မြန်မာစိုက် ကယ်လီဖိုးနီးယားမျိုးစိတ် ထောပတ်သီးကို တရုတ်ဝယ်လိုအားကောင်း တန်ချိန် ၅၀၀ တင်ပို့ရန် ကမ်းလှမ်း

12/06/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
ရွှေလီတို့ ၊ ကွေ့မင်တို့မှာတော့ ပွဲလေးတွေသွားလုပ်တော့ သူတို့က စိတ်ဝင်စားတယ်။ လောလောဆယ် မှာ ကျွန်တော်တို့ဆီမှာ အထွက်နည်းသေးတော့ ပေးစရာမရှိသေးတာ။ သူတို့ကအဝယ် များတယ်။ (Hass) နဲ့ပတ်သက်ပြီး တန်ချိန် ၅၀၀ တင်ပို့ဖို့ ကျွန်တော့်ဆီကို တိုက်ရိုက် လာကမ်းလှမ်းတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အများကြီးမထွက်သေးဘူး ဖြစ်နေတယ်။ လက်ရှိမှာ ကျွန်တော်တို့က တန် ၅၀ လောက်ပဲထွက်နိုင်သေးတယ်။ သူတို့က ငွေကြေးနဲ့ပတ်သက်ပြီး စရံတွေပါ ချမယ်လို့ပြောတယ်။ ကျွန် တော်တို့က ငွေကြေးကြောင့်မဟုတ်ဘူး ။ လေလောဆယ် အများ ကြီးမထွက်သေးဘူးဆိုတာ ပြောပြတော့ သူတို့က သြဂုတ်လပြန်လာမယ်ပြောတယ်။ ရသလောက်သူတို့ ယူမယ်ပြောတယ်

ဟု မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ထုတ်လုပ်ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက မြန်မာတိုင်းမ်သို့ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်