အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သံပုရာသီးတွေ ဘာလို့အက်ကွဲလာတာလဲ

သံပုရာသီးတွေ ဘာလို့အက်ကွဲလာတာလဲ

Thein Soe Min
Thein Soe Min • 17/06/2021

    သံပုရာသီးတွေ အက်ကွဲလာတာမျိုးတွေ တွေ့ဖူးကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။ အချို့ကတော့ အာဟာရချို့တဲ့လို့ဖြစ်ကြတယ်လို့ ယူဆကြပါတယ်။ အာဟာရချို့တဲ့တာက အကြောင်းအရင်းတစ်ခုဆိုပေမယ့် တစ်ကယ်တော့ ဒါက ဒီထက်ပိုပါတယ်။ သံပုရာတစ်ခုတည်းမဟုတ်ဘဲ ရှောက်သံပုရာမျိုးနွယ်အပင်တွေမှာလည်း ဖြစ်တတ်တာမို့ လေ့လာထားသင့်ပါတယ်။ 

ရေငတ်တုန်း ရေတွင်းထဲကျတဲ့အချိန်

    သံပုရာပင်ဟာ ရေငတ်နေတာ၊ ခြောက်သွေ့နေတာကြာပြီး မိုးရွာချလိုက်တဲ့အခါမျိုးတွေမှာဆို အသီးရဲ့အခွံတွေ ကွဲထွက်ကုန်တာမျိုး ဖြစ်တတ်ပါတယ်။ အပူချိန်၊ စိုထိုင်းစနဲ့ မြေကြီးအစိုဓာတ် ရုတ်တရက် အပြောင်းအလဲဖြစ်သွားတဲ့အခြေအနေမျိုးမှာ ဒါမျိုးကြုံရတတ်ပါတယ်။ အပင်က ရေတအားခြောက်သွေ့နေပြီး ရုတ်တရက်ရေသွင်းလိုက်တာကလည်း ဒီလိုအခြေအနေမျိုးကို ဖန်တီးလိုက်တာကြောင့် အသီးခွံကွဲအက်လာတာမျိုး ဖြစ်နိုင်ပါတယ်။​

    သံပုရာက အမြစ်နက်နက်ဆင်းလေ့မရှိတာမို့ ရေမလောင်းဘဲ ကြာကြာထားပြီး ရေအများကြီးလောင်းတာမျိုးကိုတော့ သတိထားသင့်ပါတယ်။ အပင်က ရေရရှိမှုနည်းတဲ့အခါမှာ (ပတ်ဝန်းကျင်ကလည်း ပူမယ်၊ ခြောက်သွေ့မယ်) အသီးခွံက တင်းမာပြီး ကြွပ်ဆတ်နေတတ်ပါတယ်။​ အဲဒီအခါမျိုးမှာ ရေလောင်းလိုက်တာဟာ အပင်က ရေငတ်တုန်းရေတွင်းထဲကျသလိုဖြစ်ပြီး ရေကိုအဝသောက်လိုက်တဲ့အခါ အသီးတွင်းက ရေဓာတ်တွေများလာပြီး အသီးခွံလိုက်မဆန့်နိုင်တော့ဘဲ ကွဲသွားတာပါ။ 

အာဟာရချို့တဲ့တာ

    သံပုရာပင်က ပိုတက်ဆီယမ် သို့မဟုတ် ကယ်လဆီယမ်ဓာတ်ချို့တဲ့အခါမျိုးမှာ အခွံကပါးပြီး အားပျော့သွားတာကြောင့် အသီးကွဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်နဲ့ ကယ်လဆီယမ်ပါတဲ့ မြေသြဇာမျိုးကြွေးပေးရင် အသီးကွဲခြင်းကို လျော့ကျစေပါတယ်။​

အသီးတွေ အများကြီးသီးတဲ့အခါ

    အသီးကွဲခြင်းကလည်း အပင်က အသီးတင်တဲ့နှုန်း အလွန်များတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အသီးအများကြီးတင်လေလေ အသီးကွဲတာပိုများလေလေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲလို့ တွေးမိမှာပါ။​ အသီးအရေအတွက်များတဲ့အခါမှာ အပင်ကနေ ရေနဲ့ အာဟာရကို မျှမျှတတပို့ပေးနိုင်ဖို့က အားနည်းလာပါတယ်။ ဒီအချိန်မှာ အသီးသေးလာတာ အခွံပါးလာတာမျိုး ဖြစ်လာပါတယ်။​ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ ပိုတက်ဆီယမ်ပေးပို့မှုက ပိုနည်းလာတတ်ပါတယ်။​

     ဒါကြောင့် အသီးရာသီမတိုင်ခင်မှာ ရှင်းသင့်တဲ့ကိုင်းတွေရှင်းပေးတာက ကျန်..သီးမယ့်ကိုင်းတွေက အသီးတွေ ပိုကြီးပြီး အရည်အသွေးလည်း ပိုကောင်းစေပါတယ်။ 

သံပုရာအသီးကွဲခြင်းမှ ဘယ်လိုကာကွယ်ကြမလဲ

  • ရေကို ပုံမှန်လောင်းပေးပါ။ အကြာကြီးခြောက်သွေ့နေအောင် မထားပါနှင့်။ 

  • အချိုးညီပြီး အနည်းလိုအာဟာရဓာတ်တွေပါတဲ့  မြေသြဇာမျိုးကို သုံးစွဲပါ။ သဘာဝမြေသြဇာက အာဟာရဓာတ်မျိုးစုံပါဝင်တဲ့အပြင် သစ်ဆွေးဓာတ်က ရေအစိုဓာတ်ကိုပါ ထိန်းပေးနိုင်တာကြောင့် သဘာဝမြေသြဇာများများသုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။​

  • ရောဂါကျတဲ့ကိုင်း၊ ကိုင်းသိမ်ကိုင်းညှပ်၊ ကြပ်နေတဲ့ကိုင်းတွေကို ရှင်းပေး၊ ကိုင်းချိုင်ပေးပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါ။ 

ကိုးကား - Deep Green Permaculture

 

သံပုရာအသီးဘာလို့မတင်တာလဲ ဆိုတာ သိလိုပါက ခေါင်းစဉ်ကိုနှိပ်ပြီး ဖတ်နိုင်ပါတယ်။ 

1
‌Than Than

‌Than Than

လွန်ခဲ့သော ၉ လ က

အရွက်ဝါကြွေအသီးနွမ်းလာခြင်းကိုဘယ်လိုပြုပြင်ရမလဲရှင့်

You

ဆက်စပ်မေးခွန်းများ

မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။

Kyaw Soe Naing • ဖြေကြားချက် 1 ခု

ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ

Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

လိူင်စိုး • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။