ပဲတီစိမ်း၊ မတ်ပဲ ဆာကိုစပိုရာရွက်​ပြောက်​ရောဂါ ကာကွယ်နှိမ်နင်းနည်း

22/12/2022 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား
  • မြန်မာအမည်   = အရွက်​ပြောက်​ရောဂါ
  • အင်္ဂလိပ်အမည်= Cercospora leaf spot
  • သိပ္ပံအမည်      = Cercospora canescens

မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးမှာ ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ မတ်ပဲသီးနှံကို ​ စိုက်ဧက အများအပြား စိုက်​လေ့ရှိကြပါတယ်။ ဒီနှစ်ဆောင်းမှာတော့ အချိန်အခါမဲ့ မိုးရွာသွန်းမှုများ​ကြောင့် ရန်ကုန်တိုင်းနဲ့ အချို့​ဒေသ​တွေမှာ ပဲစိုက်​တောင်သူများ က​မောက်ကမ ဖြစ်​ခဲ့ရပါတယ်။

စိုက်ပြီး အပင်ငယ်မိုးမိ/ရေဝပ်ခြင်း၊  ဖျက်ပြီးပြန်စိုက်ရခြင်း၊ စိုက်ချိန်​နောက်ကျခြင်း၊ ထွန်​ရေး​ကောင်းစွာမပြင်နိုင်ခြင်း စတဲ့ အခက်အခဲများစွာ ကြုံတွေ့​ခဲ့ရပါတယ်။

​နောက်ဆက်တွဲ ပြဿနာကတော့ ပဲတီစိမ်း၊ မတ်ပဲခင်း​တွေမှာ ရွက်​ပြောက်​ရောဂါ အဖြစ်များလာတာ​တွေ့ရတာပါပဲ။ ဒါကြောင့် ဒီရောဂါဖြစ်လာရင် ဘယ်လိုကာကွယ်ကုသသင့်သလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။

​ရောဂါဖြစ်စဉ်အကျဉ်းနဲ့ လက္ခဏာ

ရွက်​ပြောက်​ရောဂါ ဆို​ပေမဲ့ ​အော်တာ​နေရီးယားရွက်​ပြောက်၊ ဆာကိုစပိုးရားရွက်​ပြောက် စသဖြင့် အမျိုးမျိုးရှိကြသလို ဆာကိုစပိုးရာရွက်​ပြောက်ရောဂါမှာကိုပဲ သီးနှံအလိုက် မျိုးစိတ်​တွေ များစွာ ကွဲပြားခြားနားကြပါသေးတယ်။

Cercospora ဆိုတာ..

Cerco ဆာကိုနဲ့ Spore စပိုး နဲ့ ​ပေါင်း​ခေါ်ကြတာပါ။

Cerco ဆိုတာ လက်တင်ဘာသာ ဆာကယ်လ်(စက်ဝိုင်းပုံ)လို့ ​ခေါ်ပြီး၊

Spora(စပိုး= ကပ်ပါးမှို)လို့ အဓိပ္ပာယ်ရပါတယ်။

ဒါ​ကြောင့်...Cercosporaဆိုတာ...

"စက်ဝိုင်းပုံ အစက်အ​ပြောက်မှို​ရောဂါ " လို့ ​မြန်မာလိုအဓိပ္ပာယ်ယူနိုင်ပါတယ်။

သီးနှံအမျိုးအစားလိုက်ပြီး ဆာကိုစပိုရာ မျိုးစိတ်​တွေ ကွာခြားပါတယ်။

ဥပမာ..

  • သကြားမုန်လာမှာ...Cercospora beticola,
  • ငရုတ်ရွက်​ပြောက်​ရောဂါမှာ... Cercospora capsici
  • မုန်ညင်း၊ မုန်လာမှာ... Cercospora nasturtii
  • ​မြေပဲရွက်​ပြောက်မှာ... Cercospora arachidicola

စသဖြင့်ကွဲပြားခြားနားကြပါတယ်။

ရောဂါလက္ခဏာ

ပဲတီစိမ်း၊ မတ်ပဲ သီးနှံမှာ​တော့..

  • Cercospora canescens လို့ ခေါ်တဲ့ မျိုး​စေ့​ဆောင်မှို(seed borne) ​ကြောင့် ဆာကိုစပိုရာရွက်​ပြောက်​ရောဂါဖြစ်​စေတာပါ။
  • ​အောက်ရွက်​တွေ​ပေါ်မှာ အညို​ရောင်အစက်အ​ပြောက်​လေး​တွေနဲ့ အဝါ​ရောင်နှုတ်ခမ်း နားသတ်ပုံစံ ​တွေ့ရပါတယ်။
  • မိုးကြီးရွာပြီး ​နောက်ရက်​တွေမှာ မြေကြီးထဲက မှိုစပိုး​တွေက မိုး​ရေ​ပေါက်​တွေကတဆင့် အရွက်ရဲ့ တစ်သျှူးသားထဲ ထိုး​ဖောက်ဝင်​ရောက်ပါတယ်။
  • ရာသီဥတု စွတ်စိုချိန်ကြာ​လေ ရောဂါတိုးပွား​လေဖြစ်ပြီး ဆာကိုစပိုး​တွေ တခုနဲ့တခု ဆက်မိပြီး အရွက်တခုလုံး မဲ​ခြောက်သွားတတ်ပါတယ်။

မည်သို့ပင်ဆို​စေကာမူ...

  • အရွက်​ပေါ် ဒဏ်ရာဖြစ်​ပေါ်ခြင်းသည် အစာချက်အားနည်းပြီး အပင်မကြီး၊ အသီးမသီးနိုင်ဘဲ သီးနှံအထွက်နှုန်း၊ အရည်အ​သွေးကို များစွာထိခိုက်​စေပါတယ်၊
  • ​ရောဂါပြလက္ခဏာမှာ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် သီးနှံ​ပေါ်မူတည်ပြီး အစက်အ​ပြောက်အရွယ်အစား အကြီးအ​သေး ကွာခြားတတ်ပါတယ်။
  • ပဲပုပ်သီးနှံမှာဆိုရင်တော့  သံ​ချေး​ရောဂါလက္ခဏာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။
  • ဆာကိုစပိုရာရွက်​ပြောက်​ရောဂါ ဆို​ပေမဲ့ တကယ်ဆိုးရွားလာရင် ရိုးတံ​တွေ၊ အသီး​တွေ၊ အ​စေ့အဆန်​တွေမှာ​တောင် အမဲစက်/အညိုစက်​တွေ ​တွေ့ရတတ်ပြီး တ​ဖြည်းဖြည်း အပင်ကျသွားနိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း

  • ရောဂါကင်း​သော မျိုး​စေ့ကို အသုံးပြုပါ။
  • ရွက်​ပြောက်​ရောဂါ ခံနိုင်​သော၊ မျိုး​ကောင်း/သန့် သုံးပါ။
  • မစိုက်မီ မျိုး​စေ့ကို မျိုးလူး​ဆေး(ဂရိုးမက်စ်/အင်​ဒေါင်း)အသုံးပြုပါ။
  • အတန်းလိုက်စိုက်စနစ် စိုက်ခြင်းသည်၊​လေဝင်​လေထွက်​ကောင်းပြီး ရောဂါကျ​ရောက်မှု သက်သာ​စေပါတယ်။
  • ပေါင်းမြက်များကို ကြိုတင်ကာကွယ်ပါ။

​အော်ဂဲနစ်နည်းဖြင့်ကာကွယ်ခြင်း

  • ပန်းသီးက​ဇော်ရည်(Apple cider venigor)ကဲ့သို့ သစ်သီးအချဉ်ဖောက်အရည်များကို ​ရေတဂါလံ ၅၀ စီစီနှုန်း
  • နွားနို့(တိရစ္ဆာန်နို့) ကို ​ရေတဂါလံမှာ ၅၀ စီစီနှုန်း
  • တမာဆီကို ​ရေတဂါလံ  ၂၀ စီစီနှုန်း
  • ဟိုက်ဒြိုဂျင်ပါ​အောက်ဆိုဒ် ၃% ကို ​ရေတဂါလံ ၅ စီစီနှုန်း

စသဖြင့် ဖျန်းပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

​(မှတ်ချက်။ နေပူချိန်မဖျန်းရ)

ဓာတုမှိုသတ်​ဆေး အသုံးပြုနှိမ်နင်းခြင်း

 

  • ကလိုရိုသာလို​နေးလ်
  • သိုင်အိုဖီနိတ်မီသိုင်း
  • ပရိုပီကိုနာဇိုးလ်
  • ကော့ပါးဟိုက်​ဒြောက်ဆိုဒ်/​အောက်ဆီကလိုရိုဒ်

စတဲ့ မှိုသတ်​ဆေးတမျိုးမျိုးဖြင့် အသုံးပြုနှိမ်နင်းနိုင်ပါတယ်။

စေတနာများစွာဖြင့်

ဒို့ဦး​လေး

Ref>>>How to Treat Cercospora Leaf Spot Organically.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်