ညွန်လူးကျွဲနှင့် ရေစိမ်ကျွဲတို့၏ ကွဲပြားသောလက္ခဏာများ

21/01/2022 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ညွန်လူးကျွဲတို့သည် မြန်မာကျွဲအမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျွဲကိုမြစ်ဝကျွမ်းပေါ်ဒေသနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးအသုံးပြုကြသည်။ ညွန်လူးကျွဲများသည် ရွှံ့ညွန်ထူထပ်သောဒေသများတွင် နေထိုင်ပေါက်ဖွားကြသည်။ ရေစိမ်ကျွဲများမှာ မြစ်ချောင်းဒေသများနှင့် မြစ်ဝှမ်းလွင်ပြင်များကို နှစ်ခြိုက်ကြပြီး သန့်ပြန့်သည့်ရေကို ပို၍သဘောကျသည်။ ရေစိမ်ကျွဲများသည် မွေးမြူသူတို့အတွက် မျိုးမြှင့်သားစပ်မှုနှင့် မျိုးကောင်းမျိုးသန့်ရွေးချယ်မွေးမြူခြင်းခံရသဖြင့် ဦးချိုပုံသဏ္ဍာန် အမျိုးမျိုးနှင့် နို့ထွက်ပိုကောင်းလာသည့်မျိုးသစ်များရရှိလာသည်။ ညွန်လူးကျွဲမျိုးမှာမူ ကျွဲရိုင်းတို့၏ ဦးချိုပုံသဏ္ဍာန်အတိုင်းရှိနေပြီး နို့ထွက်နည်းပါးသည်။ သို့သော် ရေစိမ်ကျွဲနှင့် ညွန်လူးကျွဲများအတူ မွေးမြူခြင်းဖြင့် ကပြားမျိုးများ ဖြစ်ထွန်းလာခဲ့သည်။

ညွန်လူးကျွဲတို့၏လက္ခဏာများမှာ ခန္ဓာကိုယ်ကြီးမားတောင့်တင်း၍ အလျားတိုသည်။ ဝမ်းဗိုက်မှာမူ ကြီးမားဖောင်းကားလျက်ရှိသည်။ နဖူးပြား၍ မျက်လုံးအိမ်များ ထင်ရှားသည်။ မျက်နှာတိုပြီး နှာပေါက်များကျယ်သည်။ လည်တံအနည်းငယ်ရှည်ပြီး ဘို့စောင်းမှာထင်ရှားပေါ်လွင်သည်။ ခြေလက်များမှာ သေးငယ်ပြီးတိုသည်။

ရေစိမ်ကျွဲတို့မှာ ကိုယ်ထည်နှင့် မျက်နှာပိုရှည်လျားကြပြီး ရင်အုပ်သေးငယ်သည်။ ခြေထောက်များမှာ တုတ်ခိုင်ပြီးရှည်လျားသည်။ တင်ပါးနှင့် မြီးညှောင့်ရိုးမှာ ပို၍ထင်ပေါ်သည်။ အထီးသည် အမထက်မျက်နှာသွယ်ပြီး ဦးချိုများသေးသွယ်ရှည်လျားသည်။

ညွန်လူးကျွဲတို့သည် ပုံပန်းသဏ္ဍာန်အရ ကွဲပြားမှုမသိသာချေ။ ညွန်လူးကျွဲများသည် ရွှံ့ညွန်အင်းများတွင် လည်ပင်းနှစ်၍ စိမ်နေလျှင် အလွန်ကျနပ်ကြသည်။ နေပူပြင်းသည့်ရာသီတွင် နေ့လည်ပိုင်းတွင် ညွန်၌စိမ်နေတတ်ပြီး နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အစာစားလေ့ရှိကြသည်။ ရေစိမ်ကျွဲတို့မှာသန့်ပြန့်သည့်ရေရှိနေပါက ရွှံ့ညွန်အတွင်းသို့ ရုတ်တရက်ဆင်းမည်မဟုတ်ပေ။ ညွန်လူးကျွဲတို့သည် ရေစိမ်ကျွဲတို့ထက် သန္ဓေဆောင်ရက်နှစ်ပတ်ခန့်ပိုကြာတတ်သည်။

နည်းပညာများကို အောင်ဝင်းထွဋ်၏ “ကျွဲ၊ နွား မွေးမြူနည်းနှင့် ရောဂါကုသနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်