ပျံလွှား ဇီဝမှိုသတ်ဆေး (ဩဂဲနစ်)
English Name :
Registration No :
ဘတ်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော အပင်ရောဂါများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။ အပင်ကြီးထွားမှုကို အားပေးသည်။
ဆေးနှုန်းထားနှင့် သုံးစွဲနည်းစနစ်
မြေတွင်ဖျန်းခြင်း - ရေ(၁၀၀)လီတာတွင် ဆေးရည် (၁၀၀၀) စီစီနှုန်း ဖျော်၍ မြေ(၃ ပေ x ၃ ပေ x ၃
ပေ) ထုထည်တွင် (၂၀၀) စီစီနှုန်းဖြင့် ပျိုးထုပ်၊ စိုက်မြေ၊ ပျိုးဘောင်ကို ညီညီညာညာ ရွှဲရွှဲစိုအောင်
ဖျန်းပါ။
ပျိုးပင်အမြစ်နှင့် မျိုးဥများစိမ်ခြင်း - ရေ (၁)လီတာတွင် ဆေးရည်(၁၀)စီစီနှုန်း ဖျော်၍ ပျိုးပင်၏
အမြစ်များ၊ မျိုးဥများ (ဥပမာ-ကြက်သွန်) ကိုင်းဖြတ်များ (ဥပမာ - ကွမ်းမျိုးကိုင်း) တို့ကို စိမ်ပြီးမှ
စိုက်ပါ။
မျိုးစေ့စီရင်ခြင်း - မျိုးစေ့ (၁)ကီလိုဂရမ်တွင် ဆေးရည် (၆)စီစီနှုန်း (လက်ဘက်ရည်ဇွန်း ၁ဇွန်းခွဲခန့်)
ဖြင့် မျိုးစေ့တွင် စွဲကပ်စေရန် ကော်ရည် (ဥပမာ- ထမင်းရည်) လိုသလောက် ရောစပ်ဖျော်ပြီး လူးနယ်
ပါ။
မျိုးစေ့အရွယ်အစားကြီးလျှင် ရေကို လိုအပ်သ လောက် ထည့်၍ ဖျော်ရည် ပွားယူပြီးမှ လူးနယ်ပါ။
ရွက်ဖျန်းသုံးခြင်း - (၁)ဧကလျှင် ဆေးရည် ၁၂၀၀ စီစီ ကို ရေ ၂၀၀ လီတာနှုန်း ဖျန်းပါ။ (ရေ
၁လီတာလျှင် ဆေးရည် ၆ စီစီနှုန်း)
အပင်ငယ်စဉ်တွင် စတင်ဖျန်းပါ။ ထိရောက်စွာ ကာကွယ်နှိမ်နင်းရေးအတွက် (၁၅)ရက်ခြား ဖျန်းပါ။
ဆေးရည် ဖျော်စပ်နည်း
ပျံလွှား ဇီဝမှိုသတ်ဆေး(၁)ကို ရေနှင့် ရောစပ်ပြီး သမအောင် မွှေပါ။ ထို့နောက် ၁၅ မိနစ်ခန့်ထားပြီး
ဆေးဖျန်းပုံး အတွင်းသို့ ပြောင်းထည့်ပါ။ နေ့ချင်းသုံး ပါ။ အောက်ခြေတွင် ထိုင်သော အနည်များသည်
ဘက်တီးရီးယားအချို့ပါရှိနေသေးသဖြင့် မြေပေါ်သို့ ဖြစ်စေ ၊ မြေဆွေးပုံတွင်ဖြစ်စေ သုံးစွဲနိုင်သည်။
တွဲဖက်အသုံးပြုနိုင်မှု
မှိုသတ်ဆေးများနှင့် တွဲဖက် သုံးစွဲနိုင်သည်။ သို့ရာတွင် ပေါင်းသတ်ဆေးများ ၊ ပိုးသတ်ဆေးများနှင့်
တစ်ပုံးထဲ ရောစပ်ခြင်း မပြုပါနှင့်။