"ငါးသိုင်းငါး(Catla Catla)"

28/09/2020 11:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ငါးသိုင်းဟု လူသိများသော ငါးသိုင်းခေါင်းပွငါးများသည် အရိုးများသော်လည်း အရသာရှိလှသော ရေချိုငါးဖြစ်သည်။ တချို့က ငါးသိုင်းငါးနှင့် ငါးခေါင်းပွငါးကို တစ်မျိုးတည်း ဟု ယူဆကြသည်။ သို့သော် မျိုးစိတ်ချင်းမတူကြပေ။ ငါးသိုင်းမျိုးမှာ ငါးကြင်း(mrigal fish)အုပ်စုတွင် ပါဝင်ပြီး ငါးခေါင်းပွမှာ ငါးပုတ်သင်(croaker)အုပ်စုတွင် ပါဝင်ကြပါသည်။

     ငါးသိုင်းခေါင်းပွငါး ( Catla Catla) မှာ ဦးခေါင်းအနည်းငယ်ကြီး၍ ကိုယ်လုံးမှာ အနည်းငယ်ပြားသည်။ အမြီးခွ စောက်နက်သည်။ ပါးစပ်ပေါက်ကျယ်၍ အောက်မေးရိုး ထင်ရှားပေါ်လွင်သည်။ အောက်နှုတ်ခမ်းသည် အပြင်သို့ လန်ထွက်နေ၏။ အထက်နှုတ်ခမ်းမရှိ။ နှုတ်ခမ်းမွှေးလည်း မပါချေ။

     ငါးသိုင်း၏အရောင်သည် ကျောပိုင်းတွင် မွဲပြာရောင်ဖြစ်ပြီး ဘေးဘက်တွင် ငွေရောင်ပေါက်နေသည်။ ဝမ်းဗိုက်ပိုင်းသည် ဖြူ၏။

      ငါးသိုင်းငါးကို အင်္ဂလိပ်လို South Asian Carp(ခေါ်) Carp Fish ဟု ခေါ်ကြပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်နိုင်ငံ တို့တွင်လည်း တွေ့ရှိရသည်။

     ငါးသိုင်းငါးကို ' ငါးသိုင်းများ…… ဟင်းဟုံ' ဟူသော မြန်မာစကားပုံလည်း ရှိပါသည်။ အဓိပ္ပါယ်မှာ ဟင်းသီးဟင်းရွက်ချက်ရာတွင် ငါးသိုင်းငါးကျပ်တင်ကို သင့်ရုံခပ်လျှင် အရသာရှိလှသော်လည်း အလွန်အကျွံခပ်လျှင် ဟင်း၏ မူလအရသာပျက်သွားတတ်ပုံကို ဆိုလိုခြင်းဖြစ်ပါသည်။

     ငါးသိုင်းခေါင်းပွငါးမှာ မွေးမြူသင့်သော ငါးအမျိုးအစားတွင် ပါဝင်ပါသည်။ ကန်ရေမျက်နှာပြင်အထက်ပိုင်းတွင် နေထိုင်ကျက်စားလေ့ရှိကြပြီး ကန်အတွင်းရှိ အပင်မျှော၊ အကောင်မျှောလေးများကို စားလေ့ရှိကြသည်။ ဖွဲနု၊ ပဲဖတ်၊ ဝါဖတ်များကိုလည်း ကျွေးရပါသည်။

     ငါးသိုင်းခေါင်းပွ()ဧကကန်တွင် ငါးသားပေါက်ကောင်ရေ(၃၀၀၀)ထည့်ပါက ()နှစ်အကြာတွင် (၇၅)ပိဿာခန့် ရရှိနိုင်ကြောင်း သိရပါသည်။ အလေးချိန်(၆၅)ကျပ်သားရှိ ငါးသိုင်းငါးမသည် ဥပေါင်း(၂၅၀,၀၀၀)ဥ ဥနိုင်ကြောင်းသိရပါသည်။

     ငါးသိုင်းငါးကို မွေးမြူရာတွင် ငါးသိုင်းမှာ ငါးခေါင်းပွငါးထက် ကြီးထွားနှုန်း နှေးသော်လည်း ငါးမြစ်ချင်းထက် ကြီးထွားနှုန်း ပိုကောင်းပါသည်။

     ဒေသခံများမှာ ငါးသိုင်းကို ဆီပြန်ဟင်း၊ ငါးသိုင်းငါးကင်/ ကျပ်တိုက်၊ ငါးသိုင်းအကြွပ်ကြော်၊ ငါးသိုင်းချိုချဥ် စသဖြင့် ချက်စားကြပါသည်။ ငါးသိုင်းနဲ့ ဖလံတောင်ဝှေးကို ရောပြီး ချက်စားပါက သွေးဝမ်းရောဂါကို ပျောက်ကင်းစေကြောင်း မှတ်ရဖူးပါသည်။

ငါးသိုင်းငါးကို -

  Phylum (မျိုးပေါင်းစု)- Chordata

 Class(အမျိုးအစား) - Actinopterygii

 Order(မျိုးစဥ်)- Cypriniformes

 Family(မျိုးရင်း) - Cyprinidae

Genus(မျိုးစု - Labeo

 Species(မျိုးစိတ်) - Labeo Catla ဟူ၍ သိရပါသည်။

ပင်လယ်ပြာ (ငါးဦးစီး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်