ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏သက်တမ်း နှစ်(၉၀) မြောက် နဝရတ်ရတုအခမ်းအနားကို စည်ကားစွာကျင်းပ ပြုလုပ်မည်
မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်ပျဉ်းမနားမြို့တွင်တည်ရှိသောရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏သက်တမ်းနှစ်(၉၀)မြောက်နဝရတ်ရတုအခမ်းအနားကိုလာမည့်ဒီဇင်ဘာလ(၂၂)ရက်မှ(၂၈)ရက်အထိ၊စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ပါမောက္ခချုပ်ဒေါက်တာ မျိုးကြွယ် က ပြောကြားသည်။ `အစီ အစဉ်က တော်တော် ခမ်း ခမ်း နားနား လုပ် မှာပါ ၊ (၂၂)ရက်နေ့ မှာ စပြီး တပါတ်လုံး လုပ် မှာ၊ ပြပွဲ ပြိုင်ပွဲ တွေပါမယ်၊ပြခန်းတွေ ကုမ္ပဏီတွေလာကြမယ် နာမည်ကြီးအဆိုတော်တွေလည်းလာမယ်၊ အားကစားပွဲတွေလုပ်မယ်၊ အာစရိယပူဇော်ပွဲလည်းပါတယ်´ဟု၎င်းကဆက်လက်ပြောကြားသည်၊
လက်ရှိ အချိန်တွင် စိုက်ပျိုးရေး တက္ကသိုလ်၌ ကျောင်းသား၊ကျောင်းသူ ဦးရေ နှစ်ထောင်ကျော် ခန့် တက်ရောက်နေပြီး၊ စာသင် နှစ်မှာ ငါး နှစ်ဖြစ်ကြောင်း၊ သင်ကြားသည့် ဘာသာရပ်ကြီးပေါင်း ခုနစ်ခု ရှိကြောင်း ၊ တက်ရောက်နေကြသော ကျောင်းသူကျောင်းသားအားလုံးကိုတက္ကသိုလ်က အဆောင်နေရာ ပေး ထားနိုင်ကြောင်း၊ စိုက်ပျိုးရေတက္ကသိုလ် သည် ကျူရှင်စနစ် လုံးဝ မရှိသော တက္ကသိုလ်တစ်ခု ဖြစ်ကြောင်း၊ အဆိုပါတက္ကသိုလ်တွင် တက်ရောက်ကာ ပညာသင်ကြားနေသောကျောင်းသားကျောင်းသူ များက တူညီ စွာ ပြောကြသည်။
´ဒီဇင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက် မှာ စိုက်ပျိုးရေး ဆိုင်ရာသုတေသန စာတမ်း ဖတ်ပွဲတွေ လုပ်မယ်၊ ၂၇ရက်နံနက် အစောပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေ နဲ့ဘွဲ့ရကျောင်းသူကျောင်းသားဟောင်းတွေကို ရည်စူးပြီး စိန်ရတုဓမ္မာရုံမှာ အာရုံဆွမ်းကပ် လှုပါမယ်၊ နံနက်(၉)နာရီမှာ နဝရတ်ရတု အခမ်းအနားစပါမယ်၊ အဲဒီနေ့ မှာ အသင်း နှစ်ပတ်လည် အစည်း အဝေး၊မျိုးဆက်သစ် မျိုးဆက်ဟောင်းကျောင်းသားတွေရဲ့ ဘောလုံးပွဲ၊ ဘတ်စက်ဘော ပြိုင်ပွဲနဲ့ ညပိုင်းမှာ နာမည်ကြီး အဆိုတော်တွေရဲ့ တေးဂီတ စင်တင် ဖျော်ဖြေပွဲတွေ ကျင်းပပေးပါမယ်၊ ဒီဇင်ဘာ (၂၈) ရက် နံနက် ပိုင်းမှာ ဆရာကြီး ဆရာမကြီးများကို အာစရိယ ပူဇော် ကန်တော့ပွဲ နဲ့ ညပိုင်းမှာ ဂုဏ်ပြု ညစာစားပွဲ လုပ်ပါမယ်၊ အဲဒီနေ့ နေ့လည်ပိုင်း မှာတော့ အငြိမ်းစား အစိုးရဝန်ထမ်းဟောင်းများတွေ့ဆုံပွဲ လုပ်ပါမယ်´ဟု အခမ်း အနားဖြစ်မြောက်ရေး ကော်မတီ ၏ ဦးဆောင်သူ တစ်ဦးဖြစ်သော ရုက္ခဗေဒ ဌာန မှ ကထိက ဦးအောင်ဝင်းက ရှင်းပြသည်၊
မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စိုက်ပျိုးရေး တက္ကသိုလ် ဖြစ်သည့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သည်၁၉၂၄ခု နှစ်တွင် မန္တလေးမြို့၌ စတင် ပေါ်ပေါက်လာခဲ့သည့် တက္ကသိုလ် ဖြစ်ပြီး၊ စတင်ဖွင့်လှစ်ခဲ့စဉ်က မြန်မာ့ စိုက်ပျိုးရေးကောလိပ် နှင့် သုတေသန ဟု အမည်တွင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်၏ ကောလိပ်တစ်ခုအဖြစ်၁၉၃၈ခုနှစ်ဇွန်လ(၁၆)ရက်နေ့တွင်အသိအမှတ်ပြုခဲ့ပါသည်၊၊၁၉၄၇ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်၏စိုက်ပျိုးရေး မဟာဌာန အဖြစ် မန္တလေးမြို့တွင် ဖွင့် လှစ်ခဲ့ပြီး ၊၁၉၅၈ ခု နစ်တွင် မန္တလေးတက္ကသိုလ် ၏ လက်အောက်ခံ စိုက်ပျိုးရေး မဟာဌာန အဖြစ်ရောက်ရှိ ခဲ့သည်၊ စနစ်သစ်ပညာရေး မူဝါဒ အရ ၁၉၆၄ ခု နှစ်တွင် စိုက်ပျိုးရေး မဟာ ဌာန သည် သီးခြားစိုက်ပျိုးရေး တက္ကသိုလ် အဖြစ်ပေါ် ပေါက် လာ ခဲ့သည်၊ ပျဉ်းမနားမြို့ ရေ ဆင်းသို့ ၁၉၇၃ ခု နှစ်တွင် စတင်ပြောင်းရွှေ့ ဖွင့် လှစ်ခဲ့ပါသည်၊ ၂၀၁၄ ခု နှစ်တွင် တက္ကသိုလ်၏ သက်တမ်းသည် နှစ် (၉၀) ပြည့် မြောက်ပြီ ဖြစ်ပါသည် ၊
(ရေ ဆင်း ညီအစ်ကို မောင်နှမ အားလုံး ပြန်လည် ဆုံစည်း ကြပါစို့)
REF: မိတ္ထီလာ သတင်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲပင်အရင်ဆုံးထွက်တဲ့အရွက်နှစ်ရွက်ကတစ်ချို့ကျဝါပြီးကြွေသွားတယ်တစ်ချို့ကျအကောင်းတိုင်းရှိနေတယ်ဘာကြောင့်လဲဗျ
Sawsamson • ဖြေကြားချက် 0 ခု
စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ
Sawsamson • ဖြေကြားချက် 0 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 0 ခု
ဆရာကြီးတို့ရေ မင်းဧရာစပါးက အရွက်ကွက်ကြားခြောက်နေတာရယ် ပိုးအနီလေးေကာင်တွေတွေ့လို့
Zaw Than Oo • ဖြေကြားချက် 0 ခု
ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026