မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးကြောင့် ကျန်းမာရေးထိခိုက်တဲ့သူတွေ၊ အသက်ဆုံးရှုံးသွားတဲ့တွေ အများကြီးရှိနေပါပြီ။ အဓိက အကြောင်းအရင်းမှာ ပိုးသတ်ဆေးကို အန္တရယ်ကင်းစွာ ကိုင်တိုင်အသုံးပြုတတ်တဲ့ အသိပညာ ဖြန့်ဝေမှု နည်းပါခြင်းနှင့် လက်တွေ့ မကျင့်သုံးနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ယခု ဗီဒီယိုကို မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တို့က ပူးပေါင်းစီစဉ် ရိုက်ကူး ထားတာဖြစ်ပြီး ပိုးသတ်ဆေးကို ဘယ်လို အန္တရယ်ကင်းစွာ အသုံးပြုရမယ် ဆိုတာကို ဖော်ပြထားပါတယ်။ တောင်သူ ပညာပေး သင်တန်းပြုလုပ်နေကြသူများ၊ ပိုးသတ်ဆေး ကုမ္ပဏီ ဝန်ထမ်းများနှင့် တောင်သူများနှင့် လက်တွဲ လုပ်ကိုင်နေတဲ့သူများမှ တစ်ဆင့် တောင်သူများထံသို့ ပြန်လည် ဖြန့်ဖြူးပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်
Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။
ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။
ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။
ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့
📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။
📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။
မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။
Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more
Facebook page သို့သွားရန်