တစ်ဧက ငါးဘယ်လောက်နှုန်းထည့်ရမလဲ (၁)

14/06/2023 15:00 PM တွင် Dr.AQUAs Dr.AQUAs မှ ရေးသား

ကိုယ့်ကန်ထဲကငါးတွေ ဝိတ်တက်နှေးလာတဲ့အခါ...

ဒါမှမဟုတ် ငါးသေတဲ့ပြဿနာတွေ ကြုံရတဲ့အခါ...

ကိုယ့်ကန်ထဲမှာငါးအကောင်ရေဘယ်လောက်ထည့်ထားသလဲဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားမိကြပါရဲ့လား?

ဒီအချက်ကို မေ့မေ့လျော့လျော့နဲ့ ဆေးကုဖို့ကိုပဲ ကျော်တွေးမိနေတယ်ဆိုရင်တော့ ဒီpost က အကိုတို့အမတို့တွေအတွက်ဆိုတာ သေချာပါတယ်။

အဲ့ဒါကြောင့် အဆုံးထိဆက်ဖတ်ကြည့်ပေးပါဦးရှင်။

ငါးမွေးမြူကြတဲ့သူတော်တော်များများအမေးခံရဖူးတဲ့စကား/မေးဖူးကြတဲ့စကားတစ်ခု ရှိပါတယ်။ 

"ငါးတစ်ဧက ဘယ်လောက်နှုန်းထည့်ရမလဲ? " ဆိုတဲ့စကားပါ။

ဒီအချက်က မွေးမြူရေးမှာ အရမ်းကိုအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

ကျမတို့ ငါးထည့်နှုန်းကို မေးကြတဲ့အခါ တော်တော်များများက ၁၀၀၀/၁၅၀၀ စတဲ့ကိန်းဂဏန်းမျိုးတွေကိုပဲ တန်းမြင်ကြတာများပါလိမ့်မယ်။

ကျမအနေနဲ့ကတော့ ဒီနေ့မှာ ဘယ်ငါးအမျိုးအစားဆို တစ်ဧကဘယ်နှစ်ကောင်ဆိုတာမျိုးကို ပြောပြသွားမှာမဟုတ်ဘဲ ငါးထည့်နှုန်းဟာ...

၁။ ဘယ်အချက်တွေပေါ်မူတည်ပြီး ဘယ်လိုတွက်ချက်ရတာလဲ ?

၂။ ငါးထည့်နှုန်းများသွားတဲ့ပြဿနာဟာ ဘယ်လောက်ထိ အန္တရာယ်များသလဲ/ ဒီပြဿနာကိုလက်ရှိကြုံနေရပြီဆိုရင် ဘယ်လိုဖြေရှင်းရမလဲ? 

ဆိုတဲ့အချက်တွေကို ပြောပြသွားမှာပဲ ဖြစ်ပါတယ်။

(၁) ငါးထည့်နှုန်းဟာ ဘယ်အချက်တွေကိုထည့်သွင်းစဉ်းစားပြီး တွက်ချက်ရတာလဲ?

အမှန်တော့ ကျမတို့တွေ ကန်ထဲကိုမျိုးငါးလေးတွေထည့်တဲ့အခါ တစ်ဧက ဘယ်နှစ်ကောင်နှုန်းဆိုတာမျိုး တစ်သမတ်တည်းထားပြီး ထည့်လို့မရပါဘူး။

ကျမတို့မွေးမြူမယ့်ငါးအမျိုးအစား / အရွယ်အစားတွေအပြင် အဓိကအကျဆုံးအချက်ဟာ ကျမတို့ စျေးကွက်ထဲကိုပို့မယ့် ငါးရဲ့ size ဖြစ်ပါတယ်။ 

နေကြာ/ မျိုးကွာ/ သေးပေါက် /2 /3 ဒီလိုမျိုး..

( နေကြာ - ၉၀၀ - ၁၁၀၀ ဂရမ်)

မျိုးကွာ - ၁၃၀၀ - ၁၈၀၀ ဂရမ်

သေးပေါက် -  ၁၈၀၀ - ၂၄၀၀ ဂရမ်

2 - ၂၅၀၀ - ၃၅၀၀ ဂရမ်

3 - ၃၅၀၀ - ၄၅၀၀ ဂရမ်

4 - ၄၅၀၀ ဂရမ်အထက်)

အထက်ပါအမျိုးအစားတွေထဲက ကိုယ်ကန်ဖော်မယ့် ငါးအရွယ်ပေါ်မူတည်ပြီး ကိုယ့်ထည့်မယ့်ငါးအရေအတွက်ကို တွက်ချက်ရမှာ ဖြစ်ပါတယ်။ ( ၁ ကီလို= ၁၀၀၀ ဂရမ်, ၁ ကီလို - ၆၂ ကျပ်သားခန့်)

ကျမတို့တွေသေချာလေးတွက်ကြည့်မယ်ဆိုရင်..

ကျမတို့နိုင်ငံမှာအမွေးအများဆုံးဖြစ်တဲ့  ငါးမြစ်ချင်းအတွက်ထည့်ရမည့်နှုန်းဟာ.. 

0.5 kg / 1 m square

တစ်မီတာပတ်လည်ရှိတဲ့ ဧရိယာမှာ ကိုယ်မွေးမြူမယ့် ငါးအလေးချိန်ဟာ 0.5 kg ဖြစ်ရပါမယ်။

ကျပ်သားနဲ့ပြောမယ်ဆိုရင်တော့ ၃၂ ကျပ်ခွဲသားဝန်းကျင်ပေါ့ (၁ ဧက = 4000m square ရှိပါတယ်) 

အဲ့တော့ တစ်ဧကကိုထည့်ရမယ့် ငါးမြစ်ချင်းကုန်ချိန်ကို တွက်လိုက်ရင်..

0.32 x 4000 = 1280 ပိဿာလို့ ထွက်လာပါလိမ့်မယ်။

ခုကစပြီး ကျမတို့ တစ်ဧကမှာထည့်ရမယ့် ငါးအကောင်ရေဆိုတာကို မေ့ထားလိုက်ပါ။

တစ်ဧကမှာ ငါးကုန်ချိန် ၁၂၈၀ ပိဿာပဲ ထည့်လို့ရတယ်လို့ပဲ မှတ်ကြရအောင်နော် (မွေးမြူရေးလောကထဲမှာ ပြောနေကျအကောင်ရေနဲ့ တိုက်ကြည့်မယ်ဆိုရင်လည်း သိပ်မကွာပါဘူး။ ( ၁ ပိဿာ အရွယ်နဲ့တွက်ပြီး လွယ်ကူအောင်မှတ်ယူထားမိကြတာ နေပါလိမ့်မယ် )

ဒီတော့ ခုပဲတစ်ချက်တွက်ကြည့်ကြည့်ရအောင်နော်..

၅၀ သားနဲ့ ကန်ဖော်မယ့်သူက အကောင်ရေ ၂၅၆၀ ထည့်လို့ရပေမဲ့...

၁ ပိဿာ ၂၀ (သေးပေါက်) size ဖော်မယ့်သူတွေကျတော့ အကောင်ရေ ၁၀၄၁ ပဲ ထည့်လို့ရမယ်ရှင့်..။ 

အဲ့လိုကွာသွားပါတယ်။ ခုလောက်ဆို အကောင်ရေကိုပုံသေယူလို့မရဘူးလို့...ဘာလို့ ပြောခဲ့လဲဆိုတာ သေချာလေးသဘောပေါက်လောက်ပီထင်ပါတယ်ရှင့်။

2/3 size မွေးမယ်ဆိုရင်လည်း ဒီလိုပဲတွက်ကြည့်လိုက်ပါနော်။ တွက်ပြီးရင် အကောင်ရေကို comment မှာ ရေးပေးခဲ့ပါဦး။

ဒီစာကိုရေးရတဲ့ရည်ရွယ်ချက်ကတော့ တစ်ဧကမှာ ငါး ၁၀၀၀ နှုန်းထည့်လို့ရတယ်ဆိုတဲ့ သမားရိုးကျဆန်တဲ့ အသိတစ်ခုထက်ပိုပြီး ကိုယ်မွေးမြူမယ့် ငါး size အလိုက် တွက်ချက်တတ်သွားဖို့ရည်ရွယ်တာပါ။

"ငါကတော့အကြီးမွေးမယ် 2/3 ထုတ်မယ်" ဒါမှမဟုတ် "ငါကတော့သေးပေါက်လောက်ပဲမွေးမယ်" ဒါဆို ငါထည့်ရမယ့် ငါးအကောင်ရေက ဒီလောက်ပေါ့....ဆိုတာမျိုးလေးမြင်သွားပြီး တွက်တတ်သွားတယ်ဆို ရပါပြီ။

ဒီ post လေးထဲမှာ တွက်ချက်တာတွေပါလို့ မရှင်းလင်းတာရှိရင် Comment မှာ မေးလို့ရပါတယ်နော်။

#ငါးထည့်နှုန်းများသွားတဲ့ပြဿနာဟာ ဘယ်လောက်ထိအန္တရာယ်များသလဲ / ဒီပြဿနာကိုလက်ရှိကြုံနေရပြီဆိုရင် ဘယ်လိုဖြေရှင်းရမလဲ?

ဆိုတဲ့အချက်တွေကိုတော့  အပိုင်း(၂ ) အနေနဲ့ဆက်လက်မျှဝေပေးသွားပါမယ်ရှင့်။

(Sharing by Dr.AQUAs FB page မှ ကူးယူဖော်ပြပါသည်)

မူရင်းလင့် >>> https://www.facebook.com/Dr.AQUAs/posts/pfbid02ijUtN1A6QxLhL2zj68Q3Vxk1qh8Sw5uHwoM3jqfAXZVdzZ5mqyk7sm589VLYxpt5l

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်