ကန်အတွင်း မြေဩဇာထည့်သွင်းခြင်းနှင့် ရေအရည်အသွေးစစ်ဆေးခြင်း
(က) မြေဩဇာထည့်ရန်အချိုးအဆ (ဂ) မြေဩဇာထည့်ရမည့်အချိန် နေသာသောနံနက်ပိုင်းတွင် ရေတိမ်ရေစပ်များတွင် ရေတွင်ဖျော် ထားသော မြေဩဇာများကို ပက်ဖြန်းပေးရမည်။
(ဃ) မြေဩဇာထည့်ရန် စဉ်းစားရမည့်အချက်များ - ရှေးတွင် ဖော်ပြထားပြီးဖြစ်သည်။
(၄) ရေအရည်အသွေးစစ်ဆေးခြင်း
(က) ရေအနက်
- ငါးမွေးကန်ရေအနက်သည် ၄ပေ မှ ၆ပေအတွင်း ရှိသင့်ပါသည်။ ကန်အတွင်း အချို့နေရာများတွင် ရေ အနက်ပိုမိုပါက သင့်တော်ပါမည်။ ရေအနက် သုံးပေအောက်ရှိပါက ရေအပူချိန်မြင့်မားလာစေရန် လွယ်ကူပြီး ရေတွင်ပျော်ဝင်လျက်ရှိသော အောက်ဆီဂျင် လျော့နည်းစေပြီး pH မှာလည်း အက်ဆစ် အသွင် ကူးပြောင်းခြင်းကိုဖြစ်စေခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက်ရေတွင်ပျော်ဝင်မှု မြင့်မားခြင်း ဖြစ်စေ နိုင်ပါသည်။
(ခ) ရေကြည်ခြင်း၊ ရေနောက်ကျိခြင်း
- ကန်ရေနောက်ကျိခြင်း သို့မဟုတ်ရေမျက်နှာပြင်တွင် ရေမှော်ရေညှိများ ဖုံးလွှမ်းခြင်းရှိပါက ကန်ရေ တွင် အောက်ဆီဂျင်ပျော်ဝင်မှု လျော့နည်းစေပါသည်။ ပုံမှန်အားဖြင့် ကန်ရေကြည်နှုန်းမှာ (၁၀ -၁၂) လက်မ(သို့မဟုတ်) (၂၅-၃၀) စင်တီမီတာအတွင်းရှိပါက သက်ရှိအစပေါက်ပွားမှုပုံမှန်ရှိနေကြောင်း ဖော်ပြလျက်ရှိပါသည်။ ငါးကန်ရေသည် နောက်ကျိမနေသင့်ပါ။
(ဂ) နေရောင်ခြည်ရရှိခြင်း
ကန်ရေပြင်သို့ နေရောင်ခြည်ကောင်းစွာရရှိရန် ကန်ဘောင်တွင် သစ်ပင်ကြီးများ အုပ်ဆိုင်းခြင်းမရှိရန် ဆောင်ရွက်ရပါမည်။ သစ်ပင်ကြီးများ ရှိနေပါက အကိုင်းအခတ်များကို ဖယ်ရှားရပါမည်။
(ဃ) ငါးကန်ရေအပူချိန်
- ငါးမွေးထားသောကန်ရေအပူချိန်မှာ ၂၈ ဒီဂရီစင်တီဂရိတ် မှ ၃၂ ဒီဂရီစင်တီ ဂရိတ်တွင်း ရှိသင့်ပါသည်။ ရေအပူချိန်၃၅ ဒီဂရီစင်တီဂရိတ်အထက် (သို့မဟုတ်) ၁၀ဒီဂရီစင်တီဂရိတ် မှ ၁၂ ဒီဂရီစင်တီဂရိတ်အောက်တွင်ငါးများ ပုံမှန်သက်ရှင်ကြီးထွားမှု မရှိနိုင်ပါ။၊
(င) ပျော်ဝင်အောက်ဆီဂျင်
- ရေတွင်ပျော်ဝင်လျက်ရှိသော အောက်ဆီဂျင်ပမာဏမှာ ရေတစ်လီတာတွင် ၅မီလီဂရမ် မှ ၈ မီလီ ဂရမ် သို့မဟုတ် ၅၈ ppm ရှိပါက မွေးမြူထားသောငါးများ ပုံမှန်သက်ရှင်ကြီးထွားမှု ရှိပါသည်။ ရေတစ်လီတာတွင် ပျော်ဝင်သောအောက်ဆီဂျင် ၃ မီလီဂရမ် သို့မဟုတ် ၃ ppm အောက် လျော့နည်း ပါက ငါးများအတွက် အောက်ဆီဂျင် လုံလောက်စွာမရနိုင်သဖြင့် ရေပေါ်တွင် မျောပါကူးစက်ခြင်း၊ သေဆုံးသည့်အထိဖြစ်ခြင်းများ တွေ့ရှိရမည်ဖြစ်ပါသည်။ ငါးကန်ရေတွင် သက်ရှိအစာ အစိမ်းရောင် မျှောလှေးများ အလွန်အကဲပွားများသဖြင့် ဩဂဲနစ်ဒြပ်ပေါင်းများ ပြိုကွဲခြင်း၊ ရေအလွန်နောကကျိခြင်း ကြောင့် ငါးကန်ရေတွင် ပျော်ဝင်အောက်ဆီဂျင် လျော့နည်းစေနိုင်ပါသည်။
(စ) ရေတွင် အယ်ကာလီ(ဓာတ်) ပါဝင်မှု
- ရေတွင်မဂ္ဂနီဆီယမ်ကာဗွန်ဒိုင် သို့မဟုတ် ဘိုင်ကာဗွန်နိတ်နှင့် ထုံးဓာတ်ပါဝင်မှုကို ဖော်ပြခြင်း ဖြစ်ပါ သည်။ ငါးကန်ရေတွင် အယ်ကာလီပါဝင်မှု (၈ဝ မှ ၁၂၀) ppm ရှိသင့်ပါသည်။
(ဆ) ရေ၏ pH
- ငါးမွေးမြူရန် သင့်တော်သောရေ၏ pH မှာ(၇၈၅) ဖြစ်ပါသည်။ pH နိမ့်ခြင်း၊ မြင့်ခြင်းများကြောင့် ငါးကန်ရေတွင် သဘာဝအတပေါက်ပွားမှုမရှိခြင်း၊ မွေးမြူထားသောငါးများတွင် ရောဂါဖြစ်ပွားမှု ခံနိုင် ရည်အား ကျဆင်းခြင်း၊ ငါးများအစာစားမှုမရှိခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
(ဇ) ကာဗွန်ဒိုင်အောက်ဆိုဒ်
- ငါးကန်ရေတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ပျော်ဝင်မှုသည် ၁၀ကီလိုဂရမ်/လီတာ (သို့မဟုတ်) ၁၀ ppm အောက်နည်းရန် လိုအပ်ပါသည်။ ရေတွင်ပျော်ဝင်သော ကာဗွန်ဒိုင်အောက်ဆိုဒ် များလာသည်နှင့်အမျှ အောက်ဆီဂျင်ရေတွင် ပျော်ဝင်မှုမှာ လျော့နည်းလာမည်ဖြစ်ပါသည်။
(ဈ) အမိုးနီးယား
- ငါးကန်ရေတွင် အမိုးနီးယားပါဝင်မှု ဝ.ဝ၂၅ ppm သို့မဟုတ် ဝ.ဝ၂၅မီလီဂရမ်/ လီတာ ရှိပါက မွေးမြူထားသောငါးများကို သေစေနိုင်ပါသည်။
(ည) ဟိုက်ဒရိုဂျင်
ငါးကန်ရေတွင် ၀.၀၀၂ ppm သို့မဟုတ် ဝ,ဝဝ၂ မီလီဂရမ်/လီတာ ပါဝင်ပါက ငါးများကို သေစေနိုင်ပါ သည်။
(၄) ရေအရောင်အသွေး
ရေအရောင်အသွေး၊ သဘာဝအစာဖြစ်ပေါ်မှုနှင့် ငါးမွေးမြူရန် သင့်တော်သော ရေအမျိုးအစားကို အောက်ပါဇယားဖြင့် ဖော်ပြထားပါသည်။ ရေအရည်အသွေးထိန်းသိမ်းနိုင်ရန်အတွက်ပြုလုပ်ရမည့်အချက်များ
- အပတ်စဉ် ရေ၏ pHအား တိုင်းတာမှုပြုလုပ်ခြင်း၊ pH အရည်အသွေး ၇ မှ ၈.၅ ကြားတွင် ရှိရမည်။
- မွေးမြူရေးကန် အစိမ်းရင့်ရောင်ဖြစ်ပါက ဓာတ်မြေဩဇာအသုံးပြုမှုအား ရပ်ရမည်ဖြစ်သည်။
World Fish
my tun
လွန်ခဲ့သော ၉ လ ကhi
ခူးအောင်မို့ကြည်
လွန်ခဲ့သော ၃ နှစ် ကရေက အနီရောင် ဖြစ်ချင်နေတယ် အဲတာ ဘယ်လိုလုပ်ရမာလဲမသိဘူး
စောလာအယ်ထူ
လွန်ခဲ့သော ၄ နှစ် ကhi
အောင်ကျော်
လွန်ခဲ့သော ၆ နှစ် ကhi
နည်းပညာမိတ်ဖက်အဖွဲ့
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • ဖြေကြားချက် 1 ခု
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • ဖြေကြားချက် 3 ခု
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • ဖြေကြားချက် 1 ခု
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • ဖြေကြားချက် 1 ခု
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026