မတ်ပဲနှင့်ပဲစင်းငုံနီ ဈေးဆက်တိုက်တက်နေ

15/03/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက တက်နေခဲ့တဲ့ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေဟာ ဒီတစ်ပတ်ထဲမှာလည်း ရပ်သွားခြင်းမရှိဘဲ ဆက်တိုက်ဆက်တက်နေတာဖြစ်ပါတယ်။

မတ် ၇ ရက်တုန်းက တစ်တန်ကို ကျပ် ၁၈၆၃၀၀၀ သာရှိခဲ့တဲ့ မတ်ပဲ FAQ/RC (၂.၂ မီလီမီတာ - ၃.၂၅ မီလီမီတာကြားဆိုဒ်) ဟာ ဆက်တိုက်ဈေးမြင့်တက်လာရာကနေ တစ်ပတ်ကျော်ကြာ ဒီနေ့ မတ် ၁၅ ရက်မှာတော့ တစ်တန်ကို ကျပ် ၁၉၆၅၀၀၀ (တစ်တင်း ၆၃၁၈၀ ကျပ်ခန့်) ထိဖြစ်လာပါတယ်။ တစ်တန်ကို ကျပ် ၁ သိန်းကျော် ဈေးမြင့်တက်လာတာဖြစ်ပါတယ်။

အလားတူ မတ် ၇ ရက်တုန်းက တစ်တန်ကို ကျပ် ၂၀၈၃၀၀၀ သာရှိခဲ့တဲ့ မတ်ပဲ SQ/RC (၃.၂၅ မီလီမီတာအထက် ဆိုဒ်) ဟာလည်း ဒီနေ့ မတ် ၁၅ ရက်မှာတော့ တစ်တန်ကို ကျပ် ၂၂၂၅၀၀၀ (တစ်တင်း ၇၁၅၄၀ ကျပ်ခန့်) ထိဖြစ်လာတာဖြစ်လို့ တစ်ပတ်ကျော်အတွင်း တစ်တန်ကို ကျပ် ၁၄၀၀၀၀ ကျော် ဈေးမြင့်လာတာပါ။

မတ်ပဲနည်းတူ ပဲစင်းငုံနီဈေးဟာလည်း ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။ ဒီနေ့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာတော့ ပဲစင်းငုံနီ(အာစီ - ၂၀၂၃) ဈေးဟာ တစ်တန်ကို ၂၂၃၅၀၀၀ ကျပ် (တစ်တင်း ၇၁၈၆၀ ကျပ်ခန့်) ဈေးဖြစ်နေပါတယ်။ တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ၄၅၀၀၀ ခန့် ဈေးမြင့်လာတာဖြစ်ပါတယ်။

မတ်ပဲဈေးတွေ အခုလိုမြင့်တက်လာခြင်းဟာ အမြင့်ဈေးနဲ့ ဝယ်ယူထားတဲ့ ကြိုပွိုင့်သမားတွေက ‌ဈေးဆွဲ တင်နေတာတွေကြောင့်ဖြစ်တယ်လို့  လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က သုံးသပ်ပါတယ်။

ပဲစင်းငုံနီကတော့ လက်ကျန်မရှိတော့တာဖြစ်တဲ့အတွက် ဈေးက ရောင်းသူစိတ်ကြိုက်အခြေအနေမှာ ရှိနေတယ်လို့ AMIA  က ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲက အမြင့်ဈေးနဲ့ရှိနေတယ်လို့ သိရပြီး ပဲစင်းငုံနီဟာလည်း အိန္ဒိယဝယ်လိုအားရှိတယ်လို့ သိရပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်