မက်ကလင်းအပ် ၄၈၀ အက်စ်အယ်လ်

English Name : Map Clean Up 480 SL
Registration No : F 2009-245
(ဂလိုင်ဖိုဆိတ် ရွေးချယ်မဲ့ ပေါင်းသတ်ဆေး) မက်ကလင်းအပ် ပေါင်းသတ်ဆေးသည် ရော်ဘာနှင့် ဆီအုန်းကဲ့သို့သော နှစ်ရှည်စိုက်ခင်းများ၊ ရှောက်၊ သံပုရာ၊ လိမ္မော်၊ ငှက်ပျော၊ သရက် အစရှိသည့် သစ်သီးဝလံခြံများ၊ ကော်ဖီ၊ လက်ဖက်ခြံများတွင် ပေါက်လေ့ရှိသော တစ်နှစ်ခံမြက်နှင့် ပေါင်းပင်များ အားလုံးကို ထိရောက်စွာ နှိမ်နင်းပေးနိုင်သော ပေါင်းသတ်ဆေး ဖြစ်ပါသည်။ ၎င်းအပြင် လယ်၊ ကန်သင်းများတွင် ပေါက်လေ့ရှိသော ကိုင်း၊ သမန်း၊ ကျူပင်များနှင့် ချုံပုတ်ပင်များ အားလုံးကိုလည်း ရှင်းနိုင်ပါသည်။ သီးနှံပင် မစိုက်မီ (၁၅)ရက် (၁)လ ကြိုတင်၍ ပေါင်းသတ်ထားပါက ပေါင်းပေါက်သက်သာပါသည်။

ရော်ဘာနှင့် ဆီအုန်းခင်းများအကြားရှိ သက်ကယ်၊ သမန်း၊ ကိုင်း၊ ကျူ စသည့် မြက်များ၊ ကွင်းပြင်များရှိ သမန်းမြက်များတွင် ပက်ဖျန်းပေးရန်-

  • ဆေးရည်ပြင်းအားနည်းနည်းဖြင့် နှိမ်နင်းနိုင်သော အခြေအနေတွင် တစ်ဧကလျှင် ရေ (၄၅၀) လီတာဖြင့်ဖျော်စပ်၍ သုံးစွဲနိုင်ပါသည်။ ရေ (၁၈) လီတာဆေးဖျန်းပုံးတွင် ဖျော်စပ်ရမည့် ဆေးနှုန်းထားမှာ ၁၀၀  စီစီ (စတီးဇွန်း ၁၀ ဇွန်း) ဖြစ်ပြီး တစ်ဧကသုံးစွဲရမည့် ဆေးနှုန်းထားမှာ ၂.၅ လီတာဖြစ်ပါသည်။
  • ဆေးရည်ပြင်းအားများများသုံး၍ နှိမ်နင်းရမည့် အခြေအနေတွင် တစ်ဧကလျှင် ရေ (၉၀) လီတာဖြင့် ဖျော်စပ်၍ သုံးစွဲနိုင်ပါသည်။ ရေ (၁၈) လီတာဆေးဖျန်းပုံးတွင် ဖျော်စပ်ရမည့် ဆေးရည်နှုန်းထားမှာ ၅၀၀ စီစီ (စတီးဇွန်း ၅၀ ဇွန်း) ဖြစ်ပြီး တစ်ဧကသုံးစွဲရမည့် ဆေးနှုန်းထားမှာ ၂.၅ လီတာ ဖြစ်ပါသည်။

အရိပ်ရှိသောအပင်ကြီးများအကြားတွင် - ပေါက်သောမြက်များနှင့် ပေါင်းပင်များအတွက် အရိပ်ရရှိမှုပေါ်မူတည်၍ သုံးစွဲနိုင်သည်။

  • သုံးစွဲရမည့် ဆေးဖျော်ရည် ပမာဏမှာ အရိပ် ၃၀% အထက်များသော နေရာများတွင် တစ်ဧကလျှင် ရေ (၁၀၀) လီတာဖြင့် ဖျော်စပ်၍ သုံးစွဲနိုင်ပါသည်။ ရေ (၁၈) လီတာ ဆေးဖျန်းပုံးတွင် ဖျော်စပ်ရမည့် ဆေးရည်နှုန်းထားမှာ ၄၀ စီစီ ဖြစ်ပြီး တစ်ဧကသုံးစွဲရမည့် ဆေးနှုန်းထားမှာ ၄၀၀ စီစီ ဖြစ်ပါသည်။
  • အရိပ် ၃၀ % အောက်နည်းသော နေရာ (သို့) ကွင်းပြင်တွင် တစ်ဧကလျှင် ရေ (၁၀၀) ဖြင့် ဖျော်စပ်၍ သုံးစွဲနိုင်ပါသည်။ ရေ (၁၈) လီတာ ဆေးဖျန်းပုံးတွင် ဖျော်စပ်ရမည့် ဆေးရည်နှုန်းထားမှာ ၆၀ စီစီ ဖြစ်ပြီး တစ်ဧကသုံးစွဲရမည့် ဆေးနှုန်းထားမှာ ၆၀၀ စီစီ ဖြစ်ပါသည်။

 

သတိပြုရန်

  • မျက်စိ၊ အရေပြားများနှင့် ထိတွေ့ခြင်းမှ ရှောင်ရှားရန်။

  • ဆေးဖျန်းရာတွင် စိုက်ပျိုးပင်များ၊ သီးနှံပင်များ၊ သစ်ပင်များနှင့် မထိတွေ့စေရပါ။ အပင်လောင်ကျွမ်းထိခိုက်မှု ဖြစ်စေနိုင်ပါသည်။

  • ဆေးဖျန်းရာတွင် ဝတ်ဆင်ရမည့် အကာအကွယ် ဖိနပ်များ၊ မျက်မှန်များနှင့် အဝတ်အစားများကို ဝတ်ဆင်၍ဖျန်းပါ။

  • ဆေးအသုံးပြုပြီးဖြစ်စေ၊ အစာမစားမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ ဖြစ်စေ၊ လက်၊ လက်မောင်းနှင့် မျက်နှာများကို ရေ၊ ဆပ်ပြာတို့နှင့် စင်ကြယ်စွာ ဆေးကြောပါ။

  • နေ့စဉ် ဆေးဖျန်းပြီးတိုင်း ဆေးဖျန်းရာတွင် ဝတ်ဆင်သည့် အဝတ်များနှင့် ဆေးဖျန်းကိရိယာများကို သေချာဆေးကြောပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာများ၊ မြေဩဇာများနှင့် ဝေးသောနေရာ၊ လေဝင်လေထွက်ကောင်းသော နေရာများတွင် မူလဆေးဘူးများ၌ သေချာပိတ်၍ သိုလှောင်သိမ်းဆည်းပါ။

  • ဆေးဘူးခွံအလွတ်များ၌ စားစရာပစ္စည်းများ ထည့်ခြင်းကို ရှောင်ရှားပါ။

  • သုံးစွဲပြီး ဆေးဘူးအခွံများကို သေချာဆေးကြောသုတ်သင်ပြီး အိမ်နှင့် မနီးသောနေရာများ၊ ရေသုံးစွဲသည့်နေရာများနှင့် ဝေးသောနေရာများတွင် သေချာစွာ ဖျက်ဆီးမြှုပ်နှံပစ်ပါ။

ကြိုတင်ကာကွယ်မှုနှင့် ကုသမှု

  • အဆိပ်သင့်မှု လက္ခဏာတွေ့ရှိပါက ဆရာဝန်ထံ အရောက်ပို့ပါ။

  • မျိုချမိလျှင် လူနာကို အော့အန်အောင် မပြုလုပ်ရ။ ရေတစ်ဖန်ခွက် အပြည့်တိုက်ပါ။

  • အရေပြားနှင့် ထိတွေ့မှုရှိပါက ဝတ်ထားသော အဝတ်များကို ဖယ်ရှား၍ ရေနှင့် အရေပြားကို သေချာစွာဆေးကြောပါ။

  • မျက်စိထဲဝင်မိလျှင် မျက်စိကိုဖွင့်ထားပြီး ရေသန့်သန့်ဖြင့် (၁၅)မိနစ်ခန့် ဆေးကြောပြီး ဆရာဝန်ထံသို့ ပြသပါ။

  • ဖြစ်ပေါ်သည့် လက္ခဏာအလိုက် ကုသရန် ဖြစ်ပါသည်။