စီမံကိန်းမိတ်ဖက်အဖွဲ့အစည်းများ၏ ဝန်ထမ်းသစ်များ အဓိကလိုအပ်သည့် မိသားစုတစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်းနှင့် လူ့အာဟာရကောင်းမွန်စွာရရှိစေရန်နေထိုင်စားသောက်ခြင်း ဆရာဖြစ်သင်တန်းပို့ချခြင်း

15/01/2024 16:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

အနာဂတ်မြန်မာပြည့်ဝမ်းစာ ငါးမွေးမြူရေးစီမံကိန်းမှ "တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း၊ အခြေခံလူ့အာဟာရ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းခြင်းအလေ့အကျင့်ကောင်းများနှင့် ကျား/မ အခန်းကဏ္ဍဆိုင်ရာ ဆရာဖြစ်သင်တန်း"ကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျင်းပခဲ့သည်။ တက်ရောက်လာသည့် သင်တန်းသားများမှ ကွင်းဆင်းပြီး လက်တွေ့ပြသမှုများဖြစ်သည့် ငါးသားပေါက်များထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ငါးနမူနာတိုင်းတာခြင်း၊ ငါးသား ပေါက်အမျိုးမျိုးလေ့လာခြင်းနှင့် ငါးဖမ်းပိုက်ကွန်အသုံးပြုမှုများကို သင်ကြားလေ့လာခဲ့သည်။ ထို့အပြင် ကျိုင်းတုံရှိ ငါးသား‌ ပေါက်စခန်းတစ်ခု၏ လုပ်ငန်းတပ်ဆင်ကိရိယာများအသုံးပြုပုံနှင့် လုပ်ငန်းကောင်းမွန်စွာလည်ပတ်ပုံများကို သွားရောက်လေ့လာခဲ့သည်။ သွားရောက်လေ့လာခဲ့သည့် သားပေါက်စခန်းသည် ၂၀၂၀ ခုနှစ်တွင် WorldFish Myanmar ၏ နည်းပညာပံ့ပိုးမှုများကို ရရှိထားပြီးဖြစ်သည်။ မိတ်ဖက်အဖွဲ့အစည်း ၄ ဖွဲ့ အရုဏ်ဦး (AYO) လူမှုဖွံ့ဖြိုးရေးအသင်း, BRAC Myanmar, ကရုဏာ (KMSS) လူမှုစည်းလုံးညီညွတ်ရေးအသင်းနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် (MFF) မှ ဝန်ထမ်းများ စုစုပေါင်း ၂၁ ဦး (မ ၈ ဦးအပါ) တက်ရောက်ခဲ့သည်။ 

ကျိုင်းတုံမြို့တွင် ကျင်းပသည့် လူတွေ့ဆရာဖြစ်သင်တန်းကို ထိရောက်အောင်မြင်စွာပို့ချနိုင်ခဲ့ပြီး၊ မိသားစုများ အတွက် အလွယ်တကူရရှိနိုင်မည့်အာဟာရပြည့်အစားအစာများစားသုံးခြင်းနှင့် အပိုဝင်ငွေရရှိစေရန် ကွင်းဆင်းဝန်ထမ်း များက ငါးမွေးမြူရေးမိသားစုများ၊ စီမံကိန်းအဖွဲ့ဝင်များအား ပြန်လည်လက်ဆင့်ကမ်း ပို့ချပေးသွားမည်ဖြစ်သည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်