အေဇိုလာရေမှော်

12/06/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အေဇိုလာရေမှော်(ခေါ်) ရေကျောက်ခက်အပင်များသည် မြန်မာနိုင်ငံတွင် ပေါပေါများများ ရရှိသော သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးတွင် အလွန်အရေးပါ၍ စိုက်ပျိုးသင့်သော အပင်မျိုးဖြစ်ပါသည်။

အေဇိုလာထဲတွင်-

- အမိုင်နိုအက်စစ်

- အသားဓါတ်(၂၀% မှ ၃၅%)

- ဗီတာမင် (vit A, vit B12 နှင့် Beta carotene)

- သတ္တုဓါတ် ( Calcium,Phosphorous,Potassium,Magnesium) တို့ ပါဝင်ကြပါသည်။

အေဇိုလာကို ကြက်၊ ဘဲ၊ ဝက်၊ နွား၊ သိုး၊ ဆိတ် စတဲ့ မွေးမြူရေးတိရစ္ဆာန်တွေအတွက် ဖြည့်စွက်စွာ အစာစိမ်းအဖြစ်လည်း ကျွေးမွေးနိုင်ပါသည်။

နို့စားနွား

နို့စားနွားတွေမှာ အစာနုအပြင် အေဇိုလာကို ဖြည့်စွတ်ကျွေးမွေးခြင်းဖြင့် နို့ပေးနှုန်း ၁၀% မှ ၁၅% အထိ တိုးပွားလာစေပါသည်။

ဒေသနွား

ဒေသနွားတွေမှာ အေဇိုလာကို ကျွေးမွေးခြင်းဖြင့် အာဟာရ ရရှိမှုတိုးစေပြီး မွေးမြူရေး အစာဖိုး ကုန်ကျစရိတ် သက်သာစေပါသည်။

အသားတိုးကြက်

အသားတိုးကြက်အတွက် အေဇိုလာကို ဖြည့်စွတ်စာအနေဖြင့် ၅%, ၁၀%, ၁၅% စသဖြင့် သင့်တော်သလို ကျွေးမွေးကြသည်။

ဒေသတိုင်းရင်းကြက်

ဒေသတိုင်းရင်းကြက်များတွင် ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ ပဲဖက် စသော ဒေသထွက်အစာများနှင့် အေဇိုလာရေမှော်ကို ရောစပ်ပြီး ကျွေးမွေးခြင်းဖြင့် အစာဖိုးသက်သာသည့်အပြင် အာဟာရပြည့်ဝစေသည်။

ဝက်မွေးမြူရေး

ဝက်မွေးမြူရေးမှာ အေဇိုလာကို ဖြည့်စွတ်အစာအဖြစ် ကျွေးမွေးမည်ဆိုပါက အေဇိုလာ၏ အမျှင်ဓါတ်ပါဝင်မှုကြောင့် ဝက်များတွင်ဖြစ်ပွားတတ်သော ဝမ်းချုပ်ခြင်းကို လျော့နည်းသက်သာစေသည်။ ဇီးရှိသောဝက်မများကို ကိုယ်ဝန်ဆောင်ကာလတွင် ကျွေးမွေးသင့်သည်။

အေဇိုလာကို မိမိအိမ်တွင် ကန်ငယ်များနှင့် သန့်ပြန့်စွာ စိုက်ပျိုးမွေးမြူမှုများရှိသလို အခြားအလေ့ကျပေါက်နေသော ကန်များမှ ကျွေးမွေးမည်ဆိုပါက ကန်ရေသန့်ရှင်းမှု ရှိမရှိကိုလည်း သတိထားကြည့်ရှူ ကျွေးမွေးသင့်ပါသည်။

ကန်ရေမသန့်ရှင်းပါက အေဇိုလာကို သန့်ရှင်းသောရေဖြင့် ပြန်လည်ဆေးကြောပြီး ကျွေးမွေးသင့်သည့်အပြင် အေဇိုလာနှင့်အတူ ဘောစကိုင်းရွက်အနည်းငယ်ကိုပါ ထည့်သွင်းကျွေးမွေးမည်ဆိုပါက ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားနိုင်သော တုတ်ကောင်၊ သန်ကောင်များ ကပ်ရောက်ခြင်းကို ကာကွယ်ပေးပြီးသား ဖြစ်စေပါသည်။

ဦးဇော်(dof)

ကိုးကား - အေဇိုလာအကြောင်း သိကောင်းစရာ စာစုမှ ကောက်နှုတ်ချက်များ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်