မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၁)

02/08/2022 13:45 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အာဘာစကူလာမိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို၏ ဂေဟစနစ် ဆိုင်ရာ အခန်းကဏ္ဍများ - အပိုင်း (၁)

 

DOI:10.1038/ncomms1046

အေအမ်အက်ဖ်မှိုစွဲကပ်မှု ဖြစ်စဉ်

 

၁.၁ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အာဘာစကူလာမိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို၏ လုပ်ဆောင်ချက်

လက်ခံပင်များတွင် အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုစွဲကပ်ကျရောက်ခြင်းကြောင့် အပင်၏ကြီးထွားမှုအပေါ် အကျိုးသက်ရောက်မှုများ

မိုက်ကိုရိုက်ဇာ စွဲကပ်ခံရမှုရှိသည့်အပင်များမှာ.. 

  • ရေသောက်မြစ်များ ပိုရှည်လာခြင်း၊
  • အမြစ်ဖွဲ့စည်းမှု ကျယ်ပြန့်ကြီးထွားခြင်း၊
  • မြေထဲမှ ဖော့စပရပ်၊ ပိုတက်စီယမ်၊ အိုင်းယွန်း၊ ကော့ပါး၊ ကယ်လစီယမ်၊ နိုက်ထရိုဂျင်၊ ဆာလဖာနှင့် ဇင့်စုပ်ယူမှု  တိုးလာခြင်း၊ စသည့်အချက်များကြောင့် အပင်ကြီးထွားမှု တိုးလာသည့် အကျိုးကျေးဇူးကို ရနိုင်သည်။

ကော်ဖီပျိုးပင်များတွင် အေအမ်မှိုထိုးသွင်းခြင်း လက်တွေ့စမ်းသပ်တွေ့ရှိချက် 

အေအမ်မှိုထိုးသွင်း ငါးလသားကော်ဖီပျိုးပင်များသည် အေအမ်မှိုမထိုးသွင်း ပျိုးပင်များထက် မြေထဲမှ ဇင့်အလေးချိန် (မီလီဂရမ်) စုပ်ယူမှု ပိုမိုခိုင်မာစွာ မြင့်မားလာသည်ကို တွေ့ရသည်။ (မြင့်နှင် အဖွဲ့ ၂၀ဝ၃)

အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အမျိုးမျိုး၏ ပိုးသန့်မြေ နှင့် ပိုးမသန့်မြေစိုက် ငါးလသားအရွယ်ကော်ဖီပင်၏ ဇင့်ဓာတ်စုပ်ယူမှုအပေါ် အကျိုးသက်ရောက်မှု (မြ ၂၀၁၆)

ကော်ဖီပျိုးပင်များတွင် အေအမ်အက်ဖ်မှို အကျိုးသက်ရောက်မှု

  • မိုက်ကိုရိုက်ဇာမှိုရှိနေသော အပင်ငယ်များသည် မြေတွင်းအမြစ်စွဲအားကောင်းပြီး သန်မာလာမှုကြောင့် ပြောင်းရွှေ့စိုက်ပျိုးခြင်းနှင့်သယ်ယူခြင်းများကြောင့် ရရှိသောဒဏ်ရာကို လျော့နည်းစေနိုင်သည်။
  • ယင်းနှင့်ပတ်သက်၍ ကော်ဖီပျိုးပင်များတွင် အေအမ်အက်ဖ်မှိုအမျိုးမျိုး ထိုးသွင်းပြီး လက်တွေ့စမ်းသပ်ကြည့်ရာ အပင်ကြီးထွားမှုနှင့်ပြောင်းရွှေ့ဒဏ်ကိုခံနိုင်ရည်ရှိမှု မြင့်လာသည်ကို လက်တွေ့တွေ့ရပါသည်။ (မြ ၂၀၁၆) 

ကော်ဖီပျိုးခင်းတွင် အေအမ်အက်ဖ်မှို အမျိုးမျိုး ထိုးသွင်းခြင်းဖြင့်..

ပဲပင်များတွင် အေအမ်အက်ဖ်မှို အကျိုးသက်ရောက်မှု

ပဲပင်များနှင့် နိုက်ထရိုဂျင်ဖမ်းယူသော ရိုက်ဇိုဘီယမ်များ အပြန်အလှန်အကျိုးပြုမှုသည် အပင်အတွက် စွမ်းအင်ရရှိစေနည်းတစ်ခု ဖြစ်သည်။ အေအမ်အက်ဖ်မှိုသည် ပဲပင်များကို ဖော့စဖရပ်စုပ်ယူမှု ပိုကောင်းစေခြင်းဖြင့် နိုက်ထရိုဂျင်ဖမ်းယူသော ရိုက်ဇိုဘီယမ်နှင့် သဟဇီဝနဖြစ်စဉ်အတွက် အထောက်အကူ ပြုနိုင်ပါသည်။

မတ်ပဲခင်းတွင် ရိုက်ဇိုဘီယမ်နှင့်  အေအမ်အက်ဖ်မှို  ထိုးသွင်းခြင်းလက်တွေ့စမ်းသပ်တွေ့ရှိချက်..

စပါးပြီးမတ်ပဲ (ပုလဲနက်မျိုး) ခင်းတွင် ရိုက်ဇိုဘီယမ်နှင့်အေအမ်အက်ဖ်ထိုးသွင်းကြည့်ရာတွင်..

  • အေအမ်အက်ဖ်မှို ထိုးသွင်းခြင်းတန်ဖိုး (MIE) မြင့်ပြီး မတ်ပဲအပင်ခြောက်အလေးချိန်မြင့်လာမှု ခိုင်မာခြင်း (မြနှင့်အဖွဲ့ ၂၀ဝ၃)။
  • အမြစ်ကြီးထွားဇုန်ရှိ ထရိုက်ကိုဒါးမားမှိုများနှင့် အေအမ်အက်ဖ်မှို၏တုန့်ပြန်မှုကောင်းခြင်း စသည်တို့ကို တွေ့ရသည်။

မိုက်ကိုရိုက်ဇာမှိုအမျိုးမျိုးနှင့်  ထရိုက်ကိုဒါးမားမှိုကို ကော်ဖီတွင် လက်တွေ့ထိုးသွင်း စမ်းသပ်တွေ့ရှိချက်..

အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုအမျိုးမျိုးနှင့် ထရိုက်ကိုဒါးမားမှို Trichoderma harzianum, T8 က ‘ ပိုးမသန့်မြေစိုက်ကော်ဖီမျိုး ( S 795 )' ၏ အပင်ကြီးထွားမှုနှင့် အာဟာရစုပ်ယူမှုအပေါ်အကျိုးသက်ရောက်မှု ကို ပြင်ဦးလွင်ပွေးတောင်ကော်ဖီခြံတွင် စမ်းသပ်ကြည့်ရာ..

  • (၁) မှို ၂ မျိုး ပူးတွဲအသုံးပြုခြင်းဖြင့် ကော်ဖီမျိုး ‘ S 795’ ၏ အပင်ခြောက်အလေးချိန်နှင့် အာဟာရစုပ်ယူမှု သိသာစွာတိုးလာခြင်း၊
  • (၂) အပင်ခြောက်အလေးချိန်မှာ မှိုတမျိုးတည်း ထိုးသွင်းသည်ထက် ပိုမိုခိုင်မာစွာမြင့်မားခြင်း

စသည့်အကျိုးကျေးဇူးများကို တွေ့ရသည်။ (မြင့်နှင့်အဖွဲ့ ၂၀ဝ၃)။ 

အေအမ်အက်ဖ်မှိုသုံးခြင်းဖြင့် စိုက်ပျိုးမြေတွင် ရရှိနိုင်သည့်အကျိုးကျေးဇူးများ

  • မြေကြီးထဲမှ ဖော့စပရပ်ကို ပိုမိုတိုး၍ စုပ်ယူနိုင်မှုကြောင့် ဖော့စပရပ်နှင့် အခြားသော အများလိုနှင့် အနည်းလိုဒြပ်စင်များကို ညီမျှသော အာဟာရဓာတ်များရရှိအောင် အေအမ်အက်ဖ်မှိုက ညှိပေးခြင်းဖြင့် မြေညံ့မြေအခြေအနေကို ပြောင်းစေပြီး သီးနှံဖြစ်ထွန်းမှုတိုးလာစေသည်။ 
  • အေအမ်အက်ဖ်မှို စွဲကပ်ပင်များသည် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည်။
  • သို့ဖြစ်၍ အေအမ်မှိုကို ဇီဝဓာတ်မြေသြဇာအဖြစ် အသုံးပြုနိုင်သည်။
  • အပင်ခံနိုင်ရည်ရှိမှု တိုးလာစေခြင်းကြောင့် မြေဆောင်မှိုနှင့် နီမတုတ်ရောဂါ ကျရောက်ဖြစ်ပွားမှုကို ဟန့်တားပေးသည်။ 

ဘိုင်အိုချာနှင့် အေအမ်အက်မှို အကျိုးပြုမှု သုတေသနတွေ့ရှိချက်များအရ အေအမ်အက်ဖ်မှိုသည်..

  • မြေဆီသြဇာ၊ အာဟာရဓာတ်များ သံသရာလည်မှု၊ အပင်ကျန်းမာရေး အာဟာရဓာတ် စသည်တို့အတွက်အကျိုးရှိသော စိုက်ပျိုးရေး ဂေဟစနစ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် များစွာအရေးပါသည်။
  • မြေကျန်းမာရေးအတွက် အကျိုးများသော ဘိုင်အိုချာနှင့် အေအမ်အက်ဖ်မှိုကို ပူးတွဲအသုံးပြုပါလျှင် ရာသီဥတု ပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်မည့်စိုက်ပျိုးရေးဂေဟစနစ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် များစွာအရေးပါသည်။

ကိုးကား

၁။ Srivastava P., Saxena B. and Giri B. Arbuscular Mycorrhizal Fungi: Green Approach/Technology for Sustainable Agriculture and Environment. Mycorrhiza - Nutrient Uptake, Biocontrol, Ecorestoration pp 355-386. 2017.

၂။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်