သင့်ငါးကန်က ငါး/ပုဇွန်တွေ သေဆုံးမှုကို ဘယ်လိုလျှော့ချကြမလဲ

01/06/2018 11:33 AM တွင် internews internews မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

မွေးမြူရေးလုပ်ငန်းများမှာ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ စားသုံးဆီများ အသုံးပြုထားတဲ့ ပစ္စည်းကိရိယာများကို အသုံးမပြုမိစေရန် အထူးသတိထားဖို့ လိုအပ်ပါတယ်။

မွေးမြူရေးကန်တွေမှာ ငါး၊ ပုဇွန် သေဆုံးမှုတွေ ကြုံတွေနေရပါတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ။ ဘယ်လိုကာကွယ်ကြမလဲ။

ရေချို၊ ရေငန် (ငါး/ပုဇွန်) မွေးမြူရာမှာ ဒေသအခေါ် ကာရီလို့ခေါ်တဲ့ သဘာဝမြစ်ချောင်းတာဘောင်တွေကို ပိတ်ဆို့ပြီး မွေးမြူတဲ့ စနစ်နဲ့ လယ်ကန်သင်းတွေကို ဘောင်မြှင့်တင်ပြီး မွေးမြူတဲ့ စနစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။

၁။ သဘာဝ ချောင်း၊ မြောင်း၊ ကန်တွေကို တာဘောင်ပိတ်ပြီး မွေးမြူတဲ့စနစ်

ဒီစနစ်မှာတော့ ဒီရေအတက်အကျကို မူတည်ပြီး ရေသွင်းရေထုတ် ပြုလုပ်ပြီး သဘာဝက ရလာတဲ့ ငါး/ပုဇွန်တွေကိုသာ မွေးမြူကြတာပါ။ ဒီသဘာဝ မွေးမြူရေးစနစ်မှာ အသုံးပြုထားတဲ့ ရေဟာ နူန်းမြေနဲ့ ရွှံ့စေးမြေတွေ အနယ်ထိုင်မှုများလာတာနဲ့အမျှ သဘာဝကျကျ မွေးမြူရေးဖြစ်ဖို့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။

အကြောင်းကတော့ နူန်းမြေနဲ့ ရွှံ့စေးမြေတွေ အနယ်ထိုင်မှု များပြားလာတာနဲ့အမျှ ရေရဲ့ အချဉ်ငန်ဓာတ်ဟာ တစ်ဖြည်းဖြည်းထိန်းညှိမှု ပြောင်းလဲလာသလို အောက်စီဂျင်ရရှိမှုကလည်း တဖြည်းဖြည်းနည်းပါးလာပါတယ်။ အောက်စီဂျင်နည်းလာတာကြောင့် ကန်ထဲက ငါး၊ ပုဇွန်တွေ သေဆုံးနိုင်ပါတယ်။

ဒီစနစ်ကတော့ လွယ်ကူသက်သာတဲ့ နည်းစနစ်ဖြစ်သလို ကုန်ကျစာရိတ်လည်း သက်သာလှပါတယ်။

၂။ လယ်ကန်သင်းများ မြှင့်တင်မွေးမြူနည်း

ဒီနည်းကတော့ ကန်ဘောင်ကို အမြင့် တစ်ပေခွဲမှ နှစ်ပေအထိ မြှင့်တင်ပြီး မွေးမြူကြပါတယ်။ မွေးမြူရာမှာလည်း လယ်ကန်သင်းများအတွင်း/အပြင် ပေါင်းမြက်များ ကင်းစင်အောင်ပြုလုပ်ပြီး မြေပြင်ပေါ်မှာ ထုံး၊ ပဲမှော်(ကြိတ်ဖတ်)/နွားချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများ ထည့်သွင်း၍ မြေကို ပြုပြင်ရမှာ ဖြစ်ပါတယ်။ ၎င်းဖြည့်စွက်စာ ထည့်ပြီးနောက် ရေသွင်းခြင်း ဆောင်ရွက်နိုင်ပါတယ်။ တစ်ပတ်၊ နှစ်ပတ်အတွင်း ထပ်မံပြီး အဏုဇီဝ ဖျော်ရည်များ ဖြည့်သွင်းကာ စတင်မွေးမြူနိုင်ပါတယ်။

အဏုဇီဝဖြင့် ရောစပ်ထားသော စပ်စာ(ဥပမာ-ပဲမှော်၊ ဖွဲနု၊ ဆန်ကွဲကို ကာလသက်တမ်းအရ အနည်းအများ အချိန်အဆဖြင့် အစာကျွေးပေးပါ။)

အောက်စီဂျင်ကို ဘယ်လိုပြန်ဖြည့်မလဲ?

- ရေဂါလံ ၅၀၀၀ တွင် ထုံးတစ်အိတ်နူန်း အဏုဇီဝဖြည့်သွင်းစာ နှစ်အိတ် ထည့်ပေးပါ။

- တိုင်းတာနည်းမှာ တုတ်ချောင်းအရှည် (သို့မဟုတ်) ဝါးလုံးရှည်ပေါ်တွင် အဖြူရောင်အမှတ်များ ပြုလုပ်ထားပါ။

- ပြီးလျှင် ရေထဲသို့ ထိုးချပါ။

- နေရောင်ရရှိနေချိန်မှာ အဖြူရောင်အမှတ်အသား ထင်ရှားစွာ မြင်နိုင်သော အပိုင်းနဲ့ မမြင်နိုင်တဲ့ နေရာအပိုင်း သို့ ရောက်ရှိပါက ၎င်းအမှတ်အား မှတ်သားခြင်းဖြင့် ရေကြည်ရေနောက်ကို တိုင်းတာနိုင်ပါမယ်။

(ဥပမာ) ရေရဲ့ အနက်ပမာဏမှာ ၁၀ ပေ ရှိတယ်ဆိုပါစို့၊ မမြင်နိုင်သော အနက်ဟာ ၈ ပေ ရှိမယ်ဆိုရင် ရေကြည် (အောက်စီဂျင်) ရရှိနိုင်တဲ့ အနက်ဟာ ၂ ပေ ရှိပါတယ်။ အထက်ပါ နည်းနဲ့ ရေရဲ့ အောက်စီဂျင် ရရှိမှုကို တိုင်းတာနိုင်ပါတယ်။

Source - Internews နှင့် စိုက်မွေးဆည်ဝန်ကြီးဌာန

ပန်းဖလက်ရယူရန် - http://bit.ly/2LwYhTr

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်