မတ်ပဲဈေးကြာကြာမကျနိုင်၊ ပဲစင်းငုံ အိန္ဒိယအဝယ်ပုံမှန်ရှိ၊ ငွေကြေးမူဝါဒကြောင့် ပဲတီစိမ်းဈေးကျ

15/07/2022 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မတ်ပဲဈေးဟာ အကျဘက်ကိုပြန်ရောက်လာပေမယ့် အိန္ဒိယနိုင်ငံဘက်က လိုအပ်ချက်တွေကြောင့် အကျဈေးနဲ့တော့ အကြာကြီး မရှိနိုင်ဘူးလို့ ကုန်သည်အများစုက ခန့်မှန်းထားတယ်လို့ စိုက်ပျိုးရေးဈေးကွက် သတင်းအေဂျင်စီ (AMIA) ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို ၁၇ သိန်းကျော်ထိ မြင့်တက်ခဲ့တဲ့ မတ်ပဲ (FAQ/RC-2022) ဟာ နှစ်ပတ်အတွင်း ၁၇၀၀၀၀ ခန့် ဈေးပြုတ်ကျသွားပြီး ဒီနေ့မှာတော့ တစ်တန်ကို ၁၅၃၇၅၀၀ ကျပ်သာ ရှိတော့တာဖြစ်ပါတယ်။ 

တစ်တန်ကို ၁၉၃၇၅၀၀ ထိ ဈေးမြင့်တက်ခဲ့တဲ့ မတ်ပဲ(SQ/RC) ဈေးဟာလည်း ဒီနေ့မှာတော့ ၁၇၆၂၅၀၀ သာ ဈေးရှိတော့ပြီး နှစ်ပတ်အတွင်း တစ်တန်ကို ၁၇၅၀၀၀ ခန့် ဈေးပြုတ်ကျသွားတာပါ။

ကုန်သည်များအကြား ဈေးကစားမှုတွေ၊ ငွေလဲလှယ်နှုန်းမူဝါဒတွေကြောင့် အခုလို ရုတ်တရက် ပြန်လည်ကျဆင်းသွားတာဖြစ်ပြီး လက်ရှိပေါက်ဈေးထက် ပိုကျဆင်းမှာစိုးရိမ်ပြီး ထုတ်ရောင်းမှုတွေကြောင့်လည်း ပါနေလို့ စောင့်ကြည့်ရောင်းချဖို့ လိုအပ်တယ်လို့ သိရပါတယ်။

မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မတ်ပဲကို အိန္ဒိယသို့ တင်ပို့မှုအနေနဲ့ ‘ ဇူလိုင်လတွင် တန်ချိန် ၁၅၀၀၀-၂၀၀၀၀ ခန့် နှင့် ဩဂုတ်လတွင် တန်ချိန် ၃၀၀၀၀-၃၅၀၀၀ ခန့်တင်သွင်းရန် ခန့်မှန်းထားကြောင်း၊ မြန်မာ့မတ်ပဲလက်ကျန် တန်ချိန် ၃ သိန်းခန့်ရှိမည်ဖြစ်ပြီး အခြားနိုင်ငံများသို့ တန်ချိန် ၅၀၀၀၀ ခန့် တင်ပို့မည်ဆိုပါက   ဇူလိုင်လမှ ဖေဖော်ဝါရီလအထိ ၈ လတာအတွင်း အိန္ဒိယသို့တင်ပို့ရန် မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၂- ၂.၂၅ သိန်းရှိမည်ဟုခန့်မှန်းကြောင်း’ ဆိုပြီး ထည့်သွင်းဖော်ပြထားပါတယ်။ 

ဒါ့အပြင် 'မတ်ပဲလက်ကျန်နည်းပါးနေသဖြင့် အရောင်းပမာဏကျဆင်းလာသည်။ မတ်ပဲ၊ ပဲစဥ်းငုံ တန်ချိန် ၅၀၀၀ တင်ဆောင်ထားသောသင်္ဘောတစ်စီး ဇူလိုင် ၁၄ ရက်နေ့တွင် ချနိုင်းသို့ထွက်ခွာသွားပြီဖြစ်ပြီး၊ ဇူလိုင် ၁၇ ရက်နေ့တွင် ကွန်တိန်နာ ၁၈၀( တန်ချိန် ၄၃၂၀)၊ ဇူလိုင် ၂၃ ရက်နေ့တွင် ကွန်တိန်နာ ၃၈၀ ( တန်ချိန် ၉၁၂၀) သင်္ဘောတင်များရှိမည်ဖြစ်ကြောင်းသိရသည်’ လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

တောက်လျှောက်အတက်ဈေးနဲ့ဖြစ်နေတဲ့ ပဲစင်းငုံနီလည်း ဒီတပတ်မှာ ဈေးနည်းနည်းပြန်ကျသွားပါတယ်။ ဒီတစ်ပတ်အဖွင့်ဈေးမှာ တစ်တန်ကို ၁၄၇၅၀၀၀ ကျပ်ရှိခဲ့ရာကနေ အပိတ်ဈေးမှာတော့ ၁၄၂၅၀၀၀ ဖြစ်သွားပြီး တစ်တန်ကို ၅၀၀၀၀ ပြုတ်ကျသွားတာပါ။ 

ပဲစင်းငုံနီကလည်း အိန္ဒိယဝယ်ယူမှု ပုံမှန်ရှိနေပြီး ပြည်တွင်းမှာလည်း ပဲအများကြီး မရှိတဲ့အတွက် ဈေးက ငြိမ်နေခဲ့တာဖြစ်ပြီး  ငွေကြေးအလဲအလှယ်အပြောင်းအလဲကြောင့်သာ ဈေးကျဆင်းသွားခဲ့တာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ပဲတီစိမ်းကတော့ ပြီးခဲ့တဲ့အပတ်က ဈေးအနည်းငယ်တက်ပေမယ့် ဒီတစ်ပတ်မှာတော့ ပြောင်းလဲလိုက်တဲ့ ငွေကြေးမူဝါဒကြောင့်ဈေးက ပြန်ကျဆင်းသွားပါတယ်။ ယခင် နိုင်ငံခြားတင်ပို့မှုက ကျပ်ငွေ၊ ဘတ်ငွေ၊ ယွမ်ငွေ အမျိုးမျိုးပေးချေနိုင်ပေမယ့် အခုမှာတော့ ဒေါ်လာသာပေးချေရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် အရောင်းအဝယ် အနည်းငယ်တန့်သွားခဲ့ပြီး ဈေးတွေ ကျဆင်းသွားတာဖြစ်ပါတယ်။

ပဲတီစိမ်းထိပ်စတွေကတော့ ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်မရှိတော့လို့ ဈေးတွေက မြင့်နေခဲ့ပေမယ့် အချို့ လက်ရှိထွက်ရှိနေတဲ့ ပဲအသစ်တွေကတော့ ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ ဒီနေ့မှာ ပဲတီစိမ်းက တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၃၅၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ လောက်ဈေးကျဆင်းသွားတာ ဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက် သတင်းအေဂျင်စီ (AMIA)က ပေးပို့သည့် ဈေးနှုန်းအချက်အလက်များနှင့် သုံးသပ် ချက်များကို အခြေခံ ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်