သံပုရာပင် ဘာလို့အသီးမတင်တာလဲ
တစ်ခါတစ်ရံမှာ သံပုရာပင်က အပင်ကောင်းပြီး အသီးမတင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ အသီးမတင်တဲ့အပင်ကိုကြည့်ပြီး စိတ်ညစ်နေမယ့်အစား ဒီငါးချက်ကို စစ်ဆေးကြည့်ပေးပါ။
၁။ အာဟာရထည့်ပေးဖို့လိုအပ်တာ
သံပုရာအသီးသီးဖို့အတွက် လိုအပ်တဲ့အာဟာရတွေ ရရှိနေဖို့လိုအပ်ပါတယ်။ အာဟာရတစ်ခုခု ချို့တဲ့နေပြီဆိုရင်တော့ ပန်းမပွင့်တာ အသီးမတင်တာမျိုး ဖြစ်တတ်ပါတယ်။ နိုက်ထရိုဂျင်လည်း လိုအပ်သလို ဖောစဖောရပ်လည်း လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ မြေကြီးရဲ့ ချဉ်ငန်ဓာတ် (pH) ကိုလည်း စစ်ကြည့်ဖို့ လိုအပ်နေပါသေးတယ်။ သံပုရာပန်းပွင့်ဖို့အတွက် ဖော့စဖောရပ် (တီစူပါ) ဓာတ်က အထူးအရေးပါပါတယ်။
၂။ လုံလောက်တဲ့ အပူချိန်မရတာ
သံပုရာရဲ့အပူချိန်လိုအပ်ချက်က အခြား ရှောက်သံပုရာမျိုးနွယ်တွေထက် မြင့်ပါတယ်။ ဒီနှစ်အသီးမတင်တာ မသီးတာက အရင်နှစ်က လိုအပ်တဲ့အပူချိန်ပမာဏကို မရလို့ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သံပုရာပင်ကို နေရောင်မရအောင် ကွယ်ထားတဲ့ အခြားအပင်တွေ၊ အမိုးအကာတွေရှိနေလား စစ်ပေးပါ။
၃။ စနစ်တကျကိုင်းမချိုင်တာ
ကိုင်းချိုင်ပေးတာ၊ ရှင်းပေးတာ၊ ကိုင်းသိမ်ကိုင်းညှက်တွေ ဖယ်တာ၊ ရောဂါရနေတဲ့ကိုင်းပိုးကျတဲ့ကိုင်းတွေ ခုတ်တာတွေက လုပ်ဖို့လိုအပ်ပါတယ်။ တစ်ခါတစ်ရံ အပင်ကြည့်ကောင်းအောင်ဆိုပြီး အဖူးထွက်မယ့်ကိုင်းတွေပါ ခုတ်ပစ်တာမျိုးတော့ မလုပ်သင့်ပါဘူး။ သံပုရာကိုင်းတွေရဲ့ အဖျားပိုင်းတွေမှာ အဖူးထွက်မယ့်ကိုင်းတွေရှိပါတယ်။ ဒါတွေကို ဖြတ်လိုက်ရင် နောက်နှစ်မှာ အသီးမတင်တော့ဘဲ ဖြစ်သွားတတ်ပါတယ်။
၄။ ရေသွင်းရေထုတ် ကောင်းကောင်းမလုပ်တာ
သံပုရာပင်က ရေကြိုက်ပါတယ်။ ဒါပေမယ့် အရမ်းစိုနေတာ၊ အချိန်ပြည့်ရေအိုင်နေတာမျိုး မကြိုက်ပါဘူး။ အပွင့်တွေ ကြွေကျတာမျိုး၊ အရွက်တွေ ကြွေကျတာမျိုး ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ရေကို ညီညီမျှမျှလောင်းမပေးတာမျိုးဆိုရင်လည်း အပွင့်ကြွေ၊ အရွက်ကြွေတာတွေ ဖြစ်တတ်ပါတယ်။
၅။ သဘာဝအရကို ဖြစ်တာ
တစ်ခါတစ်ရံမှာ အသီးမတင်တာတွေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ရာသီဥတုဒဏ်တစ်ခုခု သက်ရောက်မှုရှိလာတဲ့အခါမှာ အပင်ရဲ့သဘာဝအရ ဒီနှစ်အသီးမသီးပဲ နောက်နှစ်အတွက် အားတွေချန်လိုက်တာမျိုးပါ။ ဒါမျိုး စောစောကြိုသတိထားမိရင်တော့ အိမ်တွင်းပင်ဆို အရိပ်ကြဲလေးမိုးပေးတာမျိုး၊ စိုက်ခင်းမှာဆိုရင်တော့ ကောက်ရိုးနဲ့ မြေဖုံးပေးတာမျိုး၊ ရေကို စနစ်တကျလောင်းတာမျိုး လုပ်ပေးပါ။
သံပုရာပင်အသီးတင်ဖို့ဘာတွေလုပ်ဖို့လိုအပ်လဲ ဆောင်းပါးကိုလည်း ဖတ်ကြည့်ဖို့ အားပေးပါတယ်။
Ref: Gardeningknowhow
အမည်မသိ
လွန်ခဲ့သော ၁ နှစ် ကအသီးတင်ရန်နည်းလမ်းကောင်းများပြေပြပါ
အမည်မသိ
လွန်ခဲ့သော ၁ နှစ် ကအသီးတင်ရန်ဘာလုပ်ရမလဲ
Ko Bo Bo
လွန်ခဲ့သော ၅ နှစ် ကအစေ့စိုက်ဆို ၂-၃ နှစ်။ ကိုင်းကူးဆိုရင် ၆လလောက်ဆို အသီးစထားလို့ရပြီ
မျိုးမင်းပိုင်
လွန်ခဲ့သော ၅ နှစ် ကသံပုရာပင်ဟာ အသီးဝင်ဖို့ ဘယ်နှနှစ်သား အရွယ်ထိ စောင့်ရပါသလဲဗျာ့
ဘိုကံ
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးပါဗျာ သိချင်နေတာ
ဆက်စပ်မေးခွန်းများ
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
ယခုလက်ရှိ ရာသီဥတုနဲ့ဆို ဘာပဲအမျိုးအစားကို ရွေးချယ်ပီးစိုက်သင့်ပါသလဲ
Sa Paing Ko Ko Win • ဖြေကြားချက် 4 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Thein Soe Min
အားလုံး
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026