ဒီတစ်ခေါက်က အပူပိုင်းဒေသက ပူပြင်းတဲ့ရာသီဥတုတွေမှာ ရှင်သန်နေတဲ့ အပင်လေး(CAM)တွေအကြောင်း

03/02/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းသောနေ့လေးဖြစ်ပါစေ။

ကန္တာရထဲကအပင်တွေ ဘယ်လိုများရှင်သန်နေကြသလဲ ဆိုတာကိုတွေးကြည့်မိဖူးလား။ တွေးဖူးတာပေါ့။ အဲ့တော့ ဒီတစ်ခေါက်က အပူပိုင်းဒေသက ပူပြင်းတဲ့ရာသီဥတုတွေမှာ ရှင်သန်နေတဲ့ အပင်လေးတွေအကြောင်းပြောကြတာပေါ့။အဲ့လိုအပင်လေးတွေကို CAM အပင်တွေလို့ ခေါ်ပါတယ်။ အရှည်ကတော့ Crassulacean Acid Metabolism ဖြစ်ပါတယ်။

ပုံမှန်အပင်တွေမှာဆိုရင်တော့ အောက်စီဂျင်တွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ဖလှယ်ပေးကြတဲ့ စတိုမာ ဆိုတဲ့အပေါက်လေးတွေပါကြပြီး နေ့ပိုင်းမှာ ပွင့်တတ်ကြပါတယ်။ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီးတော့ ကာဗွန်အက်တမ်လေးတွေနဲ့ သကြားချက်တယ်၊ ပရိုတင်းချက်တယ်၊ ပြီးတော့ တစ်ခြား အပင်တွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို လုပ်ဆောင်ပါတယ်။ ပုံမှန်ရိုးရိုးအပင်တွေမှာ နေရောင်ခြည်ကနေ စွမ်းအင်ကိုယူတဲ့အချိန်မှာ စတိုမာဆိုတဲ့အပေါက်ကလေးကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီးတော့ ကလိုရိုပလပ်ထဲမှာ ATP NADPH တွေကိုချက်လုပ်ပေးပါတယ်။ ပူပြင်းတဲ့အချိန်တွေရောက်သွားရင်တော့ အပင်ထဲက ရေဆုံးရှုံးမှုမရှိအောင်လို့ စတိုမာ အပေါက်လေးတွေကို ပိတ်လိုက်ပါတယ်။

အရမ်းပူတဲ့ နေရာဒေသတွေမှာရှင်သန်နေကြရတဲ့ အပင်လေးတွေကျတော့ ညဖက်ကျမှ အေးတာဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးနေတဲ့ စတိုမာလေးတွေ ဖွင့်ဖို့ ပိတ်ဖို့ကျတော့ အချိန်ဘယ်လိုညှိကြလဲ။ ညဖက်ဖွင့်မှ ရေဆုံးရှုံးမှုကို ဟန့်တားပေးနိုင်မှာမို့ ဖြစ်ပါတယ်။ နေ့ဖက်မှာ စတိုမာဖွင့်လိုက်ရင် ရေဆုံးရှုံးမှုများပြီးတော့ အပင်တွေချက်ချင်းလိုလို ညိုးသွားမှာဖြစ်ပါတယ်။

ဘယ်လိုထင်လဲ ညဖက်မှာဖွင့်မလား နေ့ဖက်မှာဖွင့်မလား

အဖြေကတော့ ညဖက်မှာဖွင့်ပါတယ်။ ညဖက်မှာ စတိုမာလေးတွေကဖွင့်ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူထားပါတယ်။ ပြီးတော့ “မလိတ်” (malate)ဆိုတဲ့ ကာဗွန်()လုံးပါဝင်တဲ့ အက်ဆစ်အနေနဲ့ သိမ်းဆည်းသိုလှောင်ထားပါတယ်။ နေ့ဖက်ကျမှ အဲ့ အက်ဆစ်ကို ပြန်ထုတ်တယ်။ နေရောင်ခြည်ကစွမ်းအင်ကို ကလိုရိုပလပ်စ်ကနေ စုပ်ယူပြီးတော့ သကြားပြန်ချက်တယ်။ အဲ့လိုနဲ့ ကန္တာရက အပင်တွေ ရှင်သန်နေကြပါတယ်။

အဲ့လိုရှင်သန်နေတဲ့ အပင်တွေက သူများနဲ့မတူပဲ ညဖက်မှာ စတိုမာလေးတွေပွင့်ပြီး ကာဗွန်တွေစုတယ်။ နောက် နေရောင်ခြည်ရတော့မှာ အစာထပ်ချက်တာကြောင့်မို့ CAM အပင်တွေလို့ ခေါ်တာဖြစ်ပါတယ်။

ထွန်းဝင်းကျော်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်