ဖြုတ်ကောင်များကျရောက်တတ်သည့် ကာလဖြစ်သဖြင့် စပါးထွက်နှုန်းထိခိုက်မည်ကို တောင်သူများစိုးရိမ်နေ

17/11/2020 19:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဖြုတ်ကောင်များကျရောက်တတ်သည့် ဆောင်းကာလဖြစ်သဖြင့် ထွက်နှုန်းထိခိုက်မည့်အခြေအနေကို စိုးရိမ်နေရကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

စပါးခင်းတွေထဲကို ဖြုတ်ကောင်တွေက အခုကို စဝင်နေပါပြီ။ စပါးအတွက် ရေရပြန်တော့လည်း ဖြုတ်အတွက်စိုးရိမ်နေရတယ်။ နောက်ဆုံးမှာ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး စပါးခင်းကိုပါ မီးရှို့ပစ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က စပါးခင်းတွေထဲကို ဒီဖြုတ်ကောင်တွေ မနှစ်ကစပြီး ရောက်လာတာပါ။ ကျွန်တော်တို့ရွာမှာ မနှစ်က ဖြုတ်စိမ်း၊ ဖြုတ်ညိုတွေကျတော့ စပါးတွေမရောင်းရဘူး။ အခုလည်း အိမ်ထဲမှာထွန်းတဲ့ မီးတိုင်တွေအထိတောင် ရောက်လာနေပါပြီ။

ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေထွက်ကျေးရွာမှ တောင်သူ ဦးလှဝင်းဆွေက ပြောသည်။

    ယင်းကဲ့သို့ ဖြုတ်ကောင်များ စပါးခင်းအတွင်းကျရောက်လာချိန်တွင် သက်ဆိုင်ရာဌာနများသို့တင်ပြပါက ဌာနမှ ကွင်းဆင်းစစ်ဆေးပေးခြင်း၊ နစ်နာမှုများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခြင်းသော်လည်း တောင်သူများမှာမူ နစ်နာဆုံးရှုံးမှုများနှင့် မကာမိကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနကို ဆက်သွယ်ရင်တော့ ဆောင်ရန်ရှောင်ရန်တွေ သင်ပေးတယ်။ ကွင်းဆင်းပေးတယ်။ လုံးဝမနိုင်တဲ့အခင်းတွေ (အားလုံးနီးပါးပျက်စီးသွားတဲ့ စပါးခင်းတွေ) ကို ငွေတစ်သောင်းကျပ် အစိုးရက ပေးပါတယ်။ ဒါကလည်း အခင်းတိုင်းကို ပေးတာမဟုတ်ပါဘူး။ အခင်းတိုင်း ဖြုတ်ပိုးကျရောက်မှုကိုခံခဲ့ရပေမယ့် အခင်းတိုင်းတော့ ထောက်ပံ့ကြေး မရကြပါဘူး။ ဦးစီးလာကြည့်ပြီးတော့ တံစဉ်နဲ့ လုံးဝရိတ်ကိုမရိတ်ရတဲ့အခင်းမျိုးကိုမှ သေချာစိစစ်ပြီးမှ ပေးတာပါ။ ငွေတစ်သောင်းက အရမ်းကိုနည်းပါတယ်ခင်ဗျာ။ ဘာဖြစ်လို့ဆိုရင် တံစဉ်နဲ့ရိတ်လို့ရသေးပေမယ့် တစ်ခင်းလုံးရဲ့ ၆၀/၇၀ % အထိကို ပျက်စီးသွားတဲ့ အခင်းတွေ ရှိနေလို့ပါ။ အဲ့ဒီလို ၃၀/၄၀ % လောက်သာ ထွက်နှုန်းကျန်တဲ့ တောင်သူတွေ ထောက်ပံ့ကြေးမရပါဘူး။ မနှစ်ကဆို ရွာမှာ တောင်သူ ၈ ဦးလောက်ပဲ ငွေတစ်သောင်း ထောက်ပံ့ကြေးကို ရခဲ့ပါတယ်။ မနှစ်က စရှုံးတာပဲ။

ဟု ၎င်းက ဆက်လက်ပြောသည်။

    အဆိုပါ ဖြုတ်စိမ်း၊ ဖြုတ်ညိုကောင်များသည် စပါးခင်းများအတွင်း ဝင်ရောက်၍ စပါးပင်ခြေရှိ အရည်ကိုစုပ်ယူပါက စပါးတစ်ခင်းလုံးနီးပါး ပျက်စီးဆုံးရှုံးသည်အထိဖြစ်ပေါ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်