အစိမ်းရောင်လမ်းနဲ့ ငါးမွေးတောင်သူတွေ အသစ်ဖန်တီးထားတဲ့ ငါးမွေးမြူရေးမှတ်တမ်းအကြောင်း တွေ့ဆုံဆွေးနွေးကြမယ်

23/02/2023 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငါးမွေးမြူရေးကို စလုပ်ချင်ပါရဲ့ ဘယ်ကစရမှန်းမသိဘူးဖြစ်နေပြီလား..

ငါးအစာတွေကို ဘယ်လိုထုတ်မယ် ရောင်းမယ်ဆိုတာရော စဉ်းစားနေသူလား...

ရေလုပ်ငန်းလုပ်ကိုင်သူအချင်းအချင်း အချိတ်အဆက်တွေ ရယူချင်တယ်ဆို

အစိမ်းရောင်လမ်းက ကူညီပေးပါရစေရှင့် 

ဘယ်လိုကူညီပေးမှာလဲဆိုတော့ ဒေသအသီးသီးက လုပ်ငန်းတူ၊ ဝါသနာတူတဲ့ အမျိုးတွေဆုံနိုင်ဖို့အတွက် Online meeting လေးလုပ်ထားပါတယ်နော်

ဒီ meeting လေးကို သောကြာနေ့ နံနက် ၁၁ နာရီမှာ ပေးထားတဲ့ Zoom link လေးကို Join ပြီး ကြုံတွေနေရတဲ့ ပြဿနာတွေ အခက်အခဲတွေကို လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင့်

ဘယ်သူတွေတက်ရောက်သင့်လဲဆိုတော့

  • ငါးကန်မှာ သုံးတဲ့ဆေး၊ အစာတွေနဲ့ ပတ်သက်ပြီးဆွေးနွေးချင်သူများ
  • ငါးသားပေါက်ထုတ်လုပ်နေသူများ
  • အရောင်းဆိုင်များနဲ့ 
  • ငါးလုပ်ငန်းကို အခုမှစတင်လုပ်ကိုင်သူများ တက်သင့်ပါတယ်ရှင့်

ကဲ.. ဒီတော့.. . သိလိုသည်များကို မေးမြန်းဆွေးနွေးနိုင်ဖို့အတွက် စိတ်ပါဝင်စားသူ ရေလုပ်ငန်းနယ်ပယ်မှ မိတ်ဆွေများနဲ့ နယ်ပယ်ဒေသအသီးအသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ဝါသနာရှင်များကို ဖိတ်ခေါ်ပါတယ်နော်

Join Zoom Meeting

https://us06web.zoom.us/j/87896093379?pwd=NUpHd3dWWlEzSUpQQnVlOXRVdVVUUT09

Meeting ID: 878 9609 3379

Passcode: 912148


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်