ထောပတ်သီးပင်က ဘယ်လို မြေနဲ့ရာသီဥတုမျိုးကို ကြိုက်လဲ..

06/01/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ထောပတ်သီးဟာ အာဟာရပြည့် အရသာရှိသလို အခုနောက်ပိုင်း စားသုံးမှုလည်း ပိုတွင်ကျယ်လာပါတယ်။ လက်ရှိမှာတော့ ထောပတ်ဆီနဲ့ အလှကုန်ပစ္စည်းတွေဟာလည်း ဈေးကွက်မှာ အတော် လေး တွေ့လာရပြီး စီးပွားရေးအလားအလာအတော်ကောင်းတဲ့ အသီးတစ်မျိုး ဖြစ်နေပြီမို့ စိုက်ပျိုး လိုသူတွေလည်း များလာပါတယ်။ 

ဒါပေမဲ့ မြန်မာနိုင်ငံ နေရာတိုင်းမှာတော့ ထောပတ်သီးစိုက်ပျိုးအောင်မြင်မှု မရနိုင်ပါဘူး။ ဆိုတော့ ထောပတ်သီးပင်က ဘယ်လိုမြေအမျိုးအစား၊ ရာသီဥတုမျိုးကို ကြိုက်နှစ်သက်သလဲ၊ ဘယ်လိုဒေသတွေမှာ စိုက်ပျိုးအောင်မြင်နိုင်သလဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိတွင် နိုင်ငံတကာမှ လက်ခံအသိအမှတ်ပြုထားပြီး မြန်မာနိုင်ငံတွင် စီးပွားဖြစ်ကိုင်းဆက်စိုက်ပျိုးလာသော မျိုးကောင်းမျိုးသန့် နှစ်မျိုးမှာ “ဟက်စ်” နှင့် “ဖြူရီတီ” တို့ဖြစ်သည်။ 

ထောပတ်သီးပင်များသည် အလွန်စေးသောမြေ၊ အလွန်သဲဆန်သောမြေနှင့် ရေဝပ်သောမြေများမှအပ အခြားမြေများတွင် စိုက်ပျိုး၍ ရသည်။ သို့သော်လည်း စိုက်ပျိုးရန်အကောင်းဆုံးမြေမှာ သဘာဝမြေဆွေးပါဝင်မှုများသော နုန်းမြေဖြစ်သည်။

ထောပတ်သီးပင်အမြစ်သည် အပေါ်ယံမြေသားတွင်သာရှိပြီး ရွက်အုပ်ထက်ကျော်၍ မကြီးထွား သောကြောင့် သဘာဝမြေဆွေးများစွာရှိနေခြင်းကို ကြိုက်နှစ်သက်သည်။ မိုးရွာသွန်းမှုများပြီး ရေဝပ်သောမြေနေရာသည် ရေရှည်တွင် ထောပတ်သီးစီးပွားဖြစ်စိုက်ပျိုးရန် အခက်အခဲဖြစ်စေနိုင်သည်။  မြေဆီဩဇာထက်သန်သောမြေနှင့် ရေသွင်းရေထုတ်လွယ်ကူသည့်မြေမျိုးတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ 

  • မြောက်လတ္တီကျု(ဒ်) ၈ မှ ၂၄ ဒီဂရီ နှင့် ပင်လယ်ပြင်မှ အမြင့်မီတာ ၂၅၀၀ အတွင်း ထောပတ်သီးအရိုင်းများပေါက်သည်။ 
  • မြေချဉ်ငန်ဓာတ် pH ၄.၅ မှ ၈.၃ အတွင်း ဖြစ်ထွန်းနိုင်သည်။ အသင့်တော်ဆုံးမှာ pH ၅ မှ ၆.၅ ဖြစ်သည်။
  • ထောပတ်ပင်သည် လေထုစိုထိုင်းဆ မြင့်မားခြင်းကို ကြိုက်နှစ်သက်ပါသည်။
  • ပျမ်းမျှအပူချိန် ၁၈ မှ ၂၆ ဒီဂရီဆဲလ်စိယပ် အတွင်း ကောင်းစွာဖြစ်ထွန်းပြီး တစ်နှစ်မိုးရေချိန် အနည်းဆုံး ၇၅၀ မီလီလီတာ လိုအပ်ပါသည်။ အသီးသီးချိန်တွင် မြေဆီလွှာအတွင်း အစိုဓာတ် မဖြစ်မနေလိုအပ်သည်။ 
  • ထောပတ်သီးပင်သည် လေဒဏ်မခံနိုင်သဖြင့် ဥယျာဉ်ခြံပတ်ပတ်လည်တွင် လေကာပင်များစိုက်ပျိုးထားရမည်။ အကယ်၍ ထောပတ်ဥယျာဉ်ခြံဘေးတွင် အပင်ကြီးများရှိနေလျှင် ခုတ်မပစ်သင့်ပါ။

မြန်မာနိုင်ငံတွင်ထောပတ်သီးစိုက်ပျိုးသောဒေသများဖြစ်သော ချင်းတောင်နှင့် ရှမ်းပြည်တို့သည် မြောက်လတ္တီကျုဒ် ၂၀-၂၄ ဒီဂရီတွင် တည်ရှိပြီး ပင်လယ်ပြင်မှ အမြင့်မီတာ ၁၀၀၀ မှ ၂၀၀၀ အတွင်းရှိကာ မိုးရွာသွန်းမှုမှာ တစ်နှစ်လျှင် ပျမ်းမျှ ၁၅၀၀ မီလီမီတာမှ ၂၂၅၀ မီလီမီတာရွာသွန်းပါသည်။

ပျမ်းမျှ အနိမ့်ဆုံးအပူချိန်မှ ၁၀ ဒီဂရီ ဆဲလ်စိယပ်ဖြစ်ပြီး ပျမ်းမျှအမြင့်ဆုံး အပူချိန်မှာ ၃၆ ဒီဂရီဆဲလ်စိယပ်ဖြစ်သည်။ တောင်ပေါ်ဒေသဖြစ်၍ ပူနွေးစွတ်စိုသောရာသီရှိသည့်အတွက် ထောပတ်သီးပင်စိုက်ပျိုးဖြစ်ထွန်းရန် သင့်တော်သော အနေအထားရှိပါသည်။

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ‘ထောပတ်သီးပင်စိုက်ပျိုးခြင်းဆိုင်ရာ နည်းလမ်းကောင်းများ’ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်