ဒေါက်တာမြင့်သိန်းသည် တိရစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် B.V.S ဘွဲ့ရရှိခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ဆေးကုဌာနခွဲ၌ တိရစ္ဆာန်ဆေးကုဆရာဝန်အနေဖြင့် တာဝန်ထမ်းခဲ့ပါသည် ။ ယခုအခါတွင် တောရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်၍ ပညာပေးဆောင်းပါးများ ရေးသားလျက်ရှိပါသည် ။