ဒီတစ်ခေါက်က အပူပိုင်းဒေသက ပူပြင်းတဲ့ရာသီဥတုတွေမှာ ရှင်သန်နေတဲ့ အပင်လေး(CAM)တွေအကြောင်း

03/02/2020 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကောင်းသောနေ့လေးဖြစ်ပါစေ။

ကန္တာရထဲကအပင်တွေ ဘယ်လိုများရှင်သန်နေကြသလဲ ဆိုတာကိုတွေးကြည့်မိဖူးလား။ တွေးဖူးတာပေါ့။ အဲ့တော့ ဒီတစ်ခေါက်က အပူပိုင်းဒေသက ပူပြင်းတဲ့ရာသီဥတုတွေမှာ ရှင်သန်နေတဲ့ အပင်လေးတွေအကြောင်းပြောကြတာပေါ့။အဲ့လိုအပင်လေးတွေကို CAM အပင်တွေလို့ ခေါ်ပါတယ်။ အရှည်ကတော့ Crassulacean Acid Metabolism ဖြစ်ပါတယ်။

ပုံမှန်အပင်တွေမှာဆိုရင်တော့ အောက်စီဂျင်တွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ဖလှယ်ပေးကြတဲ့ စတိုမာ ဆိုတဲ့အပေါက်လေးတွေပါကြပြီး နေ့ပိုင်းမှာ ပွင့်တတ်ကြပါတယ်။ အပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီးတော့ ကာဗွန်အက်တမ်လေးတွေနဲ့ သကြားချက်တယ်၊ ပရိုတင်းချက်တယ်၊ ပြီးတော့ တစ်ခြား အပင်တွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို လုပ်ဆောင်ပါတယ်။ ပုံမှန်ရိုးရိုးအပင်တွေမှာ နေရောင်ခြည်ကနေ စွမ်းအင်ကိုယူတဲ့အချိန်မှာ စတိုမာဆိုတဲ့အပေါက်ကလေးကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီးတော့ ကလိုရိုပလပ်ထဲမှာ ATP NADPH တွေကိုချက်လုပ်ပေးပါတယ်။ ပူပြင်းတဲ့အချိန်တွေရောက်သွားရင်တော့ အပင်ထဲက ရေဆုံးရှုံးမှုမရှိအောင်လို့ စတိုမာ အပေါက်လေးတွေကို ပိတ်လိုက်ပါတယ်။

အရမ်းပူတဲ့ နေရာဒေသတွေမှာရှင်သန်နေကြရတဲ့ အပင်လေးတွေကျတော့ ညဖက်ကျမှ အေးတာဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးနေတဲ့ စတိုမာလေးတွေ ဖွင့်ဖို့ ပိတ်ဖို့ကျတော့ အချိန်ဘယ်လိုညှိကြလဲ။ ညဖက်ဖွင့်မှ ရေဆုံးရှုံးမှုကို ဟန့်တားပေးနိုင်မှာမို့ ဖြစ်ပါတယ်။ နေ့ဖက်မှာ စတိုမာဖွင့်လိုက်ရင် ရေဆုံးရှုံးမှုများပြီးတော့ အပင်တွေချက်ချင်းလိုလို ညိုးသွားမှာဖြစ်ပါတယ်။

ဘယ်လိုထင်လဲ ညဖက်မှာဖွင့်မလား နေ့ဖက်မှာဖွင့်မလား

အဖြေကတော့ ညဖက်မှာဖွင့်ပါတယ်။ ညဖက်မှာ စတိုမာလေးတွေကဖွင့်ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူထားပါတယ်။ ပြီးတော့ “မလိတ်” (malate)ဆိုတဲ့ ကာဗွန်()လုံးပါဝင်တဲ့ အက်ဆစ်အနေနဲ့ သိမ်းဆည်းသိုလှောင်ထားပါတယ်။ နေ့ဖက်ကျမှ အဲ့ အက်ဆစ်ကို ပြန်ထုတ်တယ်။ နေရောင်ခြည်ကစွမ်းအင်ကို ကလိုရိုပလပ်စ်ကနေ စုပ်ယူပြီးတော့ သကြားပြန်ချက်တယ်။ အဲ့လိုနဲ့ ကန္တာရက အပင်တွေ ရှင်သန်နေကြပါတယ်။

အဲ့လိုရှင်သန်နေတဲ့ အပင်တွေက သူများနဲ့မတူပဲ ညဖက်မှာ စတိုမာလေးတွေပွင့်ပြီး ကာဗွန်တွေစုတယ်။ နောက် နေရောင်ခြည်ရတော့မှာ အစာထပ်ချက်တာကြောင့်မို့ CAM အပင်တွေလို့ ခေါ်တာဖြစ်ပါတယ်။

ထွန်းဝင်းကျော်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်