မက်ပါမီသရင် ၅၀ အီးစီ

English Name : MAP PERMETHRIN 50 EC
Registration No :
(လူထုကျန်းမာရေးနှင့် စိုက်ခင်းသုံးရေဖျော်ပိုးသတ်ဆေးရည်) မက်ပါမီသရင် ၅၀% ရေဖျော်ပိုးသတ်ဆေးသည် ထိသေ၊ စားသေအာနိသင်ရှိ ဖြစ်ပြီး အင်းဆက်၏ ဗဟိုမဗ်ကြောကို လျင်မြန်စွာ ထိခိုက်စေသော အာနိသင်ရှိသည်။ သစ်သီးပင်များ၊ ဟင်းသီးဟင်းရွက်များ၊ နှံစားသီးနှံ၊ ပြောင်း၊ အာလူး၊ ဝါ၊ ပဲပုပ်နှင့် အခြားသီးနှံမျိုးစုံတွင် ကျရောက်တတ်သော စုပ်စားပိုးနှင့် ကိုက်စားပိုးများကို ထိရောက်စွာ နှိမ်နင်းနိုင်သည့် အပြင် ကျန်းမာရေးအတွက် အိမ်အဆောက်အဦများရှိ ပိုးဟပ်၊ ယင်၊ ခြင် စသည်တို့ကိုလည်း နှိမ်နင်းနိုင်ပါသည်။
  • စိန်ကွက်ဖလံ၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ ထွာကောင်စိမ်း၊ ပျ၊ ကျိုင်းအမျိုးမျိုးနှင့် ဖြုတ်ညို၊ ဖြုတ်စိမ်းတို့ကို ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။
  • ဆေးဖျန်းပုံးတစ်ပုံးလျှင် (၂၀-၂၅) စီစီထည့်၍ တစ်ဧက (၄-၆)ပုံးခန့်ကို အပင်အခြေအနေလိုက်၍ ပက်ဖျန်းရပါမည်။ ဆေးဖျန်းပြီး (၁၄) ရက်အကြာမှ ရိတ်သိမ်းရပါမည်။
  • လူထုကျန်းမာရေးအတွက် ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ဖြစ်စေသော ခြင်များကို ကာကွယ်ရန် ခြင်ထောင်စိမ်ဆေးအဖြစ်လည်း သုံးစွဲနိုင်သည်။
  • လူနှင့် သွေးနွေးသတ္တဝါတို့အား အန္တရာယ်ဖြစ်မှု အလွန်နည်းသော ပိုးသတ်ဆေး ဖြစ်ပါသည်။

သတိပြုရန်

  • မျက်စိ၊ အရေပြားများနှင့် ထိတွေ့ခြင်းမှ ရှောင်ရှားရန်။

  • ဆေးဖျန်းရာတွင် စိုက်ပျိုးပင်များ၊ သီးနှံပင်များ၊ သစ်ပင်များနှင့် မထိတွေ့စေရပါ။ အပင်လောင်ကျွမ်းထိခိုက်မှု ဖြစ်စေနိုင်ပါသည်။

  • ဆေးဖျန်းရာတွင် ဝတ်ဆင်ရမည့် အကာအကွယ် ဖိနပ်များ၊ မျက်မှန်များနှင့် အဝတ်အစားများကို ဝတ်ဆင်၍ဖျန်းပါ။

  • ဆေးအသုံးပြုပြီးဖြစ်စေ၊ အစာမစားမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ ဖြစ်စေ၊ လက်၊ လက်မောင်းနှင့် မျက်နှာများကို ရေ၊ ဆပ်ပြာတို့နှင့် စင်ကြယ်စွာ ဆေးကြောပါ။

  • နေ့စဉ် ဆေးဖျန်းပြီးတိုင်း ဆေးဖျန်းရာတွင် ဝတ်ဆင်သည့် အဝတ်များနှင့် ဆေးဖျန်းကိရိယာများကို သေချာဆေးကြောပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာများ၊ မြေဩဇာများနှင့် ဝေးသောနေရာ၊ လေဝင်လေထွက်ကောင်းသော နေရာများတွင် မူလဆေးဘူးများ၌ သေချာပိတ်၍ သိုလှောင်သိမ်းဆည်းပါ။

  • ဆေးဘူးခွံအလွတ်များ၌ စားစရာပစ္စည်းများ ထည့်ခြင်းကို ရှောင်ရှားပါ။

  • သုံးစွဲပြီး ဆေးဘူးအခွံများကို သေချာဆေးကြောသုတ်သင်ပြီး အိမ်နှင့် မနီးသောနေရာများ၊ ရေသုံးစွဲသည့်နေရာများနှင့် ဝေးသောနေရာများတွင် သေချာစွာ ဖျက်ဆီးမြှုပ်နှံပစ်ပါ။

ကြိုတင်ကာကွယ်မှုနှင့် ကုသမှု

  • အဆိပ်သင့်မှု လက္ခဏာတွေ့ရှိပါက ဆရာဝန်ထံ အရောက်ပို့ပါ။

  • မျိုချမိလျှင် လူနာကို အော့အန်အောင် မပြုလုပ်ရ။ ရေတစ်ဖန်ခွက် အပြည့်တိုက်ပါ။

  • အရေပြားနှင့် ထိတွေ့မှုရှိပါက ဝတ်ထားသော အဝတ်များကို ဖယ်ရှား၍ ရေနှင့် အရေပြားကို သေချာစွာဆေးကြောပါ။

  • မျက်စိထဲဝင်မိလျှင် မျက်စိကိုဖွင့်ထားပြီး ရေသန့်သန့်ဖြင့် (၁၅)မိနစ်ခန့် ဆေးကြောပြီး ဆရာဝန်ထံသို့ ပြသပါ။

  • ဖြစ်ပေါ်သည့် လက္ခဏာအလိုက် ကုသရန် ဖြစ်ပါသည်။