သီဟိုဠ်သရက် (ခေါ်) သီဟိုဠ်သီး

15/07/2020 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သီဟိုဠ်သီး အသုံးဝင်ပုံ

    ဒံပေါက်၊ ရေခဲမုန့်၊ လက်ဖက်အကြော်စုံနှင့် အခြားမုန့်များ ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ရှိသော သီဟိုဠ်ဆံ ဆိမ့်ဆိမ့်လေးကို သီဟိုဠ်ပင်၏အသီးမှ ရရှိကြပါသည်။ သီဟိုဠ်သီးကိုလည်း ဝိုင်၊ အရက်၊ ယိုနှင့် အဖျော်ယမကာများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။

    သီဟိုဠ်သီးမှာ အသားပြည့်ဝသောအသီးဖြစ်၍ ငယ်စဥ်က အစိမ်းဖျော့ဖျော့အရောင်ရှိပြီး အရွယ်ရောက်၍ ရင့်မှည့်သွားပါက တောက်ပြောင်သောအနီရောင်(သို့) အဝါရောင် ဖြစ်သွားပါသည်။

   အသီးအရွယ်အစား အလျား(-)စင်တီမီတာ၊ အနံ(-စင်တီမီတာခန့် ရှိပါသည်။ ကျောက်ကပ်ပုံအဖြူရောင်ခွံမာ တစေ့သီး (nut) ဖြစ်၍ (-)စင်တီမီတာခန့်ရှိသည်။

   သီဟိုဠ်ဆံဟု လူသိများသော သီဟိုဠ်သရက်အဆံမှာ အချိန်အခါမရွေး ရောင်းချနိုင်သည့် ပြည်ပဈေးကွက်ဝင် ဈေးကောင်းရသော နှစ်ရှည်ပင်လည်း ဖြစ်ပါသည်။

သီဟိုဠ်သရက် ပျံ့နှံရာဒေသများ

   သီဟိုဠ်သရက်သည် မြန်မာနိုင်ငံအတွင်းသို့ သီဟိုဠ်ကျွန်းမှဝင်ရောက်လာသော သီးနှံဖြစ်၍ ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ အနည်းအကျဥ်းသာ စိုက်ပျိုးကြသော်လည်း ယင်းနောက်ပိုင်းကာလများမှစ၍ ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါသည်။ ရခိုင်ကမ်းရိုးတန်းဒေသ၊ တနင်္သာရီကမ်းရိုးတန်းဒေသများတွင် အထူးဖြစ်ထွန်း၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။

စိုက်ပျိုးနည်း

၁။ မျိုးစေ့အားပျိုးထောင်ပြီး စိုက်ပျိုးနည်း

၂။ မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးနည်း

၃။ ကိုင်းဆက်ပင်များ စိုက်ပျိုးနည်း တို့ဖြစ်သည်။

    သီဟိုဠ်သရက်ပင်သည် မြေသားထူပြီး နုန်းမြေနှင့် သဲဆန်သောနုန်းမြေများတွင် ဖြစ်ထွန်းသည်။ နေရောင်ခြည်အပြည့်အဝရရှိရန်လည်း လိုအပ်သည်။ စိုက်ပျိုးစဥ် အပင်စိတ်လွန်းပါက အမြစ်များ အစာရေစာကို ယှဥ်ပြိုင်လုယူစားသုံးတတ်သော သီးနှံပင်ဖြစ်သည်။

သီဟိုဠ်ပင်အကြောင်း

    သီဟိုဠ်သရက်ပင်သည် ပင်စည်အနိမ့်ပိုင်းတွင် ကိုင်းဖြာထွက်သော အမြဲစိမ်းအပင်မျိုးဖြစ်သည်။ ပင်စည်တွင် ဒဏ်ရာတစ်ခုခုရရှိပါက အဖြူရောင်အစေးများ ထွက်လာသည်။ အရွက်နုချိန်တွင် အရွက်မှာ နီညိုရောင်သန်းပြီး အရွက်ရင့်လျှင် အစိမ်းရောင်ရှိသည်။ ရွက်နုမှ ရွက်ရင့်ဖြစ်ရန် (၂၀)ရက်ခန့်ကြာပါသည်။

    အင်းဆက်တို့၏ အကူအညီဖြင့် ပင်ခြားဝတ်မှုန်ကူးမှသာ သန္ဓေအောင်ကာ အသီးတင်သည်။ ဝတ်မှုန်ကူးပြီး (၆၅)ရက်တွင် အသီးများရင့်မှည့်ပါသည်။ အပင်အာဟာရဓါတ် မပြည့်ဝပါက အသီးကင်းများ ကြွေကျတတ်ပါသည်။

သီဟိုဠ်၏ဂုဏ်နှင့် စွမ်းရည်

   သီဟိုဠ်သီးသည် ဖန်၏ ချို၏ ပူ၏။ လေ၊ သလိပ်၊ ရေဖျဥ်းရောဂါ၊ မြင်းဖုအစိုနာ၊ အဖျား၊ အနာပေါက်မျိုးစုံ၊ ခရုသင်းရောဂါ၊ ကိုယ်ရေပြားရောဂါတို့ကို ကင်းဝေးစေ၏။ မြင်းသရိက်ရောဂါ၊ အစားအသောက်ပျက်ရောဂါများကို ပျောက်ကင်း၏။ သွေးဝမ်းရောဂါကိုလည်း ပျောက်ကင်းစေ၏။

    သီဟိုဠ်ပင်၏ အခေါက်မှထွက်သော အစေးသည် စိုက်ပျိုးသီးနှံပင်များအား ဖျက်ဆီးသည့် ပိုးမွှားများကို နှိမ်နင်းရန်လည်း အသုံးဝင်သည်။ အစေး၏အနံ့သည် ပိုးများကို ပြေးစေတတ်သောကြောင့် ဖြစ်သည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်