အဆိုပါ ငါးကပ်ပါးရောဂါကို Arguliosis Disease ဟု အမည်တွင်ပါသည်။ ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်း Argulus spp: ကြောင့် ဖြစ်ပွားပါသည်။ Fish Louse ငါးသန်းဟူ၍ အသိများပါသည်။ ငါးသန်းသည် ကြီးမား၍ ၁စင်တီမီတာ ခန့်ရှည်လျှားပါသည်။
ရောဂါလက္ခဏာများ
- ကျောရိုးဆူးတောင် အောက်ခြေတွင် အဖြူလွှာပိတ်လာခြင်း၊
- အရေပြားထိုးဖောက်၍ သွေးစုပ်ခြင်းကြောင့် တစ်သျှူးများ ရောင်ယမ်းခြင်း၊
- အကျိအချွဲများထွက်ခြင်း၊
- သွေးကြောပေါက်ခြင်း၊
- ငါးများ၏ အရေပြားပေါ်တွင် အနီစက်များ တွေ့ရခြင်း၊
- အနာများ ဖြစ်လာခြင်း၊
- ယားယံသည့်ဝေဒနာ ခံစားရသည့်အတွက် အချွဲစစ်ထုတ်မှုများလာပြီး အားအင်ကုန်ခမ်းလာခြင်းတို့ ဖြစ်တတ်ပါသည်။


ဖြစ်ပွားနိုင်သော ငါးအမျိုးအစား
တီလားပီးယား၊ ငါးရံ့ ၊ငါးခူ ၊ ငါးကြင်းငါးသိုင်းအုပ်စု၊ ငါးတီး
ဖြစ်ပွားတတ်သည့် အချိန်ကာလ
ကန်အရည်အသွေး ညံ့ဖျင်းပါက ရာသီမရွေး ဖြစ်ပွားတတ်ပါသည်။
ကာကွယ်ခြင်းနှင့် ကုသခြင်း
- ကန်ရေအား မကြာခဏ လဲလှယ်ပေးခြင်း၊
- ဥများတွယ်ကပ်နိုင်သည့် ရေနေအပင်များအား မကြာခဏ ဖယ်ရှားစေခြင်း၊
- ရောဂါကျရောက်နေသော ငါးများကို 5ppm KMnO4 3-5 min ခန့် စိမ်ပေးခြင်းဖြင့် ရောဂါသက်သာစေနိုင်ပါသည်။
Ref; ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more