မက်ပိုနီ ၃၀၀ အီးစီ

English Name : Map Pony 300 EC (Pretilachlor)
Registration No : F 2009-701
(စပါးခင်း ပေါင်းမျိုးစုံ ရွေးချယ်ပေါင်းသတ်ဆေး) မက်ပိုနီ ၃၀၀ အီးစီ စပါးခင်း ပေါင်းသတ်ဆေးသည် တိုက်ရိုက်မျိုးစေ့ချ စပါးစိုက်ခင်းများတွင် ပေါက်သော မြက်မျိုးရင်းဝင် ပေါင်းများဖြစ်သည့် မြက်သီး၊ ဝမ်းဘဲစာ၊ ဒေါင်းမြီးပျံ၊ မြက်နယားစသည့် မြက်မျိုးများ၊ မုန်ညင်းမျိုးရင်းဝင်ပေါင်းများဖြစ်သည့် မုန်ညင်းစိမ်း၊ မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး၊ ဝက်လာစသည့် ပေါင်းများ၊ ရွက်ပြားပေါင်းမျိုးများဖြစ်သည့် လယ်လေးညှင်း၊ ကတောက်စပ်၊ လယ်ပဒူ၊ မှိုနတို၊ ရေကညွတ်စသည့် ပေါင်းများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းပေးနိုင်သော "ဘက်စုံ" ပေါင်းသတ်ဆေး ဖြစ်ပါသည်။
  • ကြည်လင်သည့် ရေတစ်ဂါလံတွင် မက်ပိုနီဆေးရည် ၂၅ စီစီနှုန်း ဖျော်စပ်၍ တစ်ဧကလျှင် (၄)ဂါလံဝင် ဆေးဖျန်းပုံးနှင့် (၄)ပုံးမှ (၅)ပုံးဖျန်းလျှင် လုံလောက်ပါသည်။ တစ်ဧက ၅၀၀စီစီနှုန်း သုံးပါ။
  • စပါးမျိုးစေ့ကို အညှောင့်ဖောက်၍ သမန်းပြင်အစိုပေါ်တွင် ကြဲပက်ပြီး (၁)ရက်မှ (၃)ရက်သားအတွင်းဆေးကို သမန်းပြင်ပေါ်တွင် နှံ့စပ်အောင် ဖျန်းပေးရပါမည်။ ခြေရာကွက်နည်းစေရန် သတိပြုပါ။
  • ဆေးဖျန်းပြီး (၄)နာရီအတွင်း မိုးမရွာပါက ထပ်မံဖျန်းရန်မလိုပါ။ တစ်ကြိမ်တည်း ဖျန်းရုံဖြင့် ရက်(၅၀)အထိ ပေါင်းနှိမ်နင်းပေးသွားပါမည်။
  • ဆေးဖျန်းပြီး သမန်းပြင်ခြောက်သွေ့မသွားရန် သတိပြုပါ။ ရေသွင်း၊ ရေထုတ်သတိထား၍ ပြုလုပ်ပါ။
  • မြက်မျိုးများဖြစ်သည့် မြက်သီး၊ ဒေါင်းမြီးပျံ၊ နယားမြက်၊ မုန်ညင်းမျိုးများဖြစ်သည့် မုန်ညင်းစိမ်း၊ မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေးနှင့် ရွက်ပြန့်ပေါင်းများဖြစ်သည့် ကတောက်ဆပ်၊ လယ်လေးညှင်းစသည့် ပေါင်းများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။
  • ပေါင်းသတ်ဆေးတွင် အပင်လောင်ကျွမ်းမှု မဖြစ်စေရန် ကာကွယ်သည့် ဖင်ကလိုရင် ၁၀% ထည့်သွင်းဖျော်စပ်ထားသဖြင့် စိတ်ချစွာသုံးစွဲနိုင်ပါသည်။

ဆေးဖျန်းပြီး (၃၀) မှ (၄၀)ရက်သားကျေိာ်မှ သီးနှံ ရိတ်သိမ်းနိုင်ပါသည်။

 

သတိပြုရန်

မျက်စိ၊ အရေပြား၊ အဝတ်အစားများနှင့် မထိမိရန် ဂရုပြုရပါမည်။

ဆေးမှုန့်များ မရှူရှိုက်မိပါစေနှင့်။

ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ နှာခေါင်းစည်း၊ မျက်မှန် ဝတ်ဆင်ပြီးမှ အသုံးပြုရပါမည်။

အစာမစားမီ၊ ဆေးမငုံမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ၊ လက်ကို စင်ကြယ်စွာ ဆေးရပါမည်။

ဆေးကို မျိုချခြင်း၊ အသားထဲ စိမ့်ဝင်ခြင်းဖြစ်ခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။    

 

သိုလှောင်စွန့်ပစ်ခြင်း

ကလေးများနှင့် လက်လှမ်းမမီရာ လုံခြုံသောနေရာ၌ သိမ်းဆည်းရပါမည်။

သုံးစွဲပြီးသော ဆေးဘူး၊ ဆေးအိတ်အခွံများကို ပြန်မသုံးရပါ။

သုံးစွဲပြီးဆေးအိတ်များကို အန္တရာယ်ကင်းသည့် နေရာတွင် စွန့်ပစ်ရပါမည်။

ရေပေးဝေသော နေရာများတွင် ဆေးများကို ဆေးကြောခြင်း မပြုလုပ်ရပါ။

 

ရှေးဦးပြုစုခြင်း

အရေပြားနှင့် ထိတွေ့မိသော နေရာများကို ရေ၊ ဆပ်ပြာတို့နှင့် ပြောင်စင်အောင် ဆေးကြောရပါမည်။

မျက်လုံထဲဝင်မိလျှင် ရေသန့်သန့်ဖြင့် ၁၅မိနစ်ခန့် ဆေးချရပါမည်။

မျိုချမိလျှင် အန်အောင်ပြုလုပ်ရပါမည်။ နီးစပ်ရာ ဆရာဝန်ထံသို့ ပို့ရပါမည်။

အထူး သတ်မှတ် ဖြေဆေးမရှိပါ။