တစ်ပတ်အတွင်း လယ်ယာသီးနှံဈေးကွက် သုံးသပ်ချက်

15/01/2021 18:21 PM တွင် AMIA AMIA မှ ရေးသား

(၁၁.၁.၂၀၂၁ မှ ၁၅.၁.၂၀၂၁) ထိ တစ်ပတ်အတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ

မတ်ပဲ

မတ်ပဲကတော့ ဈေးထပ်ပြီး ကျဆင်းနိုင်ခြေရှိတယ်လို့ ကုန်သည်အများစုက သုံးသပ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲလိုအပ်ချက်သိပ်မရှိတဲ့အတွက်ကြောင့် အိန္ဒိယကုန်သည်များက ပဲအဟောင်းအစား ပဲအသစ်ကို ဝယ်ယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပဲဈေးတက်နိုင်ခြေရှိသေးတယ်ဆိုပြီး အတက်ဈေးကို မျှော်နေတဲ့ တောင်သူများအနေနဲ့ သတိထားဖို့ လိုအပ်ကြောင်း ကုန်သည်များက သုံးသပ်ပါတယ်။ ပြည်တွင်းမှာလည်း ပဲ လက်ကျန်က တစ်သိန်းကျော်ကျန်ရှိနေသေးတဲ့အတွက် မတ်ပဲဈေးက တက်နိုင်ခြေမရှိတော့ဘူးလို့သိရပါတယ်။ ပဲအသစ်ပေါ်ချိန်မှာတော့ အနည်းငယ်ဈေးတက်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။

လက်ရှိရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၉၄၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် သုံးသောင်းနီးပါးဈေးကျဆင်းသွားပါတယ်။ မတ်ပဲ (SQ/RC)ကတော့ တစ်တန်ကို ၁၀၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို လေးသောင်းနီးပါးဈေးကျဆင်းသွားပါတယ်။

မန္တလေးမှာတော့ ပဲအဟောင်းတွေကဈေးကွက်အတွင်း အရောင်းအဝယ်မရှိပဲ အသစ်သာအရောင်းအဝယ် ရှိနေပါတယ်။ သုံးတင်းဝင် တစ်အိတ်ကို ၈၈၀၀၀ ကနေ ၉၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာလည်း တစ်တင်းကို ၃၀၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၇၀၀ကျပ် ဈေးကျဆင်း သွားပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၀၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီက ပြီးခဲ့တဲ့နှစ်က အထွက်နည်းတဲ့အတွက် ဈေးကောင်းရရှိခဲ့ပေမယ့် အိန္ဒိယဝယ်ယူမှုလျော့နည်းတဲ့အတွက် ဈေးကပြန်ပြီးကျဆင်းသွားခဲ့ပါတယ်။

ပုံမှန် အိန္ဒိယနိုင်ငံက လာမယ့် ဧပြီ၊ မေလမှာ တင်ပို့ဖို့အတွက် ပြင်ဆင်မှုတွေရှိပေမယ့် ယခုနှစ်မှာတော့ လက်ရှိအချိန်ထိ ဝယ်ယူမှုနဲ့ပတ်သတ်ပြီး အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ပြင်ဆင်မှုတွေ မရှိသေးဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ ပဲအသစ်တွေကလည်း ဈေးကွက်အတွင်း ထွက်ရှိနေပြီး ဈေးကတော့ ပြည်တွင်းဝယ်ယူမှုနဲ့ အတက်အကျအနည်းငယ်ရှိနေပါတယ်။ လာမယ့် ဖေဖော်ဝါရီလမှာ ပဲမျိုးစုံထွက်ရှိမှာ ဖြစ်တဲ့အတွက် ပဲစင်းငုံနီက ယခုဈေးထပ်ပိုပြီး ဈေးကျဆင်းနိုင်မယ်လို့ သုံးသပ်ထားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲစင်းငုံနီ(၂၀၂၁)က  တစ်တန်ကို ၇၆၀၀၀၀ နဲ့ အရောင်းအဝယ် ရှိနေပြီး တစ်တန်ကို ထောင်ဂဏန်းလောက်သာ အတက်အကျရှိနေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲစင်းငုံနီအသစ်က သုံးတင်းဝင် တစ်အိတ်ကို ၇၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေး တက်လာပါတယ်။

မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၃၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၃၇၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၂၃၄၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပါတယ်။ ပဲအသစ်တွေကလည်း ဈေးကွက်ထဲကို ရောက်နေပြီး ပြည်ပဝယ်ယူမှုကလည်း မရှိတဲ့အတွက်ကြောင့် ဈေးက ကျဆင်းနေတာဖြစ်ပါတယ်။ လာမယ့် လာမယ့် ပဲမျိုးစုံ အသစ်တွေ ထွက်ရှိလာတော့မှာဖြစ်လို့ ကုလားပဲက ယခုထပ် ဈေးအနည်းငယ်ကျဆင်းနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

လက်ရှိအခြေအနေကတော့ ပြည်ပတင်ပို့မှုရှိတဲ့အတွက် ကုန်သည်တွေကဈေးချဝယ်ယူမှုကြောင့်ဈေးကွက်အတွင်းဈေးက ပိုကျဆင်းနေတာလို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးက တစ်ပိဿာကို ၁၄၆၅ ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါ တယ်။ ကုလားပဲလုံးဖြူကြီးကလည်း တစ်ပိဿာကို ၁၄၆၅  ကနေ ၁၅၀၀ ပေါက်ဈေးရှိပြီး ၃၅ ကျပ် ဈေးကျဆင်းပါတယ်။ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၁၈၀၀ ကနေ ၁၉၀၀ ထိ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၅ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က သုံးတင်းဝင်တစ်အိတ်ကို ၇၅၀၀၀ ကနေ ၇၆၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ၉၂၉ ကတော့ တစ်အိတ်ကို ၇၉၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ v2 ကတော့ တစ်အိတ်ကို ၈၄၅၀၀မှ ၈၅၅၀၀ ပါက်ဈေးရှိပြီး ၁၅၀၀ ကျပ်၊ v7 ကတော့ တစ်အိတ်ကို ၈၀၀၀၀ ကနေ ၈၁၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ် အသီးသီး ဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာတော့ ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၂၅၈၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ်၊ ၉၂၉ က တစ်တင်းကို ၂၆၇၀၀ ပေါက်ဈေးရှိပြီး ၇၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူက တစ်ပိဿာကို ၂၆၃၀ ကနေ ၂၆၈၅ ပေါက်ဈေးရှိပြီး တစ်ပိသာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းပြာက သုံးတင်းဝင် တစ်အိတ်ကို ၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀၀ နီးပါးဈေးကျဆင်းသွားခဲ့ပါတယ်။

စားအုန်းဆီ

စားအုန်းဆီကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလကတည်းက ဆက်တိုက်ဈေးတက်နေခဲ့ပြီး ဇန်နဝါရီလ ၂၀၂၁ ဒုတိယအပတ်မှာတော့ ပြန်ပြိး ဈေးကျဆင်းသွားပါတယ်။

စားအုန်းဆီထုတ်လုပ်တဲ့နိုင်ငံတွေမှာ ကိုဗစ်ကြောင့်ထုတ်လုပ်မှုကျဆင်းခဲ့ပြီး တင်ပို့မှုလျောနည်းသွားတဲ့အတွက် ဈေးက ဆက်တိုက်တက်လာ ခဲ့တာဖြစ်ပါတယ်။ စားအုန်းဆီက လက်ရှိမှာ အမြင့်ဆုံးဈေးရောက်ရှိသွားခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။

စားအုန်းဆီဈေးတွေ တက်လာတဲ့အတွက်ကြောင့် အစိုးရက အရန်ဆီတွေ ထုတ်ရောင်းမှုကြောင့် ဈေးက ပြန်လည် ကျဆင်းသွားတာ ဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာ စားအုန်းဆီက တစ်ပိဿာကို ၂၅၆၀ ကနေ ၂၅၈၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဝတ်ရည်မွန်(AMIA)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်