ကိုင်းချိုင်ခြင်း (Pruning)

30/07/2020 15:00 PM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကိုင်းချိုင်ခြင်း(pruning) ဆိုတာ ဘာလဲ?

     ကိုင်းချိုင်ခြင်းဆိုတာ ဥယျာဥ်ခြံစိုက်ပျိိုးရေးနှင့် သစ်တောသစ်ပင်ကြီးများ စိုက်ပျိုးရေးအတတ်ပညာတွေကို ပြောပါတယ်။ အပင်တစ်ပင်၏ လိုသည်ထက်ပိုနေသော/ မလိုလားအပ်သော အကိုင်းများ၊ အဖူးများ၊ အမြစ်များ၏ အချို့သော အစိတ်အပိုင်းများကို ရှင်းလင်းဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။

ဘာကြောင့် ကိုင်းချိုင်ခြင်း လုပ်သင့်တာလဲ?

     1. သေနေသော၊ရောဂါကျနေသော အကိုင်းအတက်များ၊ ပင်စည်များကို ဖယ်ရှား၍ ပြန်လည်နုပျိုလာစေရန် နှင့် ပိုမိုကျန်းမာကြီးထွားလာစေရန် 

     2. သီးခြားနေရာတစ်ခုမှ ကြီးထွားမှုညီညာစေရန်၊ အရွယ်အစားနှင့် ပုံစံကို ထိန်းချုပ်ရန်၊ အသီးဆွတ်ခူးရ ပိုမိုလွယ်ကူစေရန်

    3.အကိုင်းသစ်၊အတက်သစ်များမှ ပန်းပွင့်နှုန်းနှင့် အသီးသီးနှုန်းကို ပိုမိုကောင်းလာစေရန် 

     4. အပင်တွင်း လေဝင်လေထွက်ကောင်း၍ ဖျက်ပိုးနှင့် ရောဂါများပျံနှံံမှုကို ကာကွယ်နိုင်ရန်

     5. အပင်တွင်း အလင်းထိုးဖောက်မှုပိုမိုကောင်း၍ အသီးရင့်မှည့်ခြင်းကို အားပေးရန်

ကိုင်းချိုင်ခြင်းကို ဘယ်ချိန်မှာ လုပ်သင့်တာလဲ?

     ကိုင်းချိုင်းခြင်းကို အပင်မျိုးစိတ်များပေါ်မူတည်၍ အချိန်ကာလအမျိုးမျိုး၌ ပြုလုပ်ကြပါတယ်။ အပင်၏အစိတ်အပိုင်းကြီးထွားမှု ပြည့်စုံသွားပြီးချိန်၊ ပန်းပွင့်ပြီးချိန်၊ မိမိတို့လိုအပ်သောအသုံးချအစိတ်အပိုင်းများရယူပြီးချိန်တွင် ကိုင်းချိုင်ခြင်းကို ပြုလုပ်လေ့ရှိပါတယ်။ 

     ပန်းသီးပင်၊ သစ်တော်ပင်- ဆောင်းရာသီတိုင်းမှာ ကိုင်းချိုင်ပေး လျှင် နောက်ရာသီများတွင် အသီး အားကောင်းစေပါတယ်။ သတိပြုစရာတစ်ခုမှာ တစ်ခါတစ်ရံ ရာသီဥတုမတည်ငြိမ်မှုကြောင့် သစ်တော်သီးပင်များ နှစ်နှစ်တစ်ကြိမ်သီး ဖြစ်လာနိုင်ပါတယ်။ သို့သော် ဒုတိယရာသီ၌ အသီးအရည်အသွေးပိုမိုကောင်း၍ ပိုသီးနိုင်ပါတယ်။ 

     သံလွင်ပင်၊ သဖန်းပင်၊ ရှောက်၊သံပုရာ၊လိမ္မော်ပင်- အသီးများဆွတ်ခူးပြီးချိန်တွင် ကိုင်းချိုင်လေ့ရှိကြပါတယ်။ အအေးပိုင်းဒေသများတွင်  ရှောက်၊သံပုရာ၊လိမ္မော်ပင်များကို ဆီးနှင်းခဲပြီးချိန်(အအေးဆုံးအချိန်)ထိတိုင်အောင် ကိုင်းချိုင်ခြင်းမလုပ်သင့်ပါ။ ထို့ပြင် နှစ်တိုင်း ကိုင်းချိုင်ရန် မလိုအပ်ပါ။ 

     မက်မွန်မျိုးနွယ်ဝင်အပင်များ၊ ဇီးသီးပင်- အသီးသီးပြီး နွေနှောင်း ပိုင်းတွင် ကိုင်းချိုင်သင့်ပါတယ်။ သို့သော် လိုအပ်လျှင် ဆောင်းဦးပိုင်းတွင် လည်း ကိုင်းချိုင်နိုင်၍ ဖြတ်ပိုင်းဒဏ်ရာမှ ရေဝင်ခြင်းနှင့် ရောဂါဝင်ရောက်မှုကို ကာကွယ်နိုင်သည်။ ရာသီတိုင်း ကိုင်းချိုင်ရန် မလိုအပ်ပါ။ ထို့ပြင် မှိုရောဂါများ ဝင်ရောက်ပျံနှံ့မှုမဖြစ်စေရန် ဆောင်းလယ်ပိုင်းတွင် ကိုင်းချိုင်ခြင်း မပြုလုပ်သင့်ပါ။ 

     စပျစ်ပင်၊ ကီဝီပင်- ဆောင်းတွင်း၌ ကိုင်းချိုင်ခြင်းပြုလုပ်လေ့ရှိ ပါတယ်။ 

     ချယ်ရီပန်းပင်၊ ဗလူးဗယ်ရီပင်- ပုံစံအတွက်အခြားအပင်များကဲ့သို့ ကိုင်းချိုင်ခြင်း အများအပြားလုပ်ရန် မလိုအပ်ပါ။ အသီးသီးပြီးချိန် နွေရာသီနှင့် ဆောင်းဦးပိုင်းတွင် ကိုင်းချိုင်ရန် အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ 

ဘယ်လို ကိုင်းချိုင်သင့်သလဲ? 

- မှိုရောဂါများပျံ့နှံ့မှု ကန့်သတ်နိုင်ရန် ခြောက်သွေ့သောနေ့တွင် ကိုင်းချိုင်ရမည်။ 

- ထက်သော ထိပ်ညှိကပ်ကြေးကိုသာ အသုံးပြုရမည်။ 

- ပုံမှန် ညင်သာစွာဖြင့် ကိုင်းချိုင်ခြင်း ပြုလုပ်ရမည်။ 

- ဖြတ်ပိုင်းဒဏ်ရာမှ ရေဝင်ခြင်းနှင့် ရောဂါဝင်ရောက်မှု မဖြစ်စေရန် ၄၅ ဒီဂရီ ထောင့်တိုင်းစောင်း၍ ဖြတ်ရမည်။ 

- ပင်မအကိုင်းနှင့် ကပ်လျှက် အတက်အားလုံးကို ဖယ်ရှားရာ၍ အတော်အသင့် ငုတ်တိုလေးများ ချန်ထားရမည်။ 

- ကိုင်းချိုင်ထားသော အကိုင်းများ ၊ ဖြတ်စများ၊ သေနေသော၊ရောဂါကျနေသော အကိုင်းများအားလုံးကို ဖယ်ရှားပစ်ရမည်။ 

- ကိုင်းချိုင်ပြီးချိန်တွင် အသုံးပြုကိရိယာများကို သန့်ရှင်းရေးလုပ်ရမည်။

- ၂.၅ စင်တီမီတာထက်ရှည်သော ဖြတ်ပိုင်းဒဏ်ရာများကို ရေလုံတိပ်/ ကော် များဖြင့် အလုံပိတ်ထားရမည်။ 

- ကိုင်းချိုင်ပြီးချိန်တွင် ဆောင်းတွင်း၌ကျရောက်တတ်သော ရောဂါများလုံးဝဖယ်ရှားပစ်ရန် အချို့သီးပင်များကို ကော့ပါး(copper)အခြေခံသော ရွက်ကြွေဖျန်းဆေးများ ဖျန်းပေးသင့်သည်။ 

     ထို့ကြောင့် ကိုင်းချိုင်ခြင်းမှန်ကန်လျှင် အပွင့်၊ အရွက်၊ အသီးတို့ အထွက်နှုန်းပိုတိုးလာ၍ ရောဂါထိန်းချုပ်နိုင်ရုံသာမက အရွယ်အစား၊ ပုံစံကိုပါ ထိန်းချုပ်နိုင်၍ ပြန်လည်နုပျိုလာနိုင်သော အကျိုးကို ရစေပါတယ်။ သို့သော် ကိုင်းချိုင်ရာ၌ အချိန်ကာလ/ နည်းစနစ် မမှန်ကန်ခဲ့လျှင် အပင်ပျက်စီး၊ သေဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။

မသိင်္ဂီလှိုင်

https://tuigarden.co.nz/ideas-and-inspiration/fruit-tree-pruning-guide/ 

https://en.m.wikipedia.org/wiki/Pruning

https://extension.uga.edu/publications/detail.html?number=B949&title=Basic%20Principles%20of%20Pruning%20Woody%20Plants

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်