မက်အိုကေ ၈၂၃

English Name : Map O.K (2.4-D Amine Salt)
Registration No : F 2009-205
(စပါးခင်း မုန်ညင်းနှင့် ရွက်ပြားပေါင်းသတ်ဆေး) မက်အိုကေ မုန်ညင်းနှင့် ရွက်ပြားပေါင်းသတ်ဆေးသည် မျိုးစေ့တိုက်ရိုက်ကြဲပက်စိုက်သော စပါးခင်း၌ဖြစ်စေ၊ ပျိုးထောင်၍ ပြောင်းရွှေ့စိုက်သော စပါးခင်း၌ဖြစ်စေ စိုက်နည်းနှစ်မျိုးလုံးတွင် အသုံးပြုနိုင်ပါသည်။
  • တိုက်ရိုက်မျိုးစေ့ချနှင့် ပြောင်းရွှေ့စိုက်စပါးခင်းမှ မုန်ညင်းမျိုးရင်းဝင်ပေါင်းမြက်များ (မြက်ကွမ်းသီးလေး၊ မုန်ညင်းစိမ်း၊ မုန်ညင်းပါး၊ တလိုင်းခေါင်းမြက်များ...စသည်) နှင့် ရွက်ပြားပေါင်းများ (ရေကညွတ်၊ လယ်လေးညင်း၊ မှိုချဉ်၊ လယ်ပဒူ၊ ကတောက်ဆတ်...စသည်) တို့အတွက် ဆေးဖျန်းရမည့် အချိန်မှာ ၂၀-၂၅ရက် (မျိုးစေ့ချပြီးနောက် ဆေးဖျန်းရန်ရက်) ဖြစ်ပါသည်။ နှုန်းထားမှာ တစ်ဧကလျှင် ၄၀၀ စီစီ ဖြစ်ပါသည်။
  • တိုက်ရိုက်မျိုးစေ့ချနှင့် ပြောင်းရွှေ့စိုက်စပါးခင်းမှ မုန်ညင်းမျိုးရင်းဝင်ပေါင်းမြက်များ (မြက်ကွမ်းသီးလေး၊ မုန်ညင်းစိမ်း၊ မုန်ညင်းပါး၊ တလိုင်းခေါင်းမြက်များ...စသည်) တို့အတွက် ဆေးဖျန်းရမည့် အချိန်မှာ ၁၀-၁၅ရက် (ပြောင်းရွှေ့စိုက်ပြီးနောက် ဆေးဖျန်းရန်ရက်) ဖြစ်ပါသည်။ နှုန်းထားမှာ တစ်ဧကလျှင် ၄၀၀ စီစီ ဖြစ်ပါသည်။
  • တိုက်ရိုက်မျိုးစေ့ချနှင့် ပြောင်းရွှေ့စိုက်စပါးခင်းမှ ရွက်ပြားပေါင်းများ (ရေကညွတ်၊ လယ်လေးညင်း၊ မှိုချဉ်၊ လယ်ပဒူ၊ ကတောက်ဆတ်...စသည်) တို့အတွက် ဆေးဖျန်းရမည့် အချိန်မှာ ၁၀-၁၅ရက် (မျိုးစေ့ချပြီးနောက် ဆေးဖျန်းရန်ရက်) ဖြစ်ပါသည်။  နှုန်းထားမှာ တစ်ဧကလျှင် ၄၀၀ စီစီ ဖြစ်ပါသည်။
  • ပြောင်းဖူး၊ ကြံ တို့တွင် ပေါက်ရောက်သော မုန်ညင်းမျိုးရင်းဝင်ပေါင်းမြက်များ (ရွက်ပြားပေါင်း) တို့အတွက် ဆေးဖျန်းရမည့် အချိန်မှာ ပေါင်းပင်အမြင့် ၈-၁၂ လက်မ အရွယ်အစားရှိချိန် ဖြစ်ပြီး ပလတ်စတစ်ဖြင့်ကာ၍ ဖျန်းရပါမည်။  နှုန်းထားမှာ တစ်ဧကလျှင် ၆၀၀ စီစီ ဖြစ်ပါသည်။
  • သစ်သီးပင်နှင့် နှစ်ရှည်သီးနှံပင်များတွင် ကျရောက်သော မုန်ညင်းမျိုးရင်းဝင်ပေါင်းမြက်များ (ရွက်ပြားပေါင်းများ) တို့အတွက် ဆေးဖျန်းရမည့် အချိန်မှာ ပေါင်းပင်အမြင့် ၈-၁၂ လက်မ အရွယ်အစားရှိချိန် ဖြစ်ပြီး အပင်များ၏ အခေါက်များရင့်နေပါက တိုက်ရိုက်ဆေးဖျန်းနိုင်ပါသည်။  နှုန်းထားမှာ တစ်ဧကလျှင် ၆၀၀ စီစီ ဖြစ်ပါသည်။

ဆေးမဖျန်းခင် (၁)ရက်ကြိုတင်၍ ရေပြောင် ထုတ်ပေးရပါမည်။

ဆေးဖျန်းပြီး (၂-၃)ရက်အတွင်း (၂-၃) လက်မခန့် ရေပြန်သွင်းပါ။ 

(၃-၅)ရက်ခန့် ရေလှောင်ထားပါ။

သတိပြုရန်

မျက်စိ၊ အရေပြား၊ အဝတ်အစားများနှင့် မထိမိရန် ဂရုပြုရပါမည်။

ဆေးမှုန့်များ မရှူရှိုက်မိပါစေနှင့်။

ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ နှာခေါင်းစည်း၊ မျက်မှန် ဝတ်ဆင်ပြီးမှ အသုံးပြုရပါမည်။

အစာမစားမီ၊ ဆေးမငုံမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ၊ လက်ကို စင်ကြယ်စွာ ဆေးရပါမည်။

ဆေးကို မျိုချခြင်း၊ အသားထဲ စိမ့်ဝင်ခြင်းဖြစ်ခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။    

 

သိုလှောင်စွန့်ပစ်ခြင်း

ကလေးများနှင့် လက်လှမ်းမမီရာ လုံခြုံသောနေရာ၌ သိမ်းဆည်းရပါမည်။

သုံးစွဲပြီးသော ဆေးဘူး၊ ဆေးအိတ်အခွံများကို ပြန်မသုံးရပါ။

သုံးစွဲပြီးဆေးအိတ်များကို အန္တရာယ်ကင်းသည့် နေရာတွင် စွန့်ပစ်ရပါမည်။

ရေပေးဝေသော နေရာများတွင် ဆေးများကို ဆေးကြောခြင်း မပြုလုပ်ရပါ။

 

ရှေးဦးပြုစုခြင်း

အရေပြားနှင့် ထိတွေ့မိသော နေရာများကို ရေ၊ ဆပ်ပြာတို့နှင့် ပြောင်စင်အောင် ဆေးကြောရပါမည်။

မျက်လုံထဲဝင်မိလျှင် ရေသန့်သန့်ဖြင့် ၁၅မိနစ်ခန့် ဆေးချရပါမည်။

မျိုချမိလျှင် အန်အောင်ပြုလုပ်ရပါမည်။ နီးစပ်ရာ ဆရာဝန်ထံသို့ ပို့ရပါမည်။

အထူး သတ်မှတ် ဖြေဆေးမရှိပါ။