ပဲပင်စည်ထိုးယင်

20/08/2019 06:00 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

 ပဲပင်စည်ထိုးယင် (Bean Stem Fly)

လက်ခံပင်သီးနှံများ

ပဲမျိုးစုံတွင် ကျရောက်ဖျက်ဆီးတတ်သည်။

ဖျက်ဆီးပုံလက္ခဏာ

အရွက်ပေါ်တွင် အုခဲ့သော ယင်မ၏ ဥမှပေါက်လာသည့် ပိုးလောက်ကောင်သည် အရွယ်၏ အတွင်းသားကို ထိုးဖောက်လျက် လိုက်ခေါင်းသဏ္ဍာန် ထွင်းဖောက်စားသောက်သဖြင့် အရွက်၏ အစိမ်းသားရောင်ဖျော့လာကာ အဝါရောင်မှ မီးလောင်ထားသကဲ့သို့ တဖြည်းဖြည်း ခြောက်သွေ့သည်။ အဝေးမှကြည့်ပါက ပဲစိုက်ခင်းမှာ တစ်သားတည်းအစိမ်းရောင်မရှိဘဲ ဖျာတစ်ချပ်ခန့် အကျယ်အဝန်းရှိသည့် အဝါရောင်အကွက်များ ဟိုတစ်ကွက် သည်တစ်ကွက် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ ပဲပင်ငယ်စဉ် တိုက်ခိုက်ခြင်းခံရပါက အရွက်နု ထွက်သည့်အချိန်မှစ၍ အပင်ဝါပြီးစောစောခြောက်သေသွားသည်။ တိုက်ခိုက်ခံရသောအပင်၏ မြေကြီးနှင့်ကပ်နေသော ပင်စည်မှာ ဖောင်းပွနေပြီး အက်ကွဲကြောင်းများ တွေ့ရသည်။ မြေတွင်းရှိ ပင်စည်ပိုင်းမှာလည်း အက်ကွဲကြောင်းများတွေ့ရသည်။ မြေတွင်းရှိ ပင်စည်ပိုင်းမှာလည်း အက်ကွဲနေသည်။ ယင်းအက်ကွဲကြောင်းများအတွင်း၌ သေးငယ်သော စည်ပုံသဏ္ဍာန် ရုပ်ဖုံးအိမ်များကို တွေ့ရသည်။ ပိုးလောက်ကောင်းများသည် အရွက်၏ အစိမ်းသားများကို မြွေလိမ်မြွေကောက် ပုံသဏ္ဍာန်ဖြင့် ထွင်းဖောက်စားသောက်ဖျက်ဆီးသည်။

ဘဝစက်ဝန်း

ယင်မ၏ဥအုတံဖြင့် အရွက်အညှာအနီးရှိ အရွက်မျက်နှာပြင်အတွင်း ထိုးသွင်း၍ တစ်လုံးချင်းအုသည်။ ဥမှပေါက်လာသော ပိုးလောက်ကောင်ငယ်သည် အရွက်အသားအတွင်း ထွင်းဖောက်၍ အရွက်ညှာမှတစ်ဆင့် မြေကြီးနှင့် ကပ်လျက်ရှိသော ပင်စည်အထိရောက်အောင် စားသောက်ဖျက်ဆီးသည်။ အရွယ်ရောက်ပိုးလောက်ကောင်းမှာ အဖြူရောင်ရှိ၍ ခြေထောက်များလုံးဝမပါရှိဘဲ အရှည် ၄ မီလီမီတာခန့်ရှိသည်။ ပိုးလောက်ကောင်၏ ဦးခေါင်းထိပ်ဖျားမှာ ချွန်လျက်၊ အမြီးပိုင်းသည် လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည်။ ရုပ်ဖုံးဘဝကို မြေနှင့်ကပ်နေသော ပင်စည်အရင်းပိုင်း၌ ပြုလုပ်သည်။ ရုပ်ဖုံးအိမ်မှ ထွက်လာသော ယင်ကောင်သည် ပင်စည်အက်ကွဲကြောင်းများမှာ ထွက်လာသည်။ ယင်ကောင်မှာ အလွန်သေးငယ်၍ အနက်ရောင်ရှိပြီး ကိုယ်အလျား ၂ မီလီမီတာ ခန့်သာ ရှိသည်။ ယင်အမသည် အထီးထက် ခန္ဓာကိုယ်အရွယ် အနည်းငယ်ပို၍ ကြီးသည်။ ယင်အမတစ်ကောင်သည် ဥပေါင်း ၁၀၀ – ၃၀၀ အထိ အုနိုင်သည်။ ဥဘဝတွင် ၂ -၃ ရက် ပိုးလောက်ကောင်ဘဝတွင် ၁ ပတ်(အေးသောရာသီ၌ ၁၀ ရက်) ရုပ်ဖုံးဘဝတွင် ၇ – ၁၀ ရက် အကောင်ကြီးဘဝတွင် ၂ ပတ်ကြာသည်။

ကာကွယ်နှိမ်နင်းနည်း

() ဖျက်ဆီးမှုလက္ခဏာ တွေ့ရှိရသော အပင်များကို နုတ်ယူမီးရို့ဖျက်ဆီးပါ။

() မစိုက်မီ မြေပြုပြင်စဉ် ကတည်းက အလေ့ကျပေါက်နေသော ပဲရိုင်းပင်များကို မီးရှို့ပါ။

() မစိုက်မီ မြေပြုပြင်စဉ်တွင် တစ်ဧကလျှင် ဒိုင်ယာဇီနွန် ထမင်းစားဇွန်း တစ် ဇွန်း/ဖြူရာဒမ် ၃ ဂျီ(.၈ – ၃.) ပိဿာနှုန်းထည့်ပါ။

() အရွက်နုထွက်ချိန်မှစ၍ ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းကာကွယ်ပါ။

စိုက်ပျိုးရေးဦးစီးဌာန

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်