လွန်ခဲ့သော(၁၀)စုနှစ်မှစ၍ တစ်ဟက်တာလျှင် တစ်နှစ်မွေးမြူပါက ၆၀၀ ကီလိုမှ ၁၅၀၀ ကီလိုထွက်ရှိသော ဖိရိုးဖလာ(Extensive) မွေးမြူနည်းစနစ်မှ တစ်နှစ်လျှင် တစ်ဟတ်တာကန်မှ ၄ မက်ထရစ်တန်မှ ၆ မက်ထရစ်တန်အထိ ထွက်ရှိသော ကြီးကြပ်မွေးမြူနည်းစနစ် (Semi-Intensive)ဆီသို့ ပြောင်းလဲခဲ့ကြပြီ ဖြစ်ပါသည်။
ထို့နောက် အဆင့်မြင့်မွေးမြူနည်းစနစ်ဖြစ်သည့် Intensive ထုတ်လုပ်မှု တစ်နှစ်လျှင် တစ်ဟတ်တာကန်မှ (၁၀) မက်ထရစ်တန်မှ ၁၅ မက်ထရစ်တန်အထိ ထွက်ရှိရန် ဦးတည်နေပြီလည်း ဖြစ်ပါသည်။
ထိုကဲ့သို့ Intensive စနစ်ဖြင့် မွေးမြူမည်ဆိုပါက ငါးမွေးမြူနှုန်းထားသည် ကန်မှ ထိန်းထားနိုင်သည့် အရေ အတွက်ထက် များလာသဖြင့် ငါးများအား အာဟာရပြည့်ဝစွာ ဖော်စပ်ထားသော ပြင်ပအစာများကို မလွဲမသွေ ကျွေးမွေးရတော့မည် ဖြစ်ပါသည်။
ထိုသို့ကျွေးရန်အတွက်ဆိုပါက အစာကိုစနစ်တကျကျွေးမွေးရန်နှင့် အာဟာရပြည့်အောင် ဖော်စပ်ကျွေးမွေးရန် လိုအပ်လာမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ အပိုင်း(၁) တွင် ငါးအစာကျွေးပုံကျွေးနည်း၊ အစာကျွေးရာတွင် လိုက်နာဆောင်ရွက်သင့်သည့် 3F အကြောင်းတို့ကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှု နိုင်ပါသည်။
https://greenwaymyanmar.com/posts/Carp_fish_feeding_methods
ယခုအပိုင်း(၂) တွင် ကျန်ရှိသည့်အကြောင်းအရာများကို ဆက်လက်ဖော်ပြပေးသွားပါမည်။
ငါးအရွယ်အစားအလိုက် အစာကျွေးနည်းစနစ်နှင့် အစာကျွေးအချိန်ဇယား
ငါးအရွယ်အစားအလိုက် အစာအမျိုးအစားနှင့် ပါဝင်သောပစ္စည်းများ
အစာကုန်ကျစရိတ်လျော့ပါးစေခြင်း
ငါးစာအရည်အသွေးနှင့် ပါဝင်သောပစ္စည်းအမျိုးအစားအပေါ် မူတည်၍ မွေးမြူရေးစခန်းတွင် ပြုလုပ်သော အစာတန်ဖိုးမှာ တစ်ကီလိုလျှင် ၁၃ မှ ၁၉ ဆင့် (Cents,US) အထိ ရှိနိုင်ပါသည်။ ငါးကြီးထွားမှုကို မထိခိုက်စေဘဲ အစာ ဖိုးကုန်ကျစရိတ်ကို သိသိသာသာ ချွေတာနိုင်ရန် ရှေ့ပြေးအဆင့် အစာစမ်းသပ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုနည်းမှာ ပရိုတိန်းဓာတ် မြင့်မားသော အစာကို ၂ ရက်ဆက်တိုက် ကျွေးပြီး နောက်တစ်ရက်တွင် ပရိုတိန်းဓာတ် နိမ့်သောအစာကျွေးခြင်းဖြင့် အစာစားနှုန်းအနိမ့်အမြင့်ကို တလှည့်စီ ဖြစ်ပေါ်စေပါသည်။ ရည်ရွယ်ရင်းမှာ အစာကို မြောက်မြားစွာစားစေပြီး ၃ ရက်ခြား ရပ်တန့်၍ အသားဓာတ်နှင့် ပရိုတိန်းများကို ကျွေးမွေးရန်ပင် ဖြစ်သည်။အစာတွင် အဆီဓာတ်(Lipid)ပါဝင်နှုန်းများလာခြင်းနှင့် တပြိုင်တည်း ပရိုတိန်းပါဝင်လာခြင်း ဖြစ်စေပါသည်။
ပရိုတိန်းနှင့် စွမ်းအင်အချိုးကို ပြောင်းလဲ၍ အစာကုန်ကျစရိတ် လျှော့ချခြင်းကို အနောက်ဘင်္ဂလားပြည်နယ်ရှိ ငါးမွေးမြူရေးသမားများ ဆောင်ရွက်လျက်ရှိပါသည်။ ပရိုတိန်းမှ စွမ်းအားထုတ်လုပ်မှုကို လျော့နည်းစေခြင်းသည် ကြီးထွားနှုန်းအတွက် အကောင်းဆုံး အသုံးချစေခြင်းဖြစ်ပြီး အစာဖိုးကုန်ကျစရိတ်ကို သက်သာစေပါသည်။ ထို့ပြင် စွမ်းအင်ကြီးသော အစာများသည် နိုက်ထရိုဂျင်စွန့်ထုတ်ခြင်းကို နည်းစေသဖြင့် ရေ၏ အရည်အသွေးကို ကောင်းအောင်ထိန်းသိမ်းစေနိုင်ပါသည်။
ကြီးကြပ်မွေးမြူနည်း(Semi-Intensive) ငါးမွေးမြူရေးစနစ်တွင် ပြင်ပမှဗိုက်တာမင်များဖြည့်စွက်ရန် မလိုအပ် သလောက်ဖြစ်သောကြောင့် အစာဖိုးကုန်ကျစရိတ် လျော့နည်းစေနိုင်ပါသည်။
ငါးကြင်းမွေးမြူရေးအလားအလာ
ရေချိုငါးမွေးမြူရေးလုပ်ကိုင်သည့်နေရာ သန်းပေါင်း ၂.၂၅ ဟက်တာရှိသည့်အနက် ဧရိယာ ၄၅ ရာခိုင်နှုန်းခန့်သာ ငါးကြင်းမွေးမြူနေကြပါသည်။ မွေးမြူရေးသမားများကလည်း အဆင့်မြင့်မွေးမြူနည်းစနစ်ဖြစ်သည့် Intensive နည်းကိုသာ ဆောင်ရွက်နေကြပြီး အစာအဖြစ် ကုန်းပေါ်စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြင့် ပေါင်းစပ်ထားသော ကန်ဖြစ်အစာကို လည်းကောင်း၊ စီးပွားဖြစ် ရောင်းချနေသော ပေါင်းစပ်အစာတောင့်များကိုသော် လည်းကောင်း မှီခိုနေကြရပါသည်။
အစာကျွေးနည်းစနစ်များအား ပိုမိုထိရောက်စေရန် ကြံဆောင်ပေးခြင်းဖြင့် အစာမှ အသားပြောင်းလဲနှုန်း(FCR) မြင့်မားလာစေပြီး အစာအတွက်ကုန်ကျစရိတ်များ လျော့ပါးစေမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။