မြန်မာနိုင်ငံတွင် တရား၀င်စိုက်ပျိုးနိုင်ရန်လုပ်ဆောင်နေသော စက်မှုလျှော်အကြောင်း

27/01/2021 11:45 AM တွင် နန်းအောင် နန်းအောင် မှ ရေးသား

    စက်မှုလျှော်

  သိပ္ပံအမည် - Cannabis sativa L.

      စက်မှုလျှော်အပင်အမျိုးအစားက နေရာဒေသေတော်တော်များများစိုက်ပျိုးနိုင်သော အပင်အမျိုးအစားဖြစ်ပါတယ်။ စက်မှုလျှော်ပင်ကို ချည်မျှင်၊ အစေ့ နှင့် အစေ့ကိုကြိတ်ပြီ ဆီ အစရှိသည်တို့ကို ထုတ်လုပ်ရန်ရန်အတွက် ‌စိုက်ပျိုးကြပါတယ်။

 စက်မှုလျှော်အများဆုံးထုတ်လုပ်သေား ထိပ်တန်းခြောက်နိုင်ငံ

၁။တရုတ်

၂။ကနေဒါ

၃။အမေရိကန်

၄။ပြင်သစ်

၅။ချီလီ

၆။မြောက်ကိုရီးယား

စတဲ့ နိုင်ငံများဖြစ်ပါတယ်။ 

     တရုတ်နိုင်ငံသည် စက်မှုလျှော်ကို တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ၇၀% နီးပါးစိုက်ပျိုးကြပါတယ်။ မှတ်တမ်းများအရ တရုတ်နိုင်ငံမှာ စက်မှုလျှော်စိုက်ပျိုးထုတ်လုပ် ကြသည်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးရာနီးပါးတည်းကဟု သိရှိရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံမှာ စက်မှုလျှော်စိုက်ပျိုးထာတ်လုပ်ခြင်းကို လုပ်ဆောင်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းဒေသရှိ လူများ အစာငတ်ပြတ်ခြင်းဒဏ်ကို ကူညီကာကွယ်ပေးနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

      စက်မှုလျော်ကိုမြန်မာနိုင်ငံရဲ့ ဥပဒေကြောင့်စိုက်ပျိုးထုတ်လုပ်ရန် မဖြစ်နိုင်သေးပေမယ့် တရား၀င်စိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်နေကြတယ်လို့လည်းသိရပါတယ်။

 စက်မှုလျှော်စိုက်ပျိုးထုတ်လုပ်ခြင်း 

 မြေအမျိုးအစား

        စက်မှုလျှော်ပင်အမျိုးအစားသည် မြေတော်တော်များများတွင် စိုက်ပျိုးထုတ်လုပ်နိုင်ပါတယ်။ သို့သော် စိုက်ပျိုးရန် အကောင်းဆုံးမြေမှာ မြေချဉ်ငံဓာတ် ၆နှင့်အထက် ရှိပြီး လေ၀င်လေထွက်ကောင်းသောမြေဖြစ်ရပါမယ်။ နောက်ပြီး အစိုဓာတ်ကောင်းကောင်းရပြီး အာဟာရဓာတ်များကို ထိန်းသိမ်းနိုင်စွမ်းအားကောင်းသောမြေဆိုလျှင်ပို၍ စိုက်ပျိုးနိုင်ပါတယ်။ စက်မှုလျှော်ပင်က ရေ၀ပ်ခြင်းပြဿနာ၊ မြေကျပ်ခြင်းတို့ဖြစ်လျှင် ထုတ်လုပ်မှု၊ အထွက်နှုန်းတို့ကို ထိခိုက်နိုင်ပါတယ်။

စိုက်ပျိုးရန်မြေပြင်ခြင်း

      ပထမဆုံး‌မျိုးစေ့စိုက်ပျိုးရန်အတွက် မှုန်ညက်သော ‌ထယ်ရေးကောင်းသော ပျိုးဘောင်လိုအပ်ပါတယ်။

      မျိုးစေ့ကိုအနက် နှစ်လက်မ ထက်ပိုပြီး မြှုပ်ပိသော်လည်းကောင်း၊ ထယ်ရေးမကောင်းသောလည်းကောင်း စသည်တို့ကြောင့် ပျိုးပင်တစ်ညီတစ်ညာတည်း ရရှိရန် မဖြစ်နိုင်သဖြင့် စိုက်ပျိုးချိန်မှာ အဆင်မပြေဖြစ်တတ်ပါတယ်။ 

မျိုးစေ့စိုက်ပျိုးရန်အချိန်

      စက်မှုလျှော်စိုက်ပျိုးရန် ပျိုးသောအချိန်တွင် တောင်သူများလုပ်လေ့ရှိသော ပြက္ခဒိန်မှ ဘယ်ရက် စိုက်ပျိုးမည်ဆိုတာထက် ရာသီဥတုနှင့် မြေအခြေအနေကိုလိုက်၍ စိုက်ပျိုးသင့်ပါတယ်။

      မျိုးစေ့ကို မြေအပူချိန် ၆-၈ဒီဂရီ စင်တီဂရိတ်နှင့်အောက်ရှိနေလျှင် မစိုက်ပျိုးသင့်ပါ။ စက်မှုလျှော်စိုက်ပျိုးခြင်းမှာ ချည်မျှင်ထုတ်လုပ်မှု အတွက်ဆိုလျှင် စောစောစိုက်သင့်ပြီး အ‌စေ့ထုတ်လုပ်ရန်အတွက်ဆိုလျှင် အပင်အရပ် (ပင်ပိုင်းကြီးထွားမှု)ကိုလျော့ချရန်အတွက် နောက်ကျပြီးစိုက်ပျိုးသင့်ပါတယ်။

      ပျိုးခြံ ပိုင်ရှင်အနေဖြင့် ပျိုးပင်များကိုရောင်းချမည်ဆိုပါက ပျိုးဗန်းများဖြင့်စနစ်တကျစိုက်ပျိုးပြီး ရောင်းချနိုင်ပါတယ်။

 စက်မှုလျှော်စိုက်ပျိုးရာမှာလိုအပ်‌သော အာဟာရဓာတ်အကြောင်း

       ပျိုးပင်များကို ကွင်းထဲသို့ရွှေ့ပြောင်းစိုက်ပျိုး ပြီး ပထမ ‌၆ ပတ်မှ ၈ပတ်အတွင်း နိုင်ထရိုဂျင်ကိုစနစ်တကျကျွေးရပါမယ်။ ပန်းပွင့်ချိန်နှင့်အစေ့တည်ချိန်မှာ ပိုတက်စီယမ်နှင့် ဖော့စ်ဖရပ် လိုအပ်ပါတယ်။ စက်မှုလျှော်စိုက်ပျိုးထာတ်လုပ်ခြင်းတစ်ဧက အတွက် နိုက်ထရိုဂျင် ၁၀၀ပေါင် ၊ ပိုတက်စီယမ် ၅၂မှ ၇၀ပေါင်၊ ဖော့စ်ဖရပ် ၃၅‌မှ၅၀ပေါင် လိုအပ်ပါတယ်။ စက်မှုလျှော်စိုက်ပျိုးထုတ်လုပ်ရာမှာ ‌ကောင်းသောအချက်မှာ ပေါင်းအတွက်စိတ်ပူစရာမလိုအပ်ပါဘူး။ ဓာတုပေါင်းစတ်ဆေးများသုံးရန်မလိုအပ်ပါ။

ရိတ်သိမ်းခြင်း

        အရည်အသွေးကောင်းမွန်သော ချည်မျှင်ရရှိရန်အတွက် စက်မှုလျှော်ရိတ်သိမ်းသင့်သေ ာအချိန်မှာ အပင်တိုင်းရဲ့ နောက်ဆုံး၀တ်မှုန်ကြွေတဲ့အချိန်ဖြစ်ပြီး အစေ့အတွက်ဆိုလျှင် အစေ့ရဲ့ ၆၀ရာခိုင်နှုန်း ရင်ဘမှည့်သည့်အချိန်၊ ချည်မျှင်အတွက်ရိတ်သိမ်းချိန်ထက် လေးပတ်၊ခြောက်ပတ် နောက်ကျမှ အစေ့ကိုရရှိနိုင်မည်ဖြစ်ပါတယ်။

 အထက်ပါအချက်များကတော့ စက်မှုလျှော်စိုက်ပျိုးထုတ်လုပ်လျှင် သိထားသင့်သောအချသ်အလက်များဖြစ်ပါတယ်။

References

http://hempbenefits.org/the-key-benefits-of-hemp/

http://www.naturalfibres2009.org/en/fibres/hemp

https://en.wikipedia.org/wiki/Hemp#Fiber

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်