အပင်အတွက် မရှိမဖြစ်လိုအပ်သော အဟာရများ

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြေကြီးထဲတွင် အပင်အတွက် လိုအပ်သော အဟာရ များစွာ ရှိပါသည်။ ထိုအာဟာရ များစွာထဲတွင် မရှိမဖြစ် လိုအပ်သော အဟာရ (၁၆) မျိုးရှိပါသည်။ ထို(၁၆) မျိုးထဲမှ ကာဗွန်(C)၊ ဟိုက်ထရိုဂျင် (H2) နှင့်အောက်ဆီဂျင် (O2) အဟာရဓာတ် သုံးမျိုးမှာ လေနှင့်ရေထဲမှ အလွယ်တကူ ရရှိနိုင်ပါသည်။ ကျန်အဟာရဓာတ် (၁၃)မျိုး ကို မြေကြီးထဲမှာ ရယူလေ့ရှိပြီး အုပ်စုအားဖြင့် ပထမအများလို အဟာရဓာတ်များမှာ နိုက်ထရိုဂျင် ၊ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ် တို့ဖြစ်သည်။ ဒုတိယအများလို အုပ်စုမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဆာလဖာ တို့ဖြစ်သည်။ အနည်းလို အဟာရဓာတ်များမှာ သံ၊ မဂ္ဂနိ၊ ဇင့်၊ ကောပါး၊ ဘိုရွင်နှင့် မော်လဒီနမ် တို့ဖြစ်သည်။

 

အဟာရ

ဓာတ်များ

ယေဘုယျချို့တဲ့

လက္ခဏာများ

ချို့တဲ့ရသော

အကြောင်းအရင်း

ပြန်လည်ထိန်းသိမ်းနည်း

နိုက်ထရိုဂျင်

(N)

 

အရွက်ဝါခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း၊

အောက်အရွက်များ ညိုလာခြင်း၊ အရွက်ကြွေခြင်း

မြေကြီးအတွင်း နိုင်ထရိုဂျင် အဟာရနည်းပါးခြင်း၊

မြေကြီးမှ အဟာရဓာတ်များ

စီးမျောသွားခြင်း၊

အဟာရေကၽြးပံု

နည်းမကျခြင်း

သဘာဝမသြဇာများ ကျွေးခြင်း၊

ပဲမျိုးစုံ စိုက်ပျိုးခြင်း

သို့မဟုတ်

သစ်စိမ်းမြေသြဇာ ပြုလုပ်ခြင်း၊

ပုလဲ ဓာတ်မြေသြဇာ ထည့်သွင်းခြင်း

ဖော့စဖောရပ်

(P)

အပင်သေးငယ်ခြင်း၊ အရွက်များ ခရမ်းရောင်သန်းလာခြင်း၊ အပင်ကြီးထွားမှု နှေးကွေးခြင်း၊ အပင်ကြံခိုင်မှုအားနည်းခြင်း

မြေကြီးတွင်း ဖော့စဖောရပ် အဟာရနည်းပါးခြင်း၊

မြေကြီးအေးခြင်း၊

စိုစွတ်လွန်ကဲခြင်း၊

အဟာရေကၽြးပံု

နည်းမကျခြင်း

အရိုးမှုန့်၊ သဘာဝမြေသြဇာ၊

တီစူပါ ဓာတ်မြေသြဇာ

ထည့်သွင်းခြင်း

ပိုတက်ဆီယမ်

(K)

အပင်သေးငယ်ခြင်း၊ အောက်ရွက်နားများ အညို ရောင်ဖြစ်ပေါ်ခြင်း၊

ပင်စည် အားနည်း ၍ သေးငယ်ခြင်း၊ အပင်ယိုင်လဲခြင်း၊

အထွက်နှုန်း ကျခြင်းနှင့် အရည်အသွေးကျခြင်း

 

မြေကြီးတွင်း ပိုတက်ဆီယမ်

အဟာရ နည်းပါးခြင်း၊

မြေကြီးမှ အဟာရ

ဓာတ်များ စီးမျော သွားခြင်း၊ အဟာရကျွေးပုံ

နည်းမကျခြင်း

ပြာ၊ သဘာဝမြေသြဇာ၊

ပိုတက်ရှ် ဓာတ်မြေသြဇာ

ထည့်သွင်းခြင်း

ကယ်လ်ဆီယမ်

(Ca)

အပင်သေးငယ်ခြင်း၊ အဖူးငုံများပုံစံပျက်ခြင်း၊ အပင်များမရှင်သန်နိုင်ခြင်း၊ အသီးဖြစ်ထွန်းမှုအားနည်းခြင်း

မြေချဉ်ခြင်း၊ မြေကြီးမှ အဟာရဓာတ်များ

စီးမျောသွားခြင်း၊

ထုံးထည့်သွင်းမှု

နည်းမကျခြင်း

ထုံး၊ ကယ်လ်ဆီယမ်

ပါဝင်သော ဓာတ်မြေသြဇာ

ထည့်သွင်းခြင်း

မဂ္ဂနီဆီယမ်

(Mg)

အောက်ရွက်များ (များသောအားဖြင့်) ရွက်ကြောနေရာများသာ စိမ်းပြီး ကျန်နေရာများ ဝါခြင်း

မြေချဉ်ခြင်း၊ မြေကြီးမှ အဟာရဓာတ်များ

စီးမျောသွားခြင်း၊ မဂ္ဂနီဆီယမ်ပါဝင်သော

မြေသြဇာများ

မထည့်သွင်းခြင်း

မဂ္ဂနီဆီယမ်ပါသော

မြေသြဇာထည့်သွင်းခြင်း

ဆာလဖာ

(S)

အပင်ဝါခြင်း၊ အပင်ကြီးထွား မှုနှေးခြင်း၊ သန်စွမ်းမှု အားနည်းခြင်း၊

နိုက်ထရိုဂျင်မြေသြဇာအား အပင်မှ မတုန့်ပြန်နိုင်ခြင်း

(နိုက်ထရိုဂျင် ဓာတ်အား အပင်မှ မရယူနိုင်ခြင်း)၊ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းခြင်း

မြေကြီးတွင် ဆာလဖာဓာတ် အားနည်းနေခြင်း၊

မြေကြီးမှ အဟာရ

ဓာတ်များ စီးမျော သွားခြင်း၊

မြေကြီးတွင် မြေဆွေး

ပါဝင်မှု အားနည်းခြင်း၊ ဆာလဖာ ပါဝင်သော မြေသြဇာ ထည့်သွင်းမှုမရှိခြင်း

ဆာလဖာပါသော

မြေသြဇာ

ထည့်သွင်းခြင်း

မဂၢနိ

(Mn)

ရွက်ကြောများကြား ဝါခြင်း၊ အပင်ပုခြင်း၊ အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းခြင်း

မြေကြီးတွင် မဂ္ဂနိပါဝင်မှုအားနည်းခြင်း၊ ထုံးထည့်သွင်းမှု များသောကြောင့် မြေငန်ခြင်း

မြေချဉ်ငန်ဓာတ်ကို လျော့ချခြင်း၊ မဂ္ဂနိပါသော ရွက်ဖြန်းဆေးဖြန်းခြင်း

သို့မဟုတ် မဂ္ဂနိပါသော မြေသြဇာ ထည့်သွင်းခြင်း

ဇင့်

(Nn)

အရွက်ပေါ်တွင် အဝါကွက်များ ပေါ်လာခြင်း၊ အပင်ကြီးထွားမှု နှေးခြင်း၊ ရွက်ကြောနှင့်အပြိုင် အဖြူရောင် အဆင်းများ ပေါ်လာခြင်း

မြေကြီးတွင် ဇင့်ဓာတ်ပါဝင်မှု အားနည်းခြင်း ၊ မြေငန်ခြင်း ၊ ဖော့စဖိတ်ဓာတ် မြင့်လွန်းခြင်း

မြေချဉ်ငန်ဓာတ်ကို လျော့ချခြင်း၊ ဇင့်ဓာတ်ပါဝင်သော ရွက်ဖြန်း

သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း၊

ကောပါး

(Cu)

အပင်ကြီးထွားမှု လျော့ကျခြင်း၊ ရွက်ဖျားများ မှစ၍ ခြောက်သွေ့လာခြင်း၊ ရွက်ဖျားများ ကွေးကျလာခြင်း၊ အရွက်များ ပျက်စီးခြင်း

မြေကြီးတွင် ကောပါးဓာတ် အားနည်းခြင်း၊

မြေဆွေးပါဝင်မှု

မြင့်မားလွန်းခြင်း

ကောပါးဓာတ် ပါဝင်သော ရွက်ဖြန်းမြေသြဇာ အသုံးပြုခြင်း

သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း

ဘိုရွန်

(B)

ထိပ်ဖျားအဖူးများ သေခြင်း၊ အပင်ပု၍ ကိုင်းခွဲများစွာ ထွက်ခြင်း၊ အသီးများ သေး၍ ပုံပျက်ခြင်း၊

အလယ် အူတိုင်များ ပွခြင်း (သို့) အခေါင်းပေါက် များဖြစ်ခြင်း၊ အသီးပေါ်တွင် အစက်အပြောက် များပေါ်လာခြင်း

မြေကြီးတွင် ဘိုရွင်ဓာတ် အားနည်းခြင်း

(သဲဆန်သော မြေများတွင် အဖြစ်များသည်)

ဘိုရွန်ဓာတ် ပါဝင်သော ရွက်ဖြန်းမြေသြဇာ အသုံးပြုခြင်း သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်