မက်နိုဖော့စ် ၅၀ အီးစီ

English Name : MAPNOFOS 50 EC
Registration No : F 2013-622
မက်နိုဖော့စ် ၅၀ အီးစီ ပိုးသတ်ဆေးသည် အထူးသဖြင့် ဝါနှင့် ပဲမျိုးစုံတွင် ကျရောက်သော ပျ၊ သရစ်၊ လှေးပိုး၊ ဝါသီးလုံးဖောက်ပိုး၊ ဝါပိုးနီ၊ ဖြုတ်၊ ယင်ဖြူ၊ ပဲသီးတောင့်ထိုးပိုး၊ ပဲပွင့်ထိုးပိုးနှင့် ပဲကြမ်းပိုးစိမ်းတို့ကို ကာကွယ်နှိမ်နင်းရာတွင် လည်းကောင်း၊ စပါးနှင့် မြေပဲဖျက်ပိုးများ၊ ငရုတ်၊ ခရမ်းချဉ်၊ အာလူး၊ ဖရဲ၊ သခွား၊ ဂေါ်ဖီမုံလာစိုက်ခင်းများတွင် ကျရောက်သည့် ပျ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း အစရှိသည့် စုပ်စားပိုးများ၊ ရွက်စားပိုးများ၊ အကြေးခွံပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည့် ပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါသည်။
  • ဝါတွင်ကျရောက်သော ပျ၊ သရစ်၊ လှေး၊ ဝါပိုးနီ၊ ဝါသီးလုံးဖောက်ပိုး၊ ပိုးနဂါး တို့အတွက် ရေတစ်ဂါလံတွင် (၄-၆) စီစီ နှုန်းထားဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါသည်။ ဆေးဖျန်းပြီး သုံးစွဲရန်ရက်မှာ (၁၄-၂၀) ရက်ဖြစ်ပါသည်။
  • စပါးတွင်ကျရောက်သော ဖြုတ်ပိုး၊ ကြက်သွန်မြိတ်ပိုး၊ ရွက်လိပ်ပိုး၊ ဆစ်ပိုး၊ နှံစုပ်ပိုးတို့အတွက် ရေတစ်ဂါလံတွင် (၆) စီစီ နှုန်းထားဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါသည်။ ဆေးဖျန်းပြီး သုံးစွဲရန်ရက်မှာ (၁၄-၂၀) ရက်ဖြစ်ပါသည်။
  • ပဲမျိုးစုံတွင်ကျရောက်သော ပျ၊ ဖြုတ်ပိုး၊ ယင်ဖြူ၊ လှေးပိုး၊ သီးတောင့်ထိုးပိုး၊ ပွင့်ထွေးပိုး၊ ပျဂျပိုးစိမ်း တို့အတွက် ရေတစ်ဂါလံတွင် (၄-၆) စီစီ နှုန်းထားဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါသည်။ ဆေးဖျန်းပြီး သုံးစွဲရန်ရက်မှာ (၁၄-၂၀) ရက်ဖြစ်ပါသည်။
  • မြေပဲတွင်ကျရောက်သော ရွက်လိပ်ရွက်ကပ်ပိုး၊ ပျ၊ သရစ်၊ လှေးတို့အတွက် ရေတစ်ဂါလံတွင် (၂-၆) စီစီ နှုန်းထားဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါသည်။ ဆေးဖျန်းပြီး သုံးစွဲရန်ရက်မှာ (၁၄-၂၀) ရက်ဖြစ်ပါသည်။
  • ငရုတ်၊ ခရမ်းချဉ်တို့တွင်ကျရောက်သော ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ပျ တို့အတွက် ရေတစ်ဂါလံတွင် (၄-၆) စီစီ နှုန်းထားဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါသည်။ ဆေးဖျန်းပြီး သုံးစွဲရန်ရက်မှာ (၁၄-၂၀) ရက်ဖြစ်ပါသည်။
  • အာလူးသီးနှံများတွင်ကျရောက်သော မွှားပင့်ကူနီ၊ သီးထိုးပိုး၊ ရွက်စားပိုးတို့အတွက် ရေတစ်ဂါလံတွင် (၄-၆) စီစီ နှုန်းထားဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါသည်။ ဆေးဖျန်းပြီး သုံးစွဲရန်ရက်မှာ (၁၄-၂၀) ရက်ဖြစ်ပါသည်။
  • ဟင်းသီးဟင်းရွက်တွင်ကျရောက်သော စုပ်စားပိုးများ၊ ရွက်စားပိုးများအတွက် ရေတစ်ဂါလံတွင် (၂-၆) စီစီ နှုန်းထားဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါသည်။ ဆေးဖျန်းပြီး သုံးစွဲရန်ရက်မှာ (၁၄-၂၀) ရက်ဖြစ်ပါသည်။
  • ဥယျာဉ်ခြံသီးနှံများတွင်ကျရောက်သော ပျ၊ ဖြုတ်ပိုး၊ သရစ်၊ လှေး၊ သီးထိုးယင်၊ အကြေးခွံပိုးတို့အတွက် ရေတစ်ဂါလံတွင် (၂-၆) စီစီ နှုန်းထားဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါသည်။ ဆေးဖျန်းပြီး သုံးစွဲရန်ရက်မှာ (၁၄-၂၀) ရက်ဖြစ်ပါသည်။

သတိပြုရန်

  • မျက်စိ၊ အရေပြားများနှင့် ထိတွေ့ခြင်းမှ ရှောင်ရှားရန်။

  • ဆေးဖျန်းရာတွင် စိုက်ပျိုးပင်များ၊ သီးနှံပင်များ၊ သစ်ပင်များနှင့် မထိတွေ့စေရပါ။ အပင်လောင်ကျွမ်းထိခိုက်မှု ဖြစ်စေနိုင်ပါသည်။

  • ဆေးဖျန်းရာတွင် ဝတ်ဆင်ရမည့် အကာအကွယ် ဖိနပ်များ၊ မျက်မှန်များနှင့် အဝတ်အစားများကို ဝတ်ဆင်၍ဖျန်းပါ။

  • ဆေးအသုံးပြုပြီးဖြစ်စေ၊ အစာမစားမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ ဖြစ်စေ၊ လက်၊ လက်မောင်းနှင့် မျက်နှာများကို ရေ၊ ဆပ်ပြာတို့နှင့် စင်ကြယ်စွာ ဆေးကြောပါ။

  • နေ့စဉ် ဆေးဖျန်းပြီးတိုင်း ဆေးဖျန်းရာတွင် ဝတ်ဆင်သည့် အဝတ်များနှင့် ဆေးဖျန်းကိရိယာများကို သေချာဆေးကြောပါ။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

  • ကလေးများ၊ တိရစ္ဆာန်များ၊ အစားအစာများ၊ မြေဩဇာများနှင့် ဝေးသောနေရာ၊ လေဝင်လေထွက်ကောင်းသော နေရာများတွင် မူလဆေးဘူးများ၌ သေချာပိတ်၍ သိုလှောင်သိမ်းဆည်းပါ။

  • ဆေးဘူးခွံအလွတ်များ၌ စားစရာပစ္စည်းများ ထည့်ခြင်းကို ရှောင်ရှားပါ။

  • သုံးစွဲပြီး ဆေးဘူးအခွံများကို သေချာဆေးကြောသုတ်သင်ပြီး အိမ်နှင့် မနီးသောနေရာများ၊ ရေသုံးစွဲသည့်နေရာများနှင့် ဝေးသောနေရာများတွင် သေချာစွာ ဖျက်ဆီးမြှုပ်နှံပစ်ပါ။

ကြိုတင်ကာကွယ်မှုနှင့် ကုသမှု

  • အဆိပ်သင့်မှု လက္ခဏာတွေ့ရှိပါက ဆရာဝန်ထံ အရောက်ပို့ပါ။

  • မျိုချမိလျှင် လူနာကို အော့အန်အောင် မပြုလုပ်ရ။ ရေတစ်ဖန်ခွက် အပြည့်တိုက်ပါ။

  • အရေပြားနှင့် ထိတွေ့မှုရှိပါက ဝတ်ထားသော အဝတ်များကို ဖယ်ရှား၍ ရေနှင့် အရေပြားကို သေချာစွာဆေးကြောပါ။

  • မျက်စိထဲဝင်မိလျှင် မျက်စိကိုဖွင့်ထားပြီး ရေသန့်သန့်ဖြင့် (၁၅)မိနစ်ခန့် ဆေးကြောပြီး ဆရာဝန်ထံသို့ ပြသပါ။

  • ဖြစ်ပေါ်သည့် လက္ခဏာအလိုက် ကုသရန် ဖြစ်ပါသည်။