ်ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ အဝင်တွေလည်း များလာပြီဖြစ်တဲ့အတွက် ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ ဆန်အဝင်ကတော့ ပုံမှန်ရှိနေပြီးအရောင်းအဝယ်ကတော့ အေးနေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပေါ်ဆန်းသစ်ရှယ်က တစ်အိတ်ကို ၃၀၀၀၀ ကနေ ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေး၊ မြောင်းမြပေါ်ဆန်းသစ်ရှယ်က တစ်အိတ်ကို ၃၄၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ဆန်ကြမ်းဈေးတွေကတော့ အနည်းငယ်တက်လာပါတယ်။ ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၂၀၀၀ ကနေ ၂၅၅၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ ဧည့်မထဆန်က တစ်အိတ်ကို ၂၀၀၀၀ ကနေ ၂၁၀၀၀ ကျပ်ရှိပြီး ၇၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ချောထက် ဆန်ကြမ်းကို အဝယ်လိုက်နေတယ်လို့လည်း သိရပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ဒီတစ်ပတ်က ပုံမှန်ဝယ်ယူမှုတွေ ရှိနေပါတယ်။
နတ်တလင်း ဈေးကွက်မှာတော့ တောင်ပြန်စပါးဈေးက တင်း ၁၀၀ ကို ၆၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁ သိန်းကျော်လောက် ဈေးကျဆင်းသွားပါတယ်။ တောင်ပြန်စပါးမျိုး မရှိတော့တဲ့အတွက် အရောင်းအဝယ် လည်း မရှိတော့ဘူးလို့သိရပါတယ်။
မတ်ပဲ
ပြီးခဲ့တဲ့ အပတ်က ဈေးတက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ပြန်ပြီးကျဆင်းသွားခဲ့ပါတယ်။ ပဲဝယ်ယူခွင့် ပါမစ် ချလိုက်တဲ့အချိန် ဈေးကတက်သွားနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် တောင်သူတွေက ထပ်ပြီးဈေးအတက်ကို စောင့်နေတဲ့အတွက် ထုတ်မရောင်းပဲဈေးက ကျဆင်းသွားတာလည်းဖြစ်ပါတယ်။
အိန္ဒိယကလည်း လက်ကျန် ဈေးကွက်ထဲက ပဲတွေ မဟုတ်ပဲ ပဲအသစ်တွေသာ ဝယ်ယူမှာဖြစ်တဲ့ အတွက်ကြောင့် လတ်တလော အခြေအနေက ဈေးက လက်ကျန်ပဲတွေသာ အရောင်းအဝယ် ဖြစ်နေကြတာပါ။ မတ်လ အကုန်ထိ တင်သွင်းခွင့်ရရှိမှာဖြစ်တာအတွက်ကြောင့် လာမယ့် ဖေဖော်ဝါရီလ မှာတော့ ဈေးက ပြန်ပြီး တက်နိုင်တယ်လို့ ကုန်သည် အများစုက မျှော်မှန်းထားပါတယ်။
မတ်ပဲက ဒီတစ်ပတ်မှာ တစ်တန်ကို ၁၀၆၈၀၀၀ အထိ ဈေးက ကျဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်သိန်းလောက်ထိ ကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၃၂၇၅၀ ပေါက်ဈေးရှိပြီး ၁၇၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၄၁၅၀ ပေါက်ဈေးရှိပြီး ၈၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၁၀၀၀၀၀ ကနေ ၁၀၃၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီဈေးကတော့ ဒီတစ်ပတ်မှာလည်း ထပ်ပြီးဈေးက ကျဆင်းသွားပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန် ရှိနေပေမယ့် အဝင်များတဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေတာလို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ၇၁၅၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၁၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ၊မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၆၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ၊ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၉၀၀ ပေါက်ဈေးရှိပြီး ၁၁၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၂၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ကုလားပဲ
ကုလားပဲဈေးကတော့ ပြန်ပြီး ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက အေးနေတာဖြစ်ပါတယ်။ အခြား ပဲတွေကလည်း ဈေးကွက်အတွင်း အများအပြား ဝင်ရောက်လာတဲ့အတွက် အရောင်းအဝယ်အေးပြီး ဈေးကျဆင်းသွားတာပါ။
မုံရွာဈေးကွက်မှာ ကုလားပဲ လုံးဝါ(ကြီး၊ သေး)က တစ်တင်းကို ၂၅၃၀၀ ကနေ ၂၇၃၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ၊ကုလားပဲလုံးဖြူ(ကြီး၊သေး)ကတော့ တစ်တင်းကို ၂၆၇၀၀ ကနေ ၂၇၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက ၂၇၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကုလားပဲလုံးဝါကြီးက ၂၇၆၅၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
ပခုက္ကူုကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဖြူကြီးက တစ်တင်းကို ၂၆၈၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ် ဈေးကျဆင်းသွားပြီး ကုလားပဲလုံးဝါကြီးက တစ်တင်းက ၂၆၈၀၀ ပေါက်ဈေးရှိပြီး ၁၃၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၉၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတစ်တင်းကို ၂၈၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
ပဲလွန်းဖြူ
ပဲလွန်းဖြူကလည်း ဈေးကျဆင်းသွားပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ ဆက်တိုက်ဝင်ရောက်လာ တဲ့အတွက်ကြောင့် ဈေးကကျဆင်းသွားတာဖြစ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၄၅၀ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ၇၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ နဲ့ ဈေးငြိမ်ပါတယ်။
(၂၇.၁.၂၀၂၀ မှ ၃၁.၁.၂၀၂၀ )ထိ
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ရွှေဘိုဘေးကျားလေး အသီးပြည့်ပြီး အထွက်တိုးအောင် ဘာမြေဆီကြွေးသင့်လဲခဗျာ
KYAW SHANE • ဖြေကြားချက် 0 ခု
ငပျောပင်ကြီးခုတ်လိုက်လို့ ထပ်ပေါက်လာတဲ့ ငှက်ပျောပင်လေးတွေကို ရွေ့စိုက်လို့ရလား? ထားမယ်ဆိုရင်ရော ဘယ်နှစ်ပင်သင့်လဲ? အချို့အရုံတွေမှာ အပင်ပေါက်တွေ အများကြီး တွေ့ရလို့ပါ
Nova Nova • ဖြေကြားချက် 1 ခု
အင်ဇိုင်းသဘာဝအပွင့်အသိးတင်အားဆေးရည်နဲ့လက်ချား(ဘိုရွန်)ရောဖျန်းလို့အဆင်ပြေနိင်လားဗျ...ဓာတုဆေးတွေကိုလိုအပ်မှပဲသုံးခြင်လိုပါ....
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
ချောင်းဘေးသဲမြေမှာဘာစိုက်ရင် အဆင်ပြေမလဲလူမကြည့်ရတာ
hlaing • ဖြေကြားချက် 2 ခု
ဆီးပင် စိပွားဖြစ်စိုက်ပျိုးနည်းမျှဝေပေးကြပါဗျာ
စောလှထွန်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026