“ကျွဲမွေးမြူရေး”

04/12/2020 12:45 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

        ကျွဲများ၏ သဘာဝသည် ရွံ့နွံရေကွက်တွင် လူးတတ်သော ခြေ(၄)ချောင်းပါသည့် စားမြုံ့ပြန်သတ္တဝါ ဖြစ်သည်။ ကျွဲသည် နွားထက် ကိုယ်လုံးကိုယ်ထည် ထွားကြိုင်း၍ ခွန်အားဗလ ပိုမိုကြီးမားသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် လယ်ထွန်ယက်ရာ၌လည်းကောင်း၊ လေးလံသော သစ်လုံးကြီးများကို ဆွဲရာ၌လည်းကောင်း ကျွဲယဉ်ကို အသုံးပြုကြသည်။

        မြန်မာနှင့် အိန္ဒိယတို့တွင် နို့စားကျွဲမများကိုလည်း မွေးမြူတတ်ကြသည်။ ကျွဲသားရေကို ကျိုပါက “ကျွဲကော်” ရသည်။ ကျွဲ၏မစင်ကို မြေဩဇာအဖြစ် သုံးလေ့ရှိကြပြီး ခြောက်သွေ့သွားသောအခါတွင် လောင်စာအဖြစ် သုံးကြသည်။ 

မွေးမြူနိုင်သော နည်းစနစ်များ

၁။ ခြံလှောင်စနစ်ဖြင့် မွေးမြူခြင်း။

၂။ လွှတ်ကျောင်းစနစ် သင့်လျော်ရာဖြင့် မွေးမြူခြင်း (မြေနေရာ ရွေးချယ်ခြင်းနှင့် အဆောက်အဦး ဆောက်လုပ်ခြင်း)။

၃။ ရေဝပ်၊ ရေကြီးခြင်းမရှိသော ကုန်းမြင့်ဒေသဖြစ်ရန်နှင့် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်မည့် နေရာဖြစ်ရမည်။

၄။ အဆောက်အဦးကို ဒေသထွက်ပစ္စည်းများဖြင့် ဆောက်လုပ်နိုင်သည်။

၅။ အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းစေရန်အတွက် အမိုးကို ထပ်ဆင့်အမိုး ပြုလုပ်ပေးနိုင်သည်။

၆။ ကြမ်းခင်းကို အလယ်မှ တံစက်မြိတ်ဖက်သို့ နိမ့်လျှောထားရှိခြင်းအားဖြင့် အညစ်အကြေးများ အပြင်ဖက်သို့ အလွယ်တကူ ဆေးကြောနိုင်သည်။

ကျွဲများအား ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်ခြင်း

(က) ကျွဲငယ်ပြုစုစောင့်ရှောက်ခြင်း

    • ကျွဲများ သားပေါက်ရာသီမှာ ဩဂုတ်လမှ အောက်တိုဘာလအတွင်း ဖြစ်သည်။

    • ကျွဲငယ်ကလေးများ သန်ကောင်ရောဂါကြောင့် သေပျောက်နှုန်းမြင့်မားတတ်သဖြင့် ကျွဲမများအား သားမစပ်မီ သန်ချဆေးကျွေးရန် လိုအပ်ပါသည်။

    • ကျွဲငယ်များအား (၁၅)ရက်သားတွင် (၁)ကြိမ်၊ (၄၅)ရက်သားတွင် (၁)ကြိမ် သန်ချသင့်သည်။

    • နို့စားကျွဲများတွင် ကျွဲငယ်များအတွက် နို့ကို လုံလောက်အောင်ချန်၍ နို့ညှစ်ရန် အရေးကြီးသည်။

    • ခိုင်းကျွဲမှာ ကျွဲငယ်များ မိခင်နှင့်အတူ လွှတ်ကျောင်းထားရှိ၍ နို့လုံလောက်စွာ ရရှိနိုင်သည်။

ကျွဲငယ်စာအဖြစ်

    • ပြောင်းဝါ -၆၀%

    • ဆန်ကွဲ -၂၀%

    • ပဲဖက်/နှမ်း -၂၀%

စုစုပေါင်း -၁၀၀%

(ခ) ခိုင်းကျွဲများ ပြုစုစောင့်ရှောက်ခြင်း

    • ခိုင်းကျွဲတစ်ကောင် (၁)နှစ်စာအတွက် ပျမ်းမျှ အစာစိမ်း (၁၀)တန်၊ ကောက်ရိုး (၂)တန်၊ အစာနု (၁)တန် လိုအပ်သည်။

    • အလုပ်ပင်ပန်းသောအခါ မြေပဲဖတ်၊ နှမ်းဖတ်ကို အဓိကထားကျွေးရန် လိုအပ်သည်။

    • ခိုင်းကျွဲထီးများကို အသက်(၃-၄)နှစ် အရွယ်တွင် အခိုင်းကျင့်ပေးပြီး အရွယ်ရောက်မှ သင်းကွပ်ရမည်။

ဖြည့်စွက်စွာကျွေးမွေးခြင်း

    • နွားစာချဉ်ဖတ်များ ကျွေးမွေးနိုင်သည်။ (ကောင်းမွန်သော စားကျက်မရရှိပါက ဖြည့်စွက် စာကျွေးရန် လိုအပ်သည်)။

ကျွဲမျိုးများ

(က) ရွံ့လူးကျွဲမျိုး (ခိုင်းကျွဲ) (Swamp Buffalo)

(ခ) ရေစိမ်ကျွဲမျိုး (ခိုင်းစားကျွဲ) (Water Buffalo) တို့ ရှိကြသည်။

(က) ရွံ့လူးကျွဲမျိုး (ခိုင်းကျွဲ)

    • နမူရီ၊ ဂျီရန်ဂီနှင့် မြန်မာတိုင်းရင်းကျွဲတို့ ဖြစ်ကြသည်။

    • ခန္ဓာကိုယ်ကြီးမားတောင့်တင်း၍ အလျားတိုသည်။

    • ဝမ်းဗိုက်ကြီးမား၍ ဖောင်းကားသည်။

    • နဖူးပြား၍ မျက်လုံးအိမ် ထင်ရှားပေါ်လွင်သည်။

    • မျက်နှာတို၍ နှာပေါက်ကျယ်သည်။

    • လည်တံရှည်၍ ဘို့စောင်း ထင်ရှားပေါ်လွင်သည်။

    • ခြေလက်များတို၍ သွယ်သည်။

    • အထီးနှင့် အမမှာ ပုံသဏ္ဍာန်ခြားနားမှု မရှိပါ။ ဦးချိုများပါရှိ၍ ဦးခေါင်းမှ အပေါ်ဘေးသို့ကားပြီး အလယ်သို့ ပြန်၍ ကွေးဝင်နေသည်။

    • အမသည် အထီးနှင့် ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးနိုင်သည်။

(ခ) ရေစိမ်ကျွဲမျိုး (နို့စားကျွဲ)

    • မူယား၊ ဆာတီ၊ နီလီရာဘီနှင့် ဂျဖာရာဘဒီတို့ ဖြစ်သည်။

    • ကိုယ်ထည်နှင့် မျက်နှာရှည်လျား၍ ရင်အုပ်သေးသည်။

    • ခြေထောက်ရှည်၍ တုတ်ခိုင်သည်။

    • တင်ပါးနှင့် မြီးညှောင့်ရိုး ပိုမိုထင်ပေါ်သည်။

    • အထီးသည် အမထက် နဖူးမောက်၍ မျက်နှာသွယ်သည်။ ဦးချိုတို၍ လိမ်နေသည်။

ကျွဲရောဂါ ကာကွယ်ဆေးများ

        ကျွဲ၊ နွား ကူးစက်ရောဂါများအတွက် ကာကွယ်ဆေးများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ အချိန်မှန်မှန်ထိုးခြင်းဖြင့် ကာကွယ်နိုင်သည်။

(က) ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေး။

(ခ) ဒေါင့်သန့်ရောဂါ ကာကွယ်ဆေး။

(ဂ) ခွာနာလျှာနာရောဂါ ကာကွယ်ဆေး။

(ဃ) လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးတို့ ဖြစ်ကြသည်။

Ref; မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်