အပင်အတွက် မရှိမဖြစ်လိုအပ်သော အဟာရများ
မြေကြီးထဲတွင် အပင်အတွက် လိုအပ်သော အဟာရ များစွာ ရှိပါသည်။ ထိုအာဟာရ များစွာထဲတွင် မရှိမဖြစ် လိုအပ်သော အဟာရ (၁၆) မျိုးရှိပါသည်။ ထို(၁၆) မျိုးထဲမှ ကာဗွန်(C)၊ ဟိုက်ထရိုဂျင် (H2) နှင့်အောက်ဆီဂျင် (O2) အဟာရဓာတ် သုံးမျိုးမှာ လေနှင့်ရေထဲမှ အလွယ်တကူ ရရှိနိုင်ပါသည်။ ကျန်အဟာရဓာတ် (၁၃)မျိုး ကို မြေကြီးထဲမှာ ရယူလေ့ရှိပြီး အုပ်စုအားဖြင့် ပထမအများလို အဟာရဓာတ်များမှာ နိုက်ထရိုဂျင် ၊ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ် တို့ဖြစ်သည်။ ဒုတိယအများလို အုပ်စုမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဆာလဖာ တို့ဖြစ်သည်။ အနည်းလို အဟာရဓာတ်များမှာ သံ၊ မဂ္ဂနိ၊ ဇင့်၊ ကောပါး၊ ဘိုရွင်နှင့် မော်လဒီနမ် တို့ဖြစ်သည်။
|
အဟာရ ဓာတ်များ |
ယေဘုယျချို့တဲ့ လက္ခဏာများ |
ချို့တဲ့ရသော အကြောင်းအရင်း |
ပြန်လည်ထိန်းသိမ်းနည်း |
|
နိုက်ထရိုဂျင် (N)
|
အရွက်ဝါခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း၊ အောက်အရွက်များ ညိုလာခြင်း၊ အရွက်ကြွေခြင်း |
မြေကြီးအတွင်း နိုင်ထရိုဂျင် အဟာရနည်းပါးခြင်း၊ မြေကြီးမှ အဟာရဓာတ်များ စီးမျောသွားခြင်း၊ အဟာရေကၽြးပံု နည်းမကျခြင်း |
သဘာဝမသြဇာများ ကျွေးခြင်း၊ ပဲမျိုးစုံ စိုက်ပျိုးခြင်း သို့မဟုတ် သစ်စိမ်းမြေသြဇာ ပြုလုပ်ခြင်း၊ ပုလဲ ဓာတ်မြေသြဇာ ထည့်သွင်းခြင်း |
|
ဖော့စဖောရပ် (P) |
အပင်သေးငယ်ခြင်း၊ အရွက်များ ခရမ်းရောင်သန်းလာခြင်း၊ အပင်ကြီးထွားမှု နှေးကွေးခြင်း၊ အပင်ကြံခိုင်မှုအားနည်းခြင်း |
မြေကြီးတွင်း ဖော့စဖောရပ် အဟာရနည်းပါးခြင်း၊ မြေကြီးအေးခြင်း၊ စိုစွတ်လွန်ကဲခြင်း၊ အဟာရေကၽြးပံု နည်းမကျခြင်း |
အရိုးမှုန့်၊ သဘာဝမြေသြဇာ၊ တီစူပါ ဓာတ်မြေသြဇာ ထည့်သွင်းခြင်း |
|
ပိုတက်ဆီယမ် (K) |
အပင်သေးငယ်ခြင်း၊ အောက်ရွက်နားများ အညို ရောင်ဖြစ်ပေါ်ခြင်း၊ ပင်စည် အားနည်း ၍ သေးငယ်ခြင်း၊ အပင်ယိုင်လဲခြင်း၊ အထွက်နှုန်း ကျခြင်းနှင့် အရည်အသွေးကျခြင်း
|
မြေကြီးတွင်း ပိုတက်ဆီယမ် အဟာရ နည်းပါးခြင်း၊ မြေကြီးမှ အဟာရ ဓာတ်များ စီးမျော သွားခြင်း၊ အဟာရကျွေးပုံ နည်းမကျခြင်း |
ပြာ၊ သဘာဝမြေသြဇာ၊ ပိုတက်ရှ် ဓာတ်မြေသြဇာ ထည့်သွင်းခြင်း |
|
ကယ်လ်ဆီယမ် (Ca) |
အပင်သေးငယ်ခြင်း၊ အဖူးငုံများပုံစံပျက်ခြင်း၊ အပင်များမရှင်သန်နိုင်ခြင်း၊ အသီးဖြစ်ထွန်းမှုအားနည်းခြင်း |
မြေချဉ်ခြင်း၊ မြေကြီးမှ အဟာရဓာတ်များ စီးမျောသွားခြင်း၊ ထုံးထည့်သွင်းမှု နည်းမကျခြင်း |
ထုံး၊ ကယ်လ်ဆီယမ် ပါဝင်သော ဓာတ်မြေသြဇာ ထည့်သွင်းခြင်း |
|
မဂ္ဂနီဆီယမ် (Mg) |
အောက်ရွက်များ (များသောအားဖြင့်) ရွက်ကြောနေရာများသာ စိမ်းပြီး ကျန်နေရာများ ဝါခြင်း |
မြေချဉ်ခြင်း၊ မြေကြီးမှ အဟာရဓာတ်များ စီးမျောသွားခြင်း၊ မဂ္ဂနီဆီယမ်ပါဝင်သော မြေသြဇာများ မထည့်သွင်းခြင်း |
မဂ္ဂနီဆီယမ်ပါသော မြေသြဇာထည့်သွင်းခြင်း |
|
ဆာလဖာ (S) |
အပင်ဝါခြင်း၊ အပင်ကြီးထွား မှုနှေးခြင်း၊ သန်စွမ်းမှု အားနည်းခြင်း၊ နိုက်ထရိုဂျင်မြေသြဇာအား အပင်မှ မတုန့်ပြန်နိုင်ခြင်း (နိုက်ထရိုဂျင် ဓာတ်အား အပင်မှ မရယူနိုင်ခြင်း)၊ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းခြင်း |
မြေကြီးတွင် ဆာလဖာဓာတ် အားနည်းနေခြင်း၊ မြေကြီးမှ အဟာရ ဓာတ်များ စီးမျော သွားခြင်း၊ မြေကြီးတွင် မြေဆွေး ပါဝင်မှု အားနည်းခြင်း၊ ဆာလဖာ ပါဝင်သော မြေသြဇာ ထည့်သွင်းမှုမရှိခြင်း |
ဆာလဖာပါသော မြေသြဇာ ထည့်သွင်းခြင်း |
|
မဂၢနိ (Mn) |
ရွက်ကြောများကြား ဝါခြင်း၊ အပင်ပုခြင်း၊ အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းခြင်း |
မြေကြီးတွင် မဂ္ဂနိပါဝင်မှုအားနည်းခြင်း၊ ထုံးထည့်သွင်းမှု များသောကြောင့် မြေငန်ခြင်း |
မြေချဉ်ငန်ဓာတ်ကို လျော့ချခြင်း၊ မဂ္ဂနိပါသော ရွက်ဖြန်းဆေးဖြန်းခြင်း သို့မဟုတ် မဂ္ဂနိပါသော မြေသြဇာ ထည့်သွင်းခြင်း |
|
ဇင့် (Nn) |
အရွက်ပေါ်တွင် အဝါကွက်များ ပေါ်လာခြင်း၊ အပင်ကြီးထွားမှု နှေးခြင်း၊ ရွက်ကြောနှင့်အပြိုင် အဖြူရောင် အဆင်းများ ပေါ်လာခြင်း |
မြေကြီးတွင် ဇင့်ဓာတ်ပါဝင်မှု အားနည်းခြင်း ၊ မြေငန်ခြင်း ၊ ဖော့စဖိတ်ဓာတ် မြင့်လွန်းခြင်း |
မြေချဉ်ငန်ဓာတ်ကို လျော့ချခြင်း၊ ဇင့်ဓာတ်ပါဝင်သော ရွက်ဖြန်း သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း၊ |
|
ကောပါး (Cu) |
အပင်ကြီးထွားမှု လျော့ကျခြင်း၊ ရွက်ဖျားများ မှစ၍ ခြောက်သွေ့လာခြင်း၊ ရွက်ဖျားများ ကွေးကျလာခြင်း၊ အရွက်များ ပျက်စီးခြင်း |
မြေကြီးတွင် ကောပါးဓာတ် အားနည်းခြင်း၊ မြေဆွေးပါဝင်မှု မြင့်မားလွန်းခြင်း |
ကောပါးဓာတ် ပါဝင်သော ရွက်ဖြန်းမြေသြဇာ အသုံးပြုခြင်း သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း |
|
ဘိုရွန် (B) |
ထိပ်ဖျားအဖူးများ သေခြင်း၊ အပင်ပု၍ ကိုင်းခွဲများစွာ ထွက်ခြင်း၊ အသီးများ သေး၍ ပုံပျက်ခြင်း၊ အလယ် အူတိုင်များ ပွခြင်း (သို့) အခေါင်းပေါက် များဖြစ်ခြင်း၊ အသီးပေါ်တွင် အစက်အပြောက် များပေါ်လာခြင်း |
မြေကြီးတွင် ဘိုရွင်ဓာတ် အားနည်းခြင်း (သဲဆန်သော မြေများတွင် အဖြစ်များသည်) |
ဘိုရွန်ဓာတ် ပါဝင်သော ရွက်ဖြန်းမြေသြဇာ အသုံးပြုခြင်း သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း |
Khun Kyaw Aye
လွန်ခဲ့သော ၄ နှစ် ကဆရာကြိး ငရုတ်အညာခိုင်အောင် ဘာဓာ်လိုလဲဗျ
ဆက်စပ်မေးခွန်းများ
ကျတော့်ကွမ်းယခုလက်ရှိအရွက်ဖျားမာလှိမ့်နေပါတယ်ပိုးမွားလဲမတွေ့ဘူးအရွက်ကြားမာမရှိဘူးဘာကြောင့်လဲသိရင်မျဝေပေးကြပါမိတ်ဆွေတို့ခဗျ ဘာကြောင်းကြောင့်လဲမြေဆီလွာကြောင့်လားအဟာရကြောင့်လားခဗျကူညီပေးပါခဗျ
ko ko chit • ဖြေကြားချက် 2 ခု
ပျိုးပင်များကိုစွမ်းထက်EMအရည်များဖြန်းပေးလို့ရမလားဗျ။
U Win Zaw • ဖြေကြားချက် 2 ခု
ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။
Nova Nova • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၃၀ရက်သားမှာ၄ဧကကို၁၆ပတ်လည်၁အိတ်ပုလဲ၁အိတ်၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ်၇၀ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်နောက်ဆုံးအပတ်ရက်၁၀၀သားပတ်ရမလား၁၁၀ရက်သားမှပတ်ရမလားခဗျပုလဲဆာလ်ဖာအရောပတ်သင့်လားဒါမှမဟုတ်ပုလဲဇင့်အရောပတ်သင့်လားခဗျအခုကရက်၇၀သားရောက်ပါပြီမြေစီကျွေးရက်မှန်လားခဗျာနောက်ဆုံးအပတ်ဘယ်အလံရွက်ထွက်ချိန်ကျွေးရမလားပန်းစပွင့်ချိန်ကျွေးရမလားခဗျ
kyaw zin • ဖြေကြားချက် 3 ခု
ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရောပတ်တာကောကောင်းလားဗျ...ပဲစင်းငုံပင်အဓိကလိုအပ်တဲ့အဟာရဘာလဲဗျ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026